လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, February 10, 2014

အရက်မူးနေတဲ့ အဖေ ကားပေါ်မှာ မေ့ကျန်ခဲ့တဲ့ ၅ လသား ကလေးငယ်လေးအတွက် ကူညီပေးကြပါ

Photo: အရက်မူးနေတဲ့ အဖေ ကားပေါ်မှာ မေ့ကျန်ခဲ့တဲ့ ၅ လသား ကလေးငယ်လေးအတွက် ကူညီပေးကြပါ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ဘားအံ-မော်လမြိုင်ကို နံနက် ၁၀ နာရီကစပြီး ထွက်လာတဲ့
ကားပေါ်မှာ အသက် ၅ လ ၆ လလောက်ပဲရှိသေးတယ် လသားငယ်ကလေးတစ်ဦး ကောက်ရထားကြောင်း
သိရှိရပါတယ်။ အဆိုပါ ကလေးငယ်ဟာ အရက်မူးနေတဲ့ဖခင်ဖြစ်သူနဲ့ အတူပါလာတာလို့ ဆိုပါတယ်။ သံလွင်တံတားလမ်းဆုံမှာ အရက်မူးနေတဲ့ ဖခင်ဖြစ်သူက ကလေးငယ်ကို မေ့ပြီး တစ်ယောက်တည်း ဆင်းသွားပါတယ်။ ကားသမားကလည်း အဖေတစ်ယောက်တည်းထင်ပြီး ချပေးလိုက်တာပါ။ ကားပေါ်မှာ ကျန်ခဲ့တဲ့ ကလေးကို ဦးဆန်းဦးက ထိန်းသိမ်းထားပြီး ဖခင်အနေနဲ့ လာရောက်ပြန်လည်ခေါ်ဆောင်ဖို့ လိုအပ်လျက်ရှိပါတယ်။

ဒီသတင်းကို ဖတ်မိသူတွေအနေနဲ့လည်း အချင်းချင်းမျှဝေပေးပြီး ကူညီကြဖို့ မေတ္တာရပ်ခံပါတယ်။ အဖေဖြစ်သူအနေနဲ့ ကလေးကို ပြန်လည်ခေါ်ဆောင်ဖို့ လိပ်စာကတော့

ပြည်ထောင်စု တောင်ပြလမ်း၊ သိရိဈေးရှေ့၊ ၂၀၁ ဂိတ်ထဲ၊ ဘားအံမြို့၊
ကလေးစောင့်ရှောက်သောမိသားစု
ဦးစန်းဦး၊ ဒေါ်မိမိ မိသားစု ဖြစ်ပါတယ်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..