လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, February 28, 2014

မထင်မှတ်ပဲ ရွှေဒင်္ဂါး ၁ဝ သန်းလောက် ပိုင်သွားတဲ့ ဇနီးမောင်နှံ

လှံထမ်းလာတာ မြင်ရပေမယ့် ကံထမ်းလာတာ မမြင်နိုင်ဘူးဆိုတဲ့ မြန်မာစကားပုံက ဧရာဝတီ စာဖတ် ပရိသတ်တွေအနေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီကိစ္စဟာ အခု အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီယား က ဇနီးမောင်နှံရဲ့ ခွေးနဲ့ လမ်းလျှောက်ရင်း သူတို့ရဲ့ မြေကွက်ထဲက ရွှေဒင်္ဂါး မျိုးစုံ ဒေါ်လာ ၁၀ သန်း ကျော် ရလိုက်တယ်ဆိုတဲ့ ဖြစ်ရပ်ကို ထပ်ပြီး သက်သေထူလိုက်တာပါဘဲ။
ဒါဟာ အမေရိကန်ပြည်ထောင်စုမှာ စံချိန်တင် အများဆုံးရတနာပစ္စည်းတွေကို တွေ့ရှိလိုက်တဲ့ ဖြစ်ရပ်ဆန်း လည်း ဖြစ်ပါတယ်။
ခရစ်သက္ကရာဇ် ၁၈ဝဝ နှောင်းပိုင်းကာလတွေလောက်က ရွှေဒင်္ဂါးပြား ၁၄၀၀ ကျော်ကို အမည်မဖော်ပြထား တဲ့ ဇနီးမောင်နှံ ၂ ဦးနဲ့ သူတို့ရဲ့ ခွေးနဲ့အတူ သူတို့ရဲ့ ခြံထဲမှာ လမ်းလျှောက်နေရင်း ဆွေးမြေ့နေတဲ့ သတ္တုနဲ့ လုပ်ထားတဲ့

အိုးထဲကနေတွေ့ ခဲ့ကြတာပါလို့ ရိုက်တာ သတင်းတခုက ဖော်ပြပါတယ်။
ဒါနဲ့ ဆက်ပြီး ရှာဖွေ တူးဖော်ရင်း အခုလို ရွှေဒင်္ဂါ အမြောက်အများကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒင်္ဂါး ကျွမ်းကျင် ပညာရှင် David McCarthy က ပြောပါတယ်။ အခုတွေ့ရှိခဲ့တဲ့ ရွှေဒင်္ဂါးတွေက ၅ ဒေါ်လာတန်၊ ၁ဝ ဒေါ်လာတန်၊ ၂၀ ဒေါ်လာတန်၊ ၅ဝ တန် ဒေါ်လာဒင်္ဂါးပြားတွေဖြစ်ပါတယ်။

ဒါပေမယ့် သူက အဲဒီ ဇနီးမောင်နှံရဲ့ အမည်နာမတွေကိုတော့ ထုတ်ဖော်ပြောဆိုမှုမပြုပဲ ငြင်းကွယ်ထားပါ တယ်။ ဒါက လည်း သူတို့ရဲ့ လုံခြုံရေးအတွက်ဖြစ်မှာပါ။ အဲဒီ ဇနီးမောင်နှံကလည်း ရွှေဒင်္ဂါးတွေထဲက အများစုကို ရောင်းချသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

သူ့အနေနဲ့ ပြောတာကတော့ မြောက် ကယ်လီဖိုးနီးယားဟာ တချိန်က ရွှေတွေပေါလွန်းလို့ ရွှေမြေ လို့တောင် သမုတ်ကြတယ်လို့ ဆိုပါတယ်။

လူတွေက ချမ်းသာကြွယ်ဝသူတွေရဲ့ ပစ္စည်းဥစ္စာတွေကို မက်မောကြတဲ့ သိုက်တူးသူတွေလိုမျိုး အချောင် သမားတွေကို ကြောက်လို့ အခုလို ရွှေဒင်္ဂါးတွေကို သတ္တုအိုးနဲ့ သေချာ ထည့်ပြီး မြေကြီးထဲမှာ မြှုပ်နှံခဲ့ တာ ဖြစ်နိုင် တယ်လို့လည်း သူက မှတ်ချက်ပေးပါတယ်။

အိမ့်သံစဉ် ~

ဧရာဝတီblog

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..