ဆယ်တန်းကျောင်းသားတဦးနဲ့ အတူအိပ်မိတဲ့ ကျောင်းဆရာမ ဆိုင်းငံ့ ထောင်ဒဏ် ဆယ်နှစ် နဲ့ ငွေဒဏ် ဒေါ်လာငါးထောင် ချမှတ်ခံလိုက်ရပါတယ်။အမေရိကန်နိုင်ငံ Houston မြို့ အထက်တန်းကျောင်းတခုမှာ ဖြစ်ခဲ့တာပါ။
Nikki Scherwitz လို့ ခေါ်တဲ့ ဆရာမ အသက်က ၂၅။ ဆယ်တန်းကျောင်း သားက အသက် ၁၆။
ကျောင်းသားလေးနဲ့ လွန်ကျူးမိတဲ့ ဆရာမငယ်ငယ်သတင်းက အွန်လိုင်း မှာရော ပြင်ပမှာပါ မှတ်ချက်အမျိုးမျိုးနဲ့ ဆူညံနေပါတော့တယ်။ဒီလိုဖြစ်ရပ်မျိုး မြန်မာပြည်မှာ ဖြစ်ခဲ့မယ် ဆိုရင် အမှုက ရုံးတို့ ဘာတို့ ရောက်သွားတတ်သလား၊ ဘယ်လို အဆုံးသတ်သလဲ ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေတဲ့အတွက် ဧရာဝတီဘလော့မှာ ဖော်ပြဖို့ အနည်းငယ် ဘာသာပြန် ဖော်ပြလိုက်ပါတယ်။
ပြဿနာတွေတက်အပြီး ဆရာမက အဲဒီကျောင်းသားရဲ့ မိဘတွေနဲ့
ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို တောင်းပန်စာ ရေးခဲ့ပါတယ် -
ကျောင်းသားတယောက်နဲ့ဖြစ်ခဲ့မိတာတွေအတွက် ကျမ တောင်းပန်ပါတယ်။ ဘယ်တော့မှ မကျော်ဖြတ်သင့်တဲ့ ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းကို ကျမ ကျော်ဖြတ်ခဲ့တာပါ။ ကျမ စိတ်မကောင်းပါဘူး လို့ တောင်းပန်စာမှာ တွေ့ရပါလိမ့်မယ်။
အသက်မပြည့်သေးသူတယောက်နဲ့ ကျူးလွန်မိတယ်ဆိုရင် အဲဒီအပြုအမူက ဥပဒေချိုးဖောက်ရာ ရောက်ပါတယ်။
ကျူးလွန်မှုက နှစ်ဦးသဘောတူသည် ဖြစ်စေ မတူသည်ဖြစ်စေ ဥပဒေနဲ့ ငြိစွန်းပါတယ် တဲ့။
အသက်မပြည့်သေးသူက ကျောင်းသူ ဖြစ်နေတယ် ဆိုရင်တော့ အဲဒီကျောင်းသူအတွက် ဝိုင်းပြီး စိတ်မကောင်းဖြစ်တတ်ကြပါတယ်။
အခုလိုဖြစ်ရပ် - အသက်မပြည့်သေးသူက ကျောင်းသား ဖြစ်နေတဲ့အတွက် - ဒီကျောင်းသား ကံကောင်းလေခြင်း လို့ သုံးသပ်သူက သူတို့ဆီမှာ အများအပြားပါပဲ။
ဒီအမှုမှာ အသက်မပြည့်သူက အမျိုးသမီး၊ ပြည့်ပြီးသူက အမျိုးသား ဆိုရင် ထောင်ဒဏ် ၂၅ နှစ် ကျလိမ့်မယ်လို့လည်း တချို့က ဝေဖန်ကြပါတယ်။ ကျားဖြစ်ဖြစ် မ ဖြစ်ဖြစ် ပြစ်ဒဏ် အတူတူ ဖြစ်သင့်တယ် လို့ ဆိုပါတယ်။
ဒီအမှုမှာ သူ့ကို ဆိုင်းငံ့ထောင်ဒဏ်ပေးခဲ့ခြင်းက အမှုစစ်ဆေးတဲ့ဖြစ်စဉ် အတွင်း သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ မှားယွင်းကြောင်း တောင်းပန်မှုတို့ အတွက်ကြောင့် ပြစ်ဒဏ်က သက်သက်သာသာ ဖြစ်ခဲ့တာပါ တဲ့။ ပြီးတော့ အဲဒီ Texas ပြည်နယ်ရဲ့ ဥပဒေအရ အသက် ၁၇ နှစ် ကျော်ရင် အဲဒီအမှုက ကြီးစရာ အကြောင်း မရှိပါဘူး။ ဆယ်တန်းကျောင်းသားအသက်ကလည်း ၁၇ နှစ် ပြည့်တော့မယ် လို့ ဆိုပါတယ်။
ဆိုင်းငံ့ထောင်ဒဏ် ဆိုတော့ ဆယ်နှစ်အတွင်း ကောင်းကောင်းမွန်မွန် နေထိုင်မယ် ဆိုရင် ဒီအမှုနဲ့ ပတ်သက်ပြီး ထောင်ထဲ ၀င်စရာ မလိုဘူး ဆိုတဲ့ သဘော ဖြစ်ပါလိမ့်မယ်။
လောလောဆယ်တော့ သူ အထက်တန်းကျောင်းမှာ စာသင်ကြားခြင်း အလုပ်ကို လုပ်ကိုင်ခွင့် မရတော့ပါဘူး။
အခုတော့ အမေရိကန်မီဒီယာတွေမှာ ဒီသတင်းက ဟော့ဖြစ်နေပါပြီ။
ကျောင်းသားနဲ့လိင်ဆက်ဆံတဲ့တက္ကဆက်ဆရာမ အပြစ်ရှိကြောင်း ထွက်ဆို
၁၆ နှစ်အရွယ်ကျောင်းသားနဲ့အိပ်မိလို့ ဆရာမ 'ဝမ်းနည်း'
ကျောင်းသားနဲ့လိင်ဆက်ဆံတဲ့ဆရာမ 'ဝမ်းနည်းကြောင်း' စာပို့
ကောင်လေးနဲ့လိင်ဆက်ဆံတဲ့ဆရာမ ထောင်ချမခံရ
စသဖြင့် စသဖြင့် ခေါင်းစည်းတွေတပ်ပြီး ရေးနေကြတာ တွေ့ရပါတယ်။
The Irrawaddy
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment