တရားမ၀င်
တင်သွင်းပြီး စီးနင်းအသုံးပြုနေသည့် ဆိုင်ကယ်များကို အခွန်ပေးဆောင်သော
တရားဝင်လိုင်စင်များ ချထားခွင့်ပြုပေးဖွယ်ရှိကြောင်း
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။““လုပ်နိုင်ခြေတော့ရှိတယ်။ ဒါပေမဲ့ ခုချိန်ထိတော့ တရားဝင်
ဘာမှတိတိကျကျညွှန်ကြားလာတာမျိုးမရှိသေးဘူး””ဟု
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး
ဦးသိန်းဦးက မော်တော်ဆိုင်ကယ်များ လိုင်စင်ချထားနိုင်မှုရှိ၊ မရှိနှင့်
ပတ်သက်၍ ပြောသည်။တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် တပ်ဆင်ထုတ်လုပ်ပြီး
တရားဝင်အခွန်ငွေပေးဆောင်ခြင်းမရှိဘဲ ပြည်တွင်းတွင် စီးနင်းအသုံးပြုနေသော
ဆိုင်ကယ်များကို လာမည့် ဖေဖော်ဝါရီ တတိယပတ်အတွင်း တရားဝင်လိုင်စင်များ
ချထားပေးမည်ဟု လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သတင်းများ ထွက်ပေါ်နေသော်လည်း
ယင်းစီမံချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ကြားသိရခြင်းမရှိသေးကြောင်း
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက
ပြောသည်။
ဆိုင်ကယ်များကို အခွန်ငွေ ပေးဆောင်စေကာ တရားဝင် လိုင်စင်ချထားပေးခြင်းဖြင့်
သက် ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည် နယ်များအတွက် ဘဏ္ဍာငွေရရှိ
စေမည်ဖြစ်သည်။ ထို့အပြင် တရားဝင်မှတ်ပုံတင်ချပေးသည့်အတွက်
ယာဉ်တိုက်မှုဖြစ်ပွားခြင်းနှင့် အရေးယူရန်လိုအပ်သည့်ကိစ္စရပ်များတွင်
စနစ်တကျဖြစ်လာနိုင်မည်ဟု ဦးသိန်းဦးက ပြောသည်။
လက်ရှိအချိန်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ဆိုင်ကယ်အရေအတွက်
နှစ်သောင်းကျော်ခန့် ကျန်ရှိနေသေးကြောင်း မန္တလေးတိုင်းဒေသကြီး
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ မှတ်တမ်းများတွင်
ဖော်ပြထားသည်။ လိုင်စင်မဲ့ ဆိုင်ကယ်များ တရားဝင်လိုင်စင်ချထားပေးခြင်းကို
၁၉၉၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အ တွင်း (၇)ကြိမ် ပြုလုပ်ပေးခဲ့သည်။ လိုင်စင်များ
ချထားပေးမည်ဟူသော သတင်းကြောင့် မန္တလေးမြို့ဈေးကွက်တွင် ထိုင်းနိုင်ငံလုပ်
မော်ဒယ်မြင့်ဆိုင်ကယ်အချို့ အရောင်းအ၀ယ်အေးသွားပြီး တရုတ်နိုင်ငံထုတ်
လိုင်စင်မဲ့ဆိုင်ကယ်များမှာမူ ရက်ပိုင်းအတွင်း သိသာစွာခေါ်ဈေးမြင့်ကာ
အရောင်းအ၀ယ်ဖြစ်လာကြောင်း မန္တလေးမြို့ ဆိုင်ကယ်ဈေးကွက်မှ သတင်းရရှိသည်။
ဆိုင်ကယ်များ တရားဝင်လိုင်စင်ချထားပေးလျှင်
ဆိုင်ကယ်ဈေးနှုန်းကျဆင်းခြင်းနှင့် ပြည်သူလူထုအဆင်ပြေစေနိုင်သော်လည်း
တရားဝင်အခွန်ဆောင်ကာ ပြခန်းဖွင့်လှစ်ရောင်းချနေသည့် ကုမ္ပဏီများမှာ
အနည်းငယ်ဆုံးရှုံးမှုရှိနိုင်ကြောင်း ဆိုင်ကယ်ဝယ်ရောင်းလုပ်ကိုင်သူများက
ပြောသည်။
Author: မောင်တာ
7day Daily
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment