တရုတ် နိုင်ငံမှာ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး သေဒဏ် ပြစ်ဒဏ်အထိ ချမှတ် နေ
ပေမယ့် တစ်အိမ်ထောင်ကို ကလေးတစ်ယောက်သာ ယူရမယ့် မူဝါဒ ကြောင့် ထိရောက်စွာ
ဟန့်တားနိုင်ခြင်း မရှိသေးဘူးလို့
သိရပါတယ်။ လူကုန် ကူးတွေထဲမှာ ဆရာဝန်တွေလည်း ပါဝင်ပတ်သက်နေတာမို့ တရုတ်
အာဏာ ပိုင် တွေ အတွက် သတိပေး တပ်လှန့်သလို ဖြစ်ခဲ့ရပါတယ်။ တရုတ်နိုင်ငံက
သားဖွား မီးယပ် ဆရာဝန် တစ် ဦးဟာ သူ့အနေနဲ့ လူကုန်ကူးမှုတစ်ခုမှာ ပါဝင်
ပတ်သက်ခဲ့တယ်လို့ ထွက်ဆိုခဲ့တာကြောင့် တရားရုံးမှာ စစ်ဆေးမှုတွေ
စတင်ပြုလုပ်နေ ပြီဖြစ်ပါတယ်။ ဒီဆရာဝန်ရဲ့ အမည်က Zhang ဖြစ်ပြီး မွေးရာပါ
နာမကျန်း ဖြစ်နေ တယ်ဆိုပြီး ကလေးမိဘတွေကို ပြောဆိုပြီးတဲ့ နောက် ကလေးငယ်ကို
ခိုးယူကာ လူကုန်ကူးသူတွေ ထံ ရောင်းချခဲ့တာ ဖြစ်ပါ တယ်။
Zhang ဟာ အငြိမ်းစား ယူတော့မယ့် ဆရာဝန်တစ်ဦးဖြစ်ပြီး အခုလို ဖြစ်ရပ်ပေါ်ပေါက် ခဲ့တာမို့ သူ တာ ၀န် ထမ်းဆောင်ခဲ့တဲ့ ဆေးရုံအ ချို့မှာ လူကုန်ကူးမှုတွေ ပေါ်ပေါက် ခဲ့သလား ဆိုတာ စုံစမ်း မှုတွေ ပြုလုပ်သွား မှာဖြစ်ပါ တယ်။ Zhang ဟာ ကလေး မိဘတွေကို မွေး ဖွားလာ တဲ့ကလေးက နာမကျန်း ဖြစ်နေ လို့ စွန့်လွှတ် ရန် (သို့မဟုတ်) ပေးပစ်ရန် စည်းရုံး ခဲ့သေးတယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်၊ နိုဝင် ဘာလ ကနေ ၂၀၁၃ ခု နှစ်၊ ဇူ လိုင်လအထိ ကလေးငယ်တွေကို လူကုန်ကူးမှု(၇)မှုကို ဖော် ထုတ်နိုင်ခဲ့ပြီး ကလေးတစ်ယောက်ကတော့ ကယ် တင်ပြီး ရက်ပိုင်းအကြာမှာပဲ သေဆုံး သွားခဲ့ပါတယ်။ Zhang ဟာ ကလေးငယ်ကို ပြီးခဲ့တဲ့ ဇူလိုင် လမှာ ခိုးယူခဲ့ တာဖြစ်ပြီး အိမ်နီး နားချင်းတစ်ဦးထံ ဒေါ်လာ ၃၆၀၀ နဲ့ ရောင်းချ ခဲ့ပါတယ်။ ဒီနောက် အဲဒီလူက အခြား သူတစ် ဦးထံ ဒေါ်လာ ၉၉၀၀ နဲ့ ပြန်လည်ရောင်းချခဲ့ ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး တရုတ်ပြည်သူ တွေ က ဆရာဝန် တွေ အပေါ် မကျေမနပ်ဖြစ် နေတာမို့ မျှတတဲ့ တရားစီရင်မှု ပြုလုပ်သွားဖို့ ဘေဂျင်းတိုင်းမ် သတင်း စာက တိုက် တွန်း ရေးသားခဲ့ပါတယ်။
Myanmar News Media

No comments:
Post a Comment