ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြမည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များ မကြာခဏ လိမ်လည်ခံရလျက်ရှိကာ မြ၀တီနယ်စပ်တွင် ဇန်န၀ါရီလ ပထမတစ်ပတ်အတွင်းကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၉၀ ကျော် အလိမ်ခံခဲ့ရကြောင်း သိရသည်။အဆိုပါအလုပ်သမားများအနက် ဇန်န၀ါရီ ၅ ရက်နေ့တွင် ၁၃ဦး၊ ဇန်န၀ါရီ ၆
ရက်နေ့တွင် ၄၀ဦးတို့အား မဲဆောက်မှ တာဝန်ရှိသူများက မြ၀တီနယ်စပ်ရှိ
နှစ်နိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးရုံး (မြ၀တီ)သို့
ပို့ဆောင်ပေးခဲ့ပြီး ဇန်န၀ါရီ ၈ ရက်နေ့တွင် ပိုင်ရှင်မဲ့ ယာယီနိုင်ငံကူး
လက်မှတ် စာအုပ် ၃၃ အုပ်တို့ကိုလည်း တာ့ခရိုင် Police Captain Palhapor
Onroal နှင့် Apirados Chantokol တို့ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
ပြည်ပသို့ တရားဝင်သွားရောက် လုပ်ကိုင်ရန် ယာယီနိုင်ငံကူး လက်မှတ် အတွက် ၆ လကျော် အချိန်ကြာမြင့်ခဲ့ပြီး အေးဂျင့်ဖြစ်သူ နေမင်း၏ ပို့ဆောင် ပေးမှုကြောင့် ဇန်န၀ါရီ ၆ ရက်တွင် အလုပ်သမား ၄၀ ထိုင်းနိုင်ငံ မဲဆောက်မြို့ သို့ ရောက်ရှိခဲ့သော်လည်း ကားဂိတ်တစ်ခုတွင် နေရာချထားပြီး ပြန်လည် ရာက်ရှိလာခြင်းမရှိ၍ ဒုက္ခဖြစ်နေစဉ် တာ့ခရိုင်မှ တာဝန်ရှိသူများက မြ၀တီမြို့ သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းကြောင့် မြ၀တီမြို့ရှိ တာဝန်ရှိ အဖွဲ့အစည်း များမှ လက်ခံကာ ဘုရားကြီး ကျောင်းတိုက်တွင် စောင့်ရှောက်ထား ကြောင်း သိရသည်။
“ကျွန်တော်တို့ကို နေမင်းနဲ့၊ ကြည်နိုင်ဆိုတဲ့ အေးဂျင့်တို့က တစ်ယောက်ကို ငွေကျပ် လေးသိန်းခွဲနဲ့  တစ်ဖက်နိုင်ငံမှာ အလုပ်ရတဲ့အထိ ဆောင်ရွက်ပေး မယ်ပြောပြီး တာဝန်ယူလုပ်ဆောင်ခဲ့တာပါ။ စာအုပ်ရတဲ့အထိ ၆ လကျော်ကြာ ပါတယ်။ ကုန်ကျငွေက တစ်ယောက် အနည်းဆုံး ၁၀ သိန်းအထက် ကုန်ကျပါတယ်။ တချို့က လယ်ပေါင်၊ ချေးငှား တချို့ဆို နွားရောင်းပြီးလာခဲ့ တာပါ။ ရွာကို ဘယ်လိုပြန်ကြမလဲ၊ သွားစရာမြေမရှိ၊ ပေးစရာငွေမရှိဆိုတော့ ကြုံရာအလုပ်ဝင်လုပ်ဖို့ စိတ်ကူးကြပါတယ်”ဟု ဘုရားကြီး ကျောင်းဝင်း အတွင်း ရောက်ရှိနေသော မင်းဘူးရွာသားတစ်ဦးက ပြောကြားသည်။
အဆိုပါကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးဘသိန်းအောင်နှင့်အဖွဲ့ ဇန်န၀ါရီ ၅ ရက်နေ့တွင် ပို့ဆောင်သည့် စည်သူစိုး အပါအ၀င် ၁၃ ဦးတို့အား မိုးမိုးချမ်း အထွေထွေဝန်ဆောင်မှုကုမ္ပဏီမှ တစ်ဦးလျှင် ကျပ် ၄၅၀၀၀၀ ဖြင့် တာဝန်ယူ ပို့ဆောင်ပေးခဲ့ရာ တရားမ၀င်သောနည်းလမ်း(အောက်လမ်း)မှ ပို့ဆောင်ပေး ရန် စီစဉ်နေမှုကို သိရှိရ၍ ၂၀၁၄ ဇန်န၀ါရီ ၄ ရက် မွန်းလွဲ ၁ နာရီခွဲတွင် လူကုန်ကူးရုံးသို့  စည်သူစိုး အပါအ၀င် ၁၃ ဦးနှင့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေးဂျင့်များဖြစ်သော ဦးဘသိန်းအောင်နှင့် နေမင်း(ခ)ကျော်ကြီး တို့အား ခေါ်ယူပြီး နေမင်းထံမှ ပတ်စ်ပို့များအား တိုက်ဆိုင်စစ်ဆေးရာတွင် အထွက်တံဆိပ်တုံးမှာ အတုဖြစ်နေကြောင်း သိရှိရသဖြင့် အခကြေးငွေယူပြီး တရားဝင်ဆောင်ရွက်ပေးခြင်းမရှိဘဲ လိမ်လည်ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
ထို့ကြောင့် ဦးဘသိန်းအောင်(ကျောက် မြောင်း၊ ရန်ကုန်)၊ နေမင်း(ရွှေဝါ ထွန်းလမ်း၊ အမှတ်(၅)ရပ်ကွက်၊မြ၀တီ)၊ မမိုးမိုး(ကျောက်မြောင်း၊ ရန်ကုန်)၊ ကိုကျော်ဇင်နှင့် တံဆပ်တုံးအတုပြုလုပ်ပေးခဲ့သူ အောင်ကိုလတ်(ကျောက်လုံး ကြီးဘုရားလမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြ၀တီ)တို့အား ပြည်ပအလုပ်အကိုင် ပုဒ်မ ၂၆။ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈/၁၁၄ တို့ ဖြင့် အရေးယူစစ်ဆေးလျက် ရှိကြောင်း သိရသည်။
eleven media group

No comments:
Post a Comment