ထိုင်း ရွေးကောက်ပွဲကို မနေ့ကပဲ ကျင်းပပြီးစီးသွားပေမယ့် အစိုးရကို
ဆန့်ကျင်ဆန္ဒပြပွဲတွေပြုလုပ်ခဲ့တဲ့ နေရာတချို့မှာ မဲပေးမှုတွေ
မရှိခဲ့တာကြောင့် အဲဒီနေရာတွေမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပသွားဖို့ရှိတယ်လို့ထိုင်းအာဏာပိုင်တွေက ပြောလိုက်ပါတယ်။
မဲရုံတွေမှာ မဲပေးသူတွေဟာ ၉၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် စာရင်းပေးသွင်းထားပြီး မဲလာမပေးတဲ့ လူပေါင်း ၆ သန်းလောက်ရှိခဲ့တယ်လို့ သိရပါတယ်။ဆန္ဒပြသူတွေဟာ မဲရုံတွေကို ပိတ်ဆို့ထားပြီး လက်ရှိအာဏာရ အစိုးရနှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် မဲပေးခွင့်မရခဲ့တဲ့ သူတချို့ကလည်း ဆန္ဒပြသူတွေကို ပြန်လည်တုန့်ပြန်မှုတွေ လုပ်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ခွင့်နဲ့ အစိုးရကို ဆန့်ကျင်ခွင့်ရှိပေမယ့် မဲဆန္ဒရှင်တွေရဲ့ မဲပေးခွင့်တွေကိုတော့ အတင်းအဓမ္မ ပိတ်ဆို့ခွင့်မရှိဘူးလို့ ဆန္ဒပြသူတွေကြောင့် မဲပေးခွင့် မရခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြောကြားသွားခဲ့ပါတယ်။
လောလောဆယ် ရရှိထားတဲ့ မဲအရေအတွက်နဲ့ အစိုးရဖွဲ့ဖို့ အမတ် အလုံအလောက် မရှိသေးတာကြောင့် လက်ရှိထိုင်းအစိုးရဟာ အိမ်စောင့်အစိုးရအဖြစ် ဆက်လက်ပြီး ရှိနေဦးမှာ ဖြစ်ပါတယ်။
ဘန်ကောက်မြို့ Laksi ခရိုင်က ရွေးကောက်ပွဲကို ဆန္ဒပြနေကြစဉ် (Credit: Reuters)
ABC

No comments:
Post a Comment