လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, January 4, 2014

Myanmar WWW Institute (M3WI) မှ Hardware & Network အခြေခံသင်တန်းသစ် ဖွင့်လှစ်မည်

Photo: Myanmar WWW Institute (M3WI) မှ Hardware & Network အခြေခံသင်တန်းသစ် ဖွင့်လှစ်မည်

Myanmar World Wide Web Institute (M3WI) သင်တန်းကျောင်းမှ ကွန်ပျူတာ အသုံးပြုသူတိုင်း တတ်မြောက် ထားရမည့် System Essentials (Hardware & Network) အခြေခံ သင်တန်းသစ်ကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကွန်ပျူတာတစ်ခု အတွင်း ပါဝင်သော စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများ၏ အလုပ်လုပ်ပုံနှင့် ၎င်းတို့ကို ပြုပြင် ထိန်းသိမ်းနည်းများ၊ Windows XP ၏ ဆောင်ရွက်ချက်တို့ အပြင် System Installation, Trouble Shooting ပြုလုပ်နည်းနှင့် Repair ပြုလုပ်ခြင်း၊ Virus Cleaning နှင့် Data Recovery ပြုလုပ်ခြင်း တို့ကို သင်ကြားပေး သွားမည်ဖြစ်သည်။

ထို့အပြင်LAN ချိတ်ဆက်နည်း၊ Data နှင့် Device များကို LAN အတွင်း Sharing ပြုလုပ် ခြင်း၊ Network Security စီမံ ခန့်ခွဲခြင်း စသည့် Network ဆိုင်ရာ ဘာသာရပ်များကို သင် ကြားပေးမည့် အပြင် Wide Area Network (WAN/Internet) ၏ အလုပ်လုပ်ပုံ အဆင့်ဆင့် TCP/IP အခြေခံကိုလည်း သင်ကြားပေးမည် ဖြစ်သည်။ မိမိ Network ကို တခြားပြင်ပ အတိုက်အခံများမှ ကာကွယ်ပုံ၊ Virus နှင့် တခြားသော အနှောင့်အယှက်များမှ ခုခံ ပုံ အဆင့်ဆင့်ကိုလည်း စနစ်တကျ သင်ကြားပေးမည် ဖြစ်သည်။

Internet Services, Mail Service များ အစရှိသော နိုင်ငံတကာနှင့် ချိတ်ဆက် အသုံးပြုသောNetwork Services များ၏ အလုပ်လုပ်ပုံများ အကြောင်း၊ြModem, Switch, Router များ အစရှိသော Networking Devices များနှင့် PC များ၏ ဆက်သွယ် အလုပ်လုပ်ပုံများ အကြောင်းကိုလည်း အသေးစိတ် လေ့လာ သင်ယူရမည် ဖြစ်သည်။ သင်တန်း တက်ရောက်နေစဉ် ကာလအတွင်း Assignment များကို ကိုယ်တိုင် ရေးသားစေခြင်း၊ Exam များ ဖြေဆိုစေခြင်းဖြင့် သင်တန်းသားများ စာတွေ့ရော လက်တွေ့ပါ ပိုမိုကျွမ်းကျင် တတ်မြောက်စေမည် ဖြစ်သည်။ သင်တန်းကာလမှာ တစ်လခွဲခန့် ကြာမြင့်မည်ဖြစ်ပြီး တစ်ပတ်လျှင် သုံးရက် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သော ကြာ) မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မှ ညနေ ၃ နာရီ ၄၅ မိနစ်အထိ တက်ရောက်ရမည် ဖြစ်သည်။

သင်တန်းသား ဦးရေကို ကန့်သတ်ထားသည့်အတွက် တက်ရောက်လိုသူများ အနေဖြင့် ကြိုတင်စာရင်း ပေးသွင်းကြရမည်ဖြစ်သည်။ အသေးစိတ် သိရှိလိုသူများ အနေဖြင့် Myanmar WWW Institute အဆောင်(၅)၊ အခန်း(၄) မြန်မာအင်ဖိုတက်ခ် လှိုင်တက္ကသိုလ်နယ်မြေ ရန်ကုန်မြို့ ဖုန်း-ဝ၁-၆၅၂၂၈၈ နှင့် ၅၂၁၁၂၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

MWD

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..