အမေရိကန်မှ ပညာရှင်များသည် စွန့်ပစ်ပစ္စည်းသဖွယ် ဖြစ်နေသည့် ကြွပ်ကြွပ်အိတ် အဟောင်းများအား ဒီဇယ်ဆီအဖြစ် ပြောင်းလဲနိုင်မည့် နည်းလမ်းကို အဖြေရှာ အကောင်အထည် ဖော်နေပြီး ထင်ရှားသည့် အကျိုးရလဒ်ကောင်းများ ဖန်တီးနိုင်နေပြီဖြစ်ကြွပ်ကြွပ်အိတ်များကို ပုံစံပြောင်းလဲကာ စွမ်းအင်သိုလှောင်သည့် ဒီဇယ်ဆီနှင့် သဘာဝ ဓာတ်ငွေ့များအဖြစ် အသုံးပြုနိုင်ရန် သုတေသီများက တီထွင်ကြိုးပမ်းနေကြောင်း သိရသည်။ အမေရိကန်မှ ပညာရှင်များသည် စွန့်ပစ်ပစ္စည်းသဖွယ် ဖြစ်နေသည့် ကြွပ်ကြွပ်အိတ် အဟောင်းများအား ဒီဇယ်ဆီအဖြစ် ပြောင်းလဲနိုင်မည့် နည်းလမ်းကို အဖြေရှာ အကောင်အထည် ဖော်နေပြီး ထင်ရှားသည့် အကျိုးရလဒ်ကောင်းများ ဖန်တီးနိုင်နေပြီဟု သတင်းများက ဖော်ပြခဲ့သည်။ အဆိုပါ စမ်းသပ်ဒီဇယ်သည် သဘာဝ ဒီဇယ်နှင့်မခြား အာနိသင် ရှိနိုင်ပြီး ဒီဇယ်နှင့် ရောစပ်၍ မော်တော်ကားများ မောင်းနှင်ရာတွင် အသုံးပြုနိုင်မည်ဟု ဆိုသည်။ သုတေသီများ အနေဖြင့် ပလပ်စတစ် ကြွပ်ကြွပ်အိတ်ဟောင်းများကို စွမ်းအင်ရင်းမြစ်အဖြစ် ပြောင်းလဲမှုတွင် ယင်းစီမံကိန်း တစ်ခုတည်းဖြင့်
ကျေနပ်နေသည် မဟုတ်ချေ။
အဆိုပါ အိတ်ဟောင်းများကို သဘာဝဓာတ်ငွေ့ ပုံစံမျိုးသို့ ပြောင်းလဲဓာတ်ပြုစေခြင်းအပြင် ချောဆီကဲ့သို့ ဓာတ်ပစ္စည်းများအဖြစ်ပါ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ အီလီနွိုက်စ် တက္ကသိုလ်မှ သုတေသီ ဒေါက်တာ ဘရာဂျန်ဒရာ ရှာမားက "ပက်ထရိုလီယမ် ရေနံစိမ်းကနေ လောင်စာဆီ ချက်တဲ့အခါ (၅၀)ရာခိုင်နှုန်းကနေ (၅၅)ရာခိုင်နှုန်းလောက်ပဲ ရတယ်။ ဒါပေမဲ့ ပလပ်စတစ် ကြွပ်ကြွပ်အိတ်တွေကတော့ ပက်ထရိုလီယမ်ကို ပထမဦးစားပေး အသုံးပြုထားတာပါ။ ဒါကို ပြန်သန့်စင် ချက်လုပ်တဲ့အခါ လောင်စာဆီကို (၈၀)ရာခိုင်နှုန်းလောက်ထိ စစ်ထုတ် သုံးစွဲနိုင်ခြေရှိတယ်"ဟု ရှင်းပြခဲ့သည်။ ကမ္ဘာပေါ်တွင် နှစ်စဉ် ကြွပ်ကြွပ်အိတ် အရေအတွက် ဘီလျံပေါင်း ရာနှင့်ချီ အလဟဿ လွှင့်ပစ်လျှက်ရှိပြီး စစ်တမ်းများအရ ပြန်လည်ပုံစံပြောင်း အသုံးချမှုသည် လွှင့်ပစ်လိုက်သမျှ ပမာဏ၏ (၈)ပုံ(၁)ပုံသာ ရှိနေကြောင်း သိရသည်။ ကျန်အများစုသည် မြေအောက်တွင်ဖြစ်စေ၊ ပင်လယ်သမုဒ္ဒရာထဲတွင်ဖြစ်စေ စွန့်ပစ်ပစ္စည်းများအနေဖြင့် တည်မြဲနေပြီး အပင်နှင့် သဘာဝသက်ရှိ သတ္တဝါများ၏ နေထိုင်မှု ဘဝများကို ထိခိုက်မှုများ ကြီးကြီးမားမား ဖြစ်ပေါ်စေလျှက်ရှိသည်။
Planet Myanmar Network
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment