လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, January 2, 2014

အကြမ်းဖက်သမားများကို အလုံးစုံ ချေမှုန်းသွားမည်ဟု ရုရှားသမ္မတ ပူတင်ပြောကြား

Photo: အကြမ်းဖက်သမားများကို အလုံးစုံ ချေမှုန်းသွားမည်ဟု ရုရှားသမ္မတ ပူတင်ပြောကြား
Thursday, January 02, 2014

အကြမ်းဖက်သမားများကို အလုံးစုံ ချေမှုန်းနိုင်ရေး လုပ်ဆောင်သွားမည်ဟု ရုရှားသမ္မတ ပူတင်က ကတိပြု ပြောကြားလိုက်ပြီး ဗော်ဂိုဂရက်မြို့၌ အသေခံ ဗုံးဖောက်ခွဲမှု နှစ်ရပ် ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ မှတ်ချက်ပေး ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံ တောင်ပိုင်းရှိ ဗော်ဂိုဂရက်မြို့ (စတာလင်ဂရက်မြို့) တွင် တနင်္ဂနွေနှင့် တနင်္လာနေ့တို့တွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ခြင်းကြောင့် လူပေါင်း ၃၄ ဦး သေဆုံးသွားခဲ့ပြီး လူပေါင်း ၆၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

ယင်းကဲ့သို့သော ဗုံးဖောက်ခွဲမှုများ ဖြစ်ပွားပြီးသည့် နောက်တွင် ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာက ဗော်ဂိုဂရက်မြို့ အများပြည်သူသုံး ပို့ဆောင်ရေး စနစ်များနှင့် ခရီးသွားလာမှုများကို စောင့်ကြည့် စစ်ဆေးလျက်ရှိသည်။

နှစ်သစ်ကူးပွဲတော် ကျင်းပရန်ရက်ပိုင်း အလိုနှင့် ရုရှားနိုင်ငံ၌ လက်ခံကျင်းပမည့် ၂၀၁၄ ခုနှစ် အိုလံပစ်ပွဲတော် ကျင်းပရန် တစ်လအလိုတွင် ယခုကဲ့သို့သော ဗုံးဖောက်ခွဲမှု နှစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
“အကြမ်းဖက်သမားတွေကို အလုံးစုံ ချေမှုန်းနိုင်သည်အထိ တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ခိုင်ခိုင်မာမာ ဆက်လက် လုပ်ဆောင်သွားပါမယ်” ဟု ရုရှားသမ္မတ ပူတင်က နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလိုက်သည်။

၂၀၁၃ ခုနှစ်အတွင်း ပြဿနာများနှင့် ကြီးမားသော စမ်းသပ်ချက်များ ကြုံတွေ့ခဲ့ရသော်လည်း ၂၀၁၄ ခုနှစ်တွင် လုံခြုံရေးရာ ခိုင်မာမှု ရှိစေရန် လုပ်ဆောင် သွားမည်စဟု ရုရှားသမ္မတ ပူတင်က ကတိပြုလိုက်သည်။

သို့သော်လည်း ဆယ်စုနှစ် နှစ်ခုကြာ သောင်းကျန်းမှု များ ဖြစ်ပွားနေသော မြောက်ပိုင်း ကော့ကေးဆပ် ဒေသမှ အစ္စလာမ္မစ် စစ်သွေးကြွများ၏ အန္တရာယ်မှ လျော့ပါးသွားခြင်း မရှိသေးဘဲ ကော့ကေးဆပ်ဒေသ အပြင်ဘက်ရှိ ရုရှားမြို့ကြီးများတွင်ပါ ဗုံးခွဲ တိုက်ခိုက်မှုများ မကြာခဏ ပေါ်ပေါက်လျက် ရှိသည်။

သမ္မတပူတင်သည် ပြီးခဲ့သည့် ၁၄ နှစ်ခန့်က အာဏာစတင် ရရှိခဲ့သူဖြစ်ပြီး ကော့ကေးဆပ်ဒေသရှိ ချေချင်းညာ သမ္မတ နိုင်ငံ ခွဲထွက်ရေးကို အင်အားသုံး ဖြိုခွင်းနိုင်ခဲ့သဖြင့် ရုရှားနိုင်ငံသားများ၏ ထောက်ခံမှု ရရှိခဲ့သော်လည်း ချေချင်းနှင့် အခြားသော အစ္စလာမ္မစ် တိုက်ခိုက်ရေး သမားများ၏ ခြိမ်းခြောက်မှု အန္တရာယ်ကို အဆုံးတိုင် ချေမှုန်းနိုင်ခြင်း မရှိသေးပေ။

အစ္စလာမ္မစ် နိုင်ငံ တည်ထောင်ရာတွင် ပါဝင်ဖွဲ့စည်းမည်ဟု တိုက်ခိုက်ရေး သမားများက ထုတ်ဖော် ပြောကြားထားကြောင်း၊ ဆိုချီမြို့တွင် ၂၀၁၄ ခုနစ် အိုလံပစ် ပွဲတော်ကို ကျင်းပမည်ဖြစ်ပြီး ယင်းပွဲတော် အောင်နိုင်စွာ ကျင်းပနိုင်ပါက ပူတင်၏ ဂုဏ်သိက္ခာ ပိုမိုမြင့်တက်လာမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

သို့သော်လည်း အိုလံပစ်ပွဲတော် ကျင်းပနိုင်ရေးကို ရနိုင်သမျှအင်အား အကုန်အသုံးပြုပြီး ဖျက်ဆီး တိုက်ခိုက်သွားမည်ဟု ချေချင်း အစ္စလာမ္မစ် စစ်သွေးကြွ ခေါင်းဆောင် ဒိုကူယူမာကော့က ခြိမ်းခြောက် ထားသည်။

ထို့အပြင် အကြမ်းဖက်သမားများကို အဆုံးတိုင် ချေမှုန်းသွားမည်ဟု သမ္မတပူတင်က မကြာခဏ ထုတ်ဖော်ကြုံးဝါးလေ့ ရှိသော်လည်း လက်ရှိအချိန်ထိ သိသာသော အောင်မြင်မှု မရရှိသေးပေ။

၂၀၁၀ ခုနှစ်တွင် မော်စကိုမြို့တော် မြေအောက်ရထားအတွင်း ကော့ကေးဆပ် ဒေသခံတစ်ဦးက အသေခံ ဗုံးဖောက်ခွဲ ခဲ့ခြင်းကြောင့် လူပေါင်း ၄၀ သေဆုံးခဲ့သလို ၂၀၁၁ ခုနှစ်တွင် မော်စကိုလေဆိပ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၃၇ ဦး သေဆုံးခဲ့ပြီး ၂၀၁၃ ခုနစ် ဗော်ဂိုဂရက် ဗုံးပေါက်ကွဲမှုတွင် လူပေါင်း ၃၄ ဦး သေဆုံး ခဲ့ရပြန်သည်။

The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..