လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, February 25, 2014

ရန်ကုန် မြို့တော်ရှိ ပန်းခြံများတွင် ကလေး ကစားကွင်းများ ထည့်သွင်းရန် စီစဉ်

ရန်ကုန်မြို့ အတွင်းရှိ ပန်းခြံနှင့် ပန်းဥယျာဉ်များတွင် လာရောက် အပန်းဖြေသူများ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ဆောင်နိုင်ရန် ကိုယ်ကာယ လေ့ကျင့်ရေး ကွင်းများနှင့် ကလေး ကစားကွင်းများကို လာမည့် ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ် အတွင်း ထည့်သွင်းမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ (YCDC) ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။
ပန်းဥယျာဉ်နှင့် အားကစား ကွင်းများ ဌာန အောက်ရှိ ဥယျာဉ်၊ ပန်းခြံများတွင် အခမဲ့ ကလေး အားကစား ကွင်းများကို ထည့်သွင်းမည် ဖြစ်ပြီး၊ ကိုယ်ကာယ လေ့ကျင့်ရေး ကွင်းများတွင် ကိုယ်ကာယ လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်သော အထောက်အကူပြု ပစ္စည်းများကို ဆက်လက် ထည့်သွင်းမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ကိုယ်ကာယ လေ့ကျင့်ရေး ကွင်းဆိုတာ အရင်ကတည်းက

ရှိသင့်တာ။ ကိုရီးယားမှာ ရပ်ကွက်အဆင့် ပန်းခြံတွေတောင် လျှပ်စစ်နဲ့ သုံးရတဲ့ Automatic ကိုယ်ကာယ လေ့ကျင့်ရေး ပစ္စည်းတွေ ရှိတယ်” ဟု ကိုရီးယား နိုင်ငံတွင် အလုပ် လုပ်ကိုင်နေသူ ကိုထက်ကိုဦးက ပြောကြားသည်။

ပန်းဥယျာဉ်နှင့် အားကစား ကွင်းများတွင် ကလေး ကစားကွင်းများနှင့် ကိုယ်ကာယ လေ့ကျင့်ရေး ကွင်းများ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ် ကုန်ကျမည့် ငွေကြေး ပမာဏ တန်ဖိုးကို လတ်တလောတွင် မပြောနိုင်သေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာန အောက်တွင် ပန်းခြံပေါင်း ၅၈ ခု ရှိကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်း ပန်းခြံ အချို့ကို အခမဲ့ ပန်းခြံအဖြစ် ဆောင်ရွက်ခြင်း၊ ပန်းခြံ အဆင့်မြှင့်မှုများ ယခင် နှစ်များထက် ပိုမို ဆောင်ရွက်လာကြောင်း အဆိုပါ ဌာနထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..