လက်ပံရုပ်ရှင်ဇတ်ကားဖြင့် ၂၀၁၂ ခုနှစ် အမျိုးသမီးဇတ်ဆောင် အကယ်ဒမီဆုကို
ရရှိသွားသူ သရုပ်ဆောင် ဖွေးဇွေးက ၎င်းရရှိသည့် ဆုကြေးငွေအားလုံးကို လာရောက်ကန်တော့ခဲ့ကြောင်း လက်ပံဇတ်ကားကို ဖန်တီးသူဒါရီုက်တာ ၀ိုင်းက သူ၏ဖေ့ဘုတ်စာမျက်နာတွင်ရေးသားဖော်ပြ ထားသည်။
"အကယ်ဒမီဆုပိုင်ရှင်ဖွေးဖွေးက...သူရတဲ့ဆုကြေးငွေအားလုံးကိုလာရောက်ကန်တော့သွားပါတယ်.
"အကယ်ဒမီဆုပိုင်ရှင်ဖွေးဖွေးက...သူရတဲ့ဆုကြေးငွေအားလုံးကိုလာရောက်ကန်တော့သွားပါတယ်.
..ဒီထက်ပိုပြီးတိုးတက်အောင်မြင်ပါစေ'
ဟု ဒါရိုက်တာဝိုင်းက သူ၏ဖေ့ဘုတ်စာမျက်နာတွင် ဆုကြေးငွေစာရင်းပါ
အိတ်အစိမ်းရောင်ပုံနှင့်အတူ ရေးသားထားသည်။
ထို့အပြင်ဒါရီုက်တာဝိုင်းက"တကယ်တော့သူရတဲ့အကယ်ဒမီရုပ်တုကိုပါကန်တော့တာပါ..
ထို့အပြင်ဒါရီုက်တာဝိုင်းက"တကယ်တော့သူရတဲ့အကယ်ဒမီရုပ်တုကိုပါကန်တော့တာပါ..
.ကျနော်ကလက်မခံခဲ့တာပါ..."ဟု
သူ၏ဖေ့ဘုတ်မိတ်ဆွေတို့အား ပြန်လည်ပြောကြားထားသည်ကို တွေ့ရသည်။
၂၀၁၂ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် လက်ပံရုပ်ရှင်ဇတ်ကားဖြင့် ဒါရီုက်တာဝိုင်း အကယ်ဒမီရရှိနိုင်ကြောင်း ပိရီသတ်များက ခန့်မှန်းခဲ့ကြသည်။ သို့သော် ၂၀၁၂ ခုနှစ် အတွက်ရုပ်ရှင်ဒါရိုက်တာဆုကို ကိုဇော်(အရုဏ်ဦး)က ဥ ဇတ်ကားဖြင့် ရရှိခဲ့သည်။
PN-018
(ဓါတ်ပုံ - ဒါရိုက်တာ ၀ိုင်းဖေ့ဘုတ်မှ)
ရုပ်ရှင်ဂီတ ချစ်သူများ

No comments:
Post a Comment