လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, January 5, 2014

အစာအိမ် အနာရှိနေပြီလား

Photo: အစာအိမ် အနာရှိနေပြီလား

 ဘေးကင်းတဲ့ အကိုက်အခဲပျောက်ဆေးကို လေ့လာပါ
အက်စ်ပရင်၊ နာပရောက်စန်၊ အိုင်ဗျူပရိုဖန်နှင့် NSAID အမျိုးအစား အကိုက်အခဲပျောက်ဆေးတွေထက် ပါရာစီတမောက ပိုစိတ်ချရပါတယ်။ ပါရာစီတမောနှင့် မသက်သာလောက်အောင် ကိုက်ခဲနေတဲ့အခါ Proton Pump Inhibitor အမျိုးအစား အစာအိမ်ဆေးဖြစ်တဲ့ Omeprazole လိုဆေးမျိုးနှင့်တွဲသောက်ပါ။

အရက်နှင့် ကဖင်းအဖျော်ယမကာများလျှော့ပါ
အရက်နှင့် ကဖင်းဓါတ်ဟာ အစာအိမ်နှင့် အူနံရံများကိုကျိန်းစပ်စေတာကြောင့် ရောင်ရမ်းခြင်း၊ သွေးယိုခြင်းဖြစ်စေပါတယ်။ အစာအိမ်ထဲက အက်ဆစ်ပမာဏကိုပါ ရုတ်တရက် မြင့်တက်စေတာကြောင့် ဗိုက်အောင့်ခြင်း၊ ရင်ပူခြင်းဖြစ်စေတတ်ပါတယ်။

ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်ငွေ့မှာပါတဲ့ ဓါတုပစ္စည်းတွေဟာ အစာအိမ်နံရံကို အားလျော့စေတာကြောင့် ရှိရင်းစွဲအစာအိမ်နာကို ပိုဆိုးစေပြီး နောက်ထပ် အနာတွေတောင် ထပ်ဖြစ်စေပါ တယ်။
အစာရွေးပါ
အသားတုံး၊ အကြော်အလှော်၊ အဆီအစိမ့်တွေရှောင်ပါ။ အစာအိမ် အနာကို ပိုဆိုးစေသလို အစာအိမ် အက်ဆစ်ကို ပိုထွက်စေပါတယ်။ အစေ့အဆန်၊ ဂျုံ၊ ပြောင်း၊ အမျှင် ဓါတ်ကြွယ်ဝသည့် အစားအစာများ စားခြင်းက အစာအိမ်အက်ဆစ်ထွက်ခြင်းကို ပိုသက်သာစေပါတယ်။

အချိန်မှန်စားပါ
အစာအိမ်အနာရှိသူတစ်ဦးဟာ ကြုံသလိုစားလို့မရပါဘူး။ အချိန်မှန် မစားတဲ့အခါ အစာချေရည်ထွက်ရှိမှု ကမောက်ကမဖြစ်ပြီး အစာအိမ်အနာ ကထိုးအောင့်တတ်ပါတယ်။ အစာ နည်းနည်းနှင့် တစ်နေ့ ငါးကြိမ်ခြောက်ကြိမ်အချိန်မှန်ခွဲစားခြင်းက အစာအိမ်အက်ဆစ်လျော့ကျစေပါတယ်။

လိုအပ်လျှင်ဆေးသောက်ပါ
အစာအိမ်အနာတွေရဲ့ (၇၀) ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းဟာ Helicobacter Pylori ဆိုတဲ့ဘက်တီးရီးယားကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ အဆိုပါ ဘက်တီးရီးယားဟာ အစာစားပြီးချိန်နှင့် ညအချိန်များ များမှာ အစာအိမ်အနာကို ဆွတတ်ပါတယ်။ အစာအိမ်အနာကို အစာအိမ်ဆေးသောက်ရုံနှင့် မပျောက် တတ်ဘဲ ပိုးသတ်ဆေးတွေပါ အစုံအလင် သောက်ရတတ်ပါတယ်။

သီဟ
Ref:WikiHow

http://myawadynews.blogspot.com/2014/01/blog-post_2819.html

ဘေးကင်းတဲ့ အကိုက်အခဲပျောက်ဆေးကို လေ့လာပါ
အက်စ်ပရင်၊ နာပရောက်စန်၊ အိုင်ဗျူပရိုဖန်နှင့် NSAID အမျိုးအစား အကိုက်အခဲပျောက်ဆေးတွေထက် ပါရာစီတမောက ပိုစိတ်ချရပါတယ်။ ပါရာစီတမောနှင့် မသက်သာလောက်အောင် ကိုက်ခဲနေတဲ့အခါ Proton Pump Inhibitor အမျိုးအစား အစာအိမ်ဆေးဖြစ်တဲ့ Omeprazole လိုဆေးမျိုးနှင့်တွဲသောက်ပါ။
အရက်နှင့် ကဖင်းအဖျော်ယမကာများလျှော့ပါအရက်နှင့် ကဖင်းဓါတ်ဟာ အစာအိမ်နှင့် အူနံရံများကိုကျိန်းစပ်စေတာကြောင့် ရောင်ရမ်းခြင်း၊ သွေးယိုခြင်းဖြစ်စေပါတယ်။ အစာအိမ်ထဲက အက်ဆစ်ပမာဏကိုပါ ရုတ်တရက် မြင့်တက်စေတာကြောင့် ဗိုက်အောင့်ခြင်း၊ ရင်ပူခြင်းဖြစ်စေတတ်ပါတယ်။

ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်ငွေ့မှာပါတဲ့ ဓါတုပစ္စည်းတွေဟာ အစာအိမ်နံရံကို အားလျော့စေတာကြောင့် ရှိရင်းစွဲအစာအိမ်နာကို ပိုဆိုးစေပြီး နောက်ထပ် အနာတွေတောင် ထပ်ဖြစ်စေပါ တယ်။
အစာရွေးပါ
အသားတုံး၊ အကြော်အလှော်၊ အဆီအစိမ့်တွေရှောင်ပါ။ အစာအိမ် အနာကို ပိုဆိုးစေသလို အစာအိမ် အက်ဆစ်ကို ပိုထွက်စေပါတယ်။ အစေ့အဆန်၊ ဂျုံ၊ ပြောင်း၊ အမျှင် ဓါတ်ကြွယ်ဝသည့် အစားအစာများ စားခြင်းက အစာအိမ်အက်ဆစ်ထွက်ခြင်းကို ပိုသက်သာစေပါတယ်။

အချိန်မှန်စားပါ
အစာအိမ်အနာရှိသူတစ်ဦးဟာ ကြုံသလိုစားလို့မရပါဘူး။ အချိန်မှန် မစားတဲ့အခါ အစာချေရည်ထွက်ရှိမှု ကမောက်ကမဖြစ်ပြီး အစာအိမ်အနာ ကထိုးအောင့်တတ်ပါတယ်။ အစာ နည်းနည်းနှင့် တစ်နေ့ ငါးကြိမ်ခြောက်ကြိမ်အချိန်မှန်ခွဲစားခြင်းက အစာအိမ်အက်ဆစ်လျော့ကျစေပါတယ်။

လိုအပ်လျှင်ဆေးသောက်ပါ
အစာအိမ်အနာတွေရဲ့ (၇၀) ရာခိုင်နှုန်းမှ (၉၀) ရာခိုင်နှုန်းဟာ Helicobacter Pylori ဆိုတဲ့ဘက်တီးရီးယားကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ အဆိုပါ ဘက်တီးရီးယားဟာ အစာစားပြီးချိန်နှင့် ညအချိန်များ များမှာ အစာအိမ်အနာကို ဆွတတ်ပါတယ်။ အစာအိမ်အနာကို အစာအိမ်ဆေးသောက်ရုံနှင့် မပျောက် တတ်ဘဲ ပိုးသတ်ဆေးတွေပါ အစုံအလင် သောက်ရတတ်ပါတယ်။

သီဟ
Ref:WikiHow

http://myawadynews.blogspot.com/2014/01/blog-post_2819.html

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..