လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, February 26, 2014

ကွန်ဒုံး သုံးရင်လည်း သိပ်စိတ်မချရဘူး

ရောဂါရှိသူအမျိုးသားအိပ်ဖော်နဲ့ အတူနေတဲ့အခါ ကွန်ဒုံး သုံးရင်လည်း စိတ်မချရဘူး၊ ရောဂါကူးနိုင်ခြေရှိတယ်လို့ ရန်ကုန်အခြေစိုက် NOW အပတ်စဉ်ထုတ် ဂျာနယ် ဆောင်းပါးတပုဒ်မှာ ဒီတပတ် သတိပေး ရေးသား ထားပါတယ်။
"ကွန်ဒုံးသုံးပေမယ့် သင့်ရဲ့ အမျိုးသမီးအင်္ဂါဟာ ရောဂါရှိတဲ့ အမျိုးသားရဲ့ ကပ္ပာယ်အိတ်အရေပြားနဲ့ ပွတ်တိုက်ထိတွေ့ဖန် များတဲ့အခါ ကွန်ဒုံးသုံးလည်း ရောဂါကူးနိုင်တာကို သတိမူသင့်ပါတယ်"လို့ ရေးထားပါတယ်။
အမျိုးသမီးတွေနဲ့ လိင်မှုရေးရာဆိုတဲ့ မျက်နှာဖုံးဆောင်းပါးမှာ အဲဒီလို သတိပေးထားတာပါ။ ကွန်ဒုံးအသုံးပြုခြင်းက ကျန်းမာရေး လူမှုရေးဆိုင်ရာ ကောင်းကျိုးတွေ အများအပြား ရှိပေမယ့် အသုံးပြုသင့်သူတချို့က သုံးရမှာ ဝန်လေးနေကြပါသေးတယ်။
ကွန်ဒုံးကုမ္ပဏီတွေကလည်း အသုံးပြုသူများကိုဆွဲဆောင်တဲ့အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို ပါးသည်ထက်

ပါးအောင် ထုတ်နေကြတာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ထွက်ပေါ်လာတဲ့ ဂင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့ရဲ့ထုတ်ပြန်ချက် အရ တရုတ်ကုမ္ပဏီတခုက ကမ္ဘာ့ အပါးလွှာဆုံး ကွန်ဒွန် ထုတ်လုပ်ထားတယ် လို့ ဆိုပါတယ်။

သူ့မတိုင်ခင် စံချိန်တင်ခဲ့တာကတော့ ဂျပန်ကုမ္ပဏီတခုပါ။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ တနည်းတဖုံ ဆက်စပ်ပတ်သက်ပြီး သတိပေး၊ သတင်းပေး၊ ပညာပေးတာမျိုးက စာနယ်ဇင်းတွေမှာ တခါတရံ တွေ့ရမှာပါ။ ဒီဘလော့မှာ လည်း ကွန်ဒွန် မဖြစ်မနေ သုံးရမယ့် အနေအထားကြောင့် အပြာကား ရိုက်သူများ LA မှ ထွက်ရန် စဉ်းစားဆိုပြီး မနှစ်ကhttp://blog.irrawaddy.org/2012/01/la.html မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီလို ဥပဒေ ထုတ်လိုက်ခါမှပဲ ၁၈ နှစ်အထက် ကြည့်ရတဲ့ဗီဒီယိုကားရိုက်သူတွေ အဲဒီဒေသကို စွန့်ကြပါတယ် လို့ အမေရိကန် အွန်လိုင်းစာမျက်နှာ ဆောင်းပါးတပုဒ်မှာ ရေးထားပါတယ်။

The Irrawaddy

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..