ပုံမှန်အားဖြင့် ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် ၄င်းတို့ဆိုင်ကယ်မောင်းနှင်နေစဉ် အတွင်း ဆိုင်ကယ်စီးဦးထုပ်အား
ဆောင်းထားပါက အနောက်ဘက်နှင့်ဘေးဘက်တို့အား မြင်တွေ့နိုင်မည်မဟုတ်ပေ။
သို့သော်ယခုအခါ Silicon Valley Company အနေဖြင့် Skully ၊သို့မဟုတ် AR-1
ဟုခေါ်သော ဆိုင်ကယ်စီးဦးထုပ်အား တီထွင်ထုတ်လုပ်ခဲ့ပြီး ၄င်းဦးထုပ်တွင်
Heads-up Display တပ်ဆင်ထားကာ နောက်ကျောဘက်နှင့် ဘေးဘက်တို့အား
ကြည့်ရှုနိုင်ရန် အသံဖြင့် ထိန်းချုပ်အမိန့်ပေးနိုင်သည်ဟု သိရပါသည်။
Skully AR-1 ဦးထုပ်သည် မျက်နှာပြင်၏ ညာဘက်အောက်ခြေထောင့်တွင် Android-driven HUD Display တပ်ဆင်ထားပြီး အဆိုပါ Display အနေဖြင့် GPS လမ်းညွှန်ခြင်းစနစ်များ၊ မြေပုံများကိုလည်း ဖော်ပြနိုင်ပါသည်။ GPS ဖော်ပြသည့်စနစ်တွင် ၂ မျိုးပါဝင်ပြီး တစ်မျိုးမှာ သာမန် ဘယ်ညာမောင်းနှင်ရန် ပြသသည့်စနစ်ဖြစ်ပြီး နောက်စနစ်တစ်ခုမှာ ပိုမိုရှုပ်ထွေးသောအခြေအနေများအတွက် ဖော်ပြပေးမည် ဖြစ်ပါသည်။
ဦးထုပ်တွင်ပါဝင်သော အာရုံခံစနစ်အနေဖြင့် နောက်ကျောဘက်မြင်ကွင်းအား ၁၈၀ ဒီဂရီမြင်ကွင်းအား တွေ့မြင်နိုင်မည်ဖြစ်သောကြောင့် မောင်းနှင်သူအနေဖြင့် မိမိစိတ်ကြိုက်လှုပ်ရှားမောင်းနှင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဦးထုပ်တွင် အရှိန်နှုန်းတိုင်းစနစ်၊ ဦးတည်ရာထိန်းသိမ်းသည့်စနစ်၊ အပူချိန်ပြသသည့်စနစ်နှင့် သံလိုက်အိမ်မြှောင်တို့ပါဝင်ပါသည်။ ဦးထုပ်အနေဖြင့် ပေါ့ပါးကာ မတော်တဆအန္တရာယ်ဖြစ်ခြင်းမှ ထိခိုက်မှုကိုလည်း ကောင်းစွာကာကွယ်နိုင်သည်ဟု သိရပါသည်။
ဦးထုပ်အား မကြာခင်ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ပြီး တစ်လုံးလျှင် ဒေါ်လာ ၁၀၀၀ ခန့်ရှိမည်ဟု ဆိုသည်။ မြန်မာနိုင်ငံမှ ဆိုင်ကယ်စီးဝါသနာပါသူများအတွက်လည်း သတင်းကောင်းတစ်ရပ်ပင်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
TechSpace Journal

World Wide ပြန်ဆိုသည်

No comments:
Post a Comment