လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, February 24, 2014

ထိုင်းပေါက်ကွဲမှုတွေအတွင်း ကလေးငယ်တချို့ သေဆုံး

ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်တွေအတွင်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့အတွက် လူသေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေရှိရာ စခန်းနားမှာ မနေ့တုန်းက လက်ပစ်ဗုံးတစ်လုံး ပစ်ပေါက်ခံခဲ့ရာက ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။
အဲဒီနေရာဟာ လူသွားလူလာများတဲ့ ဆူပါမတ်ကက်နားမှာ ဖြစ်တဲ့အတွက် အနည်းဆုံး လူ ၂၄ ယောက်လောက် ဒဏ်ရာရရှိပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။
စနေနေ့တုန်းကလည်း ဘန်ကောက်မြို့နားက Trat မြို့မှာ သေနတ်သမားတစ်ဦးက ဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့ရာကနေ အသက် ၅ နှစ်အရွယ် ကလေးမတစ်ဦးသေဆုံးခဲ့ရပြီး ၃၅ ယောက်ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ကလည်း ဘန်ကောက်မြို့တွင်းရှိ ဆန္ဒပြစခန်းတစ်ခု လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခံခဲ့ရာက

လူ ၇ ဦး ဒဏ်ရာရရှိသွားပါတယ်။

ဒီလို အခြေအနေကြောင့် ဘန်ကောက်မြို့မှာ စစ်မြေပြင်ကြီးလိုတောင် ဖြစ်နေပြီလို့ တင်စားခေါ်ဝေါ်နေကြပြီး ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်ကတော့ ဒီအကြမ်းဖက်မှုတွေကို ရှုံ့ချလိုက်ပါတယ်။

ABC Radio Australia

ဆန္ဒပြသူတွေနေရာယူတဲ့နေရာက ပေါက်ကွဲမှုဖြစ်ပွားအပြီး အာဏာပိုင်တွေ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..