လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, February 11, 2014

ကော့သောင်းမြို့တွင် ဆွမ်းခံကြွ ရဟန်းတစ်ပါး နှင့်အတူ နံနက်တိုင်း ရုရှားနိုင်ငံသား ဗုဒ္ဓဘာသာဝင် ကပ္ပိယ တစ်ဦး ဝေယျာဝစ္စ လိုက်ပါဆောင်ရွက်

Photo: ကော့သောင်းမြို့တွင် ဆွမ်းခံကြွ ရဟန်းတစ်ပါး နှင့်အတူ နံနက်တိုင်း ရုရှားနိုင်ငံသား ဗုဒ္ဓဘာသာဝင် ကပ္ပိယ တစ်ဦး ဝေယျာဝစ္စ လိုက်ပါဆောင်ရွက်
Tuesday, February 11, 2014

ကော့သောင်းမြို့တွင် နံနက်တိုင်း ရဟန်း တပါးဆွမ်းခံကြွစဉ် နိုင်ငံခြားသား တစ်ဦး လိုက်ပါ၍ ကြေးစဉ်ထုကာ ရှေ့ မှ ဝေယျာဝစ္စ ဆောင်ရွက်နေသည်ကို ဖေဖေါ်ဝါရီ ၁၀ ရက် ၊ နံနက်ပိုင်းက တွေ့မြင်ရသည်။

စုံစမ်းသိရှိချက် အရ အဆိုပါ ရဟန်းမှာ ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်၊ နဂါးရုံကျောင်းတိုက်မှ ဖြစ်ပြီး နိုင်ငံခြားသားမှာ ရုရှားနိုင်ငံသား ဗုဒ္ဓဘာသာအား ကိုးကွယ်သက်ဝင် ယုံကြည်သူတစ်ဦး ဖြစ်ကြောင်း အဆိုပါ ကျောင်းတိုက်သို့ နေ့စဉ် ဝေယျာဝစ္စ ကိစ္စများ လာရောက်ဆောင်ရွက်ပေးလေ့ရှိကြောင်း၊ နေ့စဉ် တရား ဘာဝနာများ ပွားများအားထုတ်လေ့ရှိကြောင်း ၊ ဆရာတော်မှ နံနက်တိုင်း ဆွမ်းခံကြွချိန်တွင် ဆရာတော် ရှေ့မှကြေးစည်ထုကာ မြို့အနှံ့ ဖိနပ်စီးထားခြင်းမရှိပဲ အတူတကွ နေ့တဓူဝ လိုက်ပါ ကူညီဆောင်ရွက်ပေး လေ့ရှိရာ တွေ့မြင်သူ မြို့နေ့ ပြည်သူများမှ ကြည်နူးဖွယ် ထိုမြင်ကွင်းကို ဓါတ်ပုံများ လိုက်လံရိုက်ကူးခြင်း၊ ဆိုရှယ်မီဒီယာ လူမှုကွန်ယက်များသို့ တင်ကာ အမျိုးဘာသာ သာသနာ အတွက် ချီးကျူးထောမနာပြုကြခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

MWD
ကော့သောင်းမြို့တွင် နံနက်တိုင်း ရဟန်း တပါးဆွမ်းခံကြွစဉ် နိုင်ငံခြားသား တစ်ဦး လိုက်ပါ၍ ကြေးစဉ်ထုကာ ရှေ့ မှ ဝေယျာဝစ္စ ဆောင်ရွက်နေသည်ကို ဖေဖေါ်ဝါရီ ၁၀ ရက် ၊ နံနက်ပိုင်းက တွေ့မြင်ရသည်။စုံစမ်းသိရှိချက် အရ အဆိုပါ ရဟန်းမှာ ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်၊ နဂါးရုံကျောင်းတိုက်မှ ဖြစ်ပြီး နိုင်ငံခြားသားမှာ ရုရှားနိုင်ငံသား ဗုဒ္ဓဘာသာအား ကိုးကွယ်သက်ဝင် ယုံကြည်သူတစ်ဦး ဖြစ်ကြောင်း အဆိုပါ ကျောင်းတိုက်သို့ နေ့စဉ် ဝေယျာဝစ္စ ကိစ္စများ လာရောက်ဆောင်ရွက်ပေးလေ့ရှိကြောင်း၊ နေ့စဉ် တရား ဘာဝနာများ ပွားများအားထုတ်လေ့ရှိကြောင်း ၊ ဆရာတော်မှ နံနက်တိုင်း ဆွမ်းခံကြွချိန်တွင် ဆရာတော် ရှေ့မှကြေးစည်ထုကာ မြို့အနှံ့ ဖိနပ်စီးထားခြင်းမရှိပဲ အတူတကွ နေ့တဓူဝ လိုက်ပါ ကူညီဆောင်ရွက်ပေး လေ့ရှိရာ တွေ့မြင်သူ မြို့နေ့ ပြည်သူများမှ ကြည်နူးဖွယ် ထိုမြင်ကွင်းကို ဓါတ်ပုံများ လိုက်လံရိုက်ကူးခြင်း၊ ဆိုရှယ်မီဒီယာ လူမှုကွန်ယက်များသို့ တင်ကာ အမျိုးဘာသာ သာသနာ အတွက် ချီးကျူးထောမနာပြုကြခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

MWD

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..