လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, January 6, 2014

လက်မောင်း ကြွက်သားများ ဗလ တောင့်စေဖို့

Photo: လက်မောင်း ကြွက်သားများ ဗလ တောင့်စေဖို့
========================

အားကစားရုံ (gym) သွားပြီး လေ့ကျင့်ဖို့ အချိန်မပေး နိုင်ဘူးလား။

အလေးမဖို့ ပစ္စည်းပစ္စယ အကုန်အကျ မခံချင်ဘူးလား၊ လက်မောင်း ကြွက်သားတွေ တောင့်တင်းအောင် အိမ်မှုကိစ္စ လေးတွေ ပြုလုပ်ရင်း လေ့ကျင့် နိုင်ပါတယ်။

(၁) ရေညှိသတ်ဆေးမသုံးပါနှင့်

ရေချိုးခန်းထဲ၊ မီးဖိုချောင်ရေက ပြင်ထဲမှာ ပေါက်လာတဲ့ ရေညှိတွေကို ဘရပ်ရှ်သုံးပြီး တစ်ပတ်တစ်ခါ ပွတ်တိုက် သန့်စင်ပါ။ အားသန်တဲ့ လက်တစ်ဖက်တည်း တောင့်တင်း မလာအောင် လက်နှစ်ဖက်လုံး သုံးပြီး တိုက်ချွတ်ပါ။

(၂) ပေါင်မုန့်ဖုတ်ပါ

ဂျုံနယ်ရတဲ့ အလုပ်၊ မုန့်ဖုတ်ရတဲ့ အလုပ်ဟာ လက်မောင်းကြွက်သား သန်စွမ်း စေရုံ သာမက ဂျုံနံ့သင်းသင်း လေးကြောင့် စိတ်ဖိစီးမှုကိုပါ လျော့ကျ စေပါတယ်။

(၃) ဓါးကြီးကြီးသုံးပါ

မီးဖိုချောင်သုံးဓါးကို လက်ကိုင်ရိုးနှင့် ဓါးသွား တစ်ဆက်တည်း သံမဏိနှင့် ပြုလုပ်ထားသည့် ဓါးအကြီးစားကို သုံးကြည့်ပါ။ ဓါးလှီးရတာ ပိုအဆင်ပြေသလို လက်မောင်းကိုပါ သန်မာ စေပါတယ်။

(၄) အ၀တ်ကြိုးတန်းအားလုံးကို မြှင့်ထားပါ

နေပူလှန်းတဲ့ ကြိုးတန်း၊ အ၀တ် ချိတ်ကြိုးတန်း အားလုံးကို မိမိ အရပ်ထက် မြင့်တဲ့ နေရာမှာ သွယ်တန်းပါ။ အ၀တ်လှန်းတာ၊ အ၀တ်ရုတ်တာ မကြာခဏလုပ်ရင်း လက်မောင်းလေ့ ကျင့်ခန်းပါ လုပ်ပြီးသား ဖြစ်စေပါတယ်။

(၅) လက်ကွေးပြီးမပါ

ပစ္စည်းတွေ ဆွဲမတဲ့အခါ လက်ဆန့်ပြီး ဆွဲတာထက် တံတောင်ဆစ် ကွေးပြီးမပါ။ လက်ဖ၀ါးကို ပုခုံးနားမှာ ထားပြီး တံတောင်ဆစ်ကို နံကြားမှာ ကပ်ထားတဲ့ ပုံစံနှင့် ဆွဲမပါ။ လက်မောင်း ကြွက်သားတွေကို အလုပ်ပေးပြီး ဖြစ်သလို ကယ်လိုရီများမှာ လောင်ကျွမ်း စေပါတယ်။

သီဟ
credit to Health Updates Journal

http://www.myawady.net.mm/healthknowledge/item/13870-2013-05-15-10-06-47

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..