လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, January 13, 2014

နိုင်ငံကျော် ဟာသလူရွှင်တော်ကြီး အကယ်ဒမီ ဦးမော့စ် ၁နှစ်ပြည့် အလွမ်းပြေ ဟာသပဒေသာ ကပွဲကြီး ကျင်းပမည်

Photo: နိုင်ငံကျော် ဟာသလူရွှင်တော်ကြီး အကယ်ဒမီ ဦးမော့စ် ၁နှစ်ပြည့် အလွမ်းပြေ ဟာသပဒေသာ ကပွဲကြီး ကျင်းပမည်
Sunday, January 12, 2014

ရန်ကုန်၊ မဇ္ဈိမ။ ။နိုင်ငံကျော် ဟာသ လူရွှင်တော်ကြီး အကယ်ဒမီ ဦးမော့စ် ၁နှစ်ပြည့် အလွမ်းပြေ ဟာသ ပဒေသာ ကပွဲကြီးကို လူရွှေင်တော်အသင်း(ရန်ကုန်)နှင့် အကယ်ဒမီမော့စ်၏ မိသားစုတို့က ပူးပေါင်း လုပ်ဆောင်မည်ဟု ဟာသပဒေသာ ကပွဲပြုလုပ်ရန် ဇန်နဝါရီ ၁၂ရက် နံနက်က City Star Hotelတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။ 

ထိုဟာသပဒေသာကပွဲတွင် လူရွှင်တော်များစွာ ပါဝင်မည်ဖြစ်ပြီး သရုပ်ဆောင် မော့စ်၏ တစ်ချိန်က ကပြတင်ဆက်ခဲ့သည့် ပြဇာတ်တွေကို ပြန်လည်ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ရက်တွင် ပြည်သူရင်ပြင်၌ ကျင်းပမည်ဖြစ်သည်။ 

"လူရွှင်တော်အသင်းက ဒီပွဲ မလုပ်ခင် ရန်ပုံငွေပွဲ တစ်ခု လုပ်ဖို့ စီစဉ်ထားတာ။ အဲဒီအချိန်မှာ ကိုမော့စ် ရဲ့ မိသားစုက ဒီလိုလေး လုပ်ချင်တယ် လာပြောတော့ ကောင်းတာပေါ့ အားလုံး လုပ်ကြမယ် ဆိုပြီး လုပ်ဖြစ် သွားတာပါ ။ ဒီပွဲကို ကိုမော့စ်ကို အခုချိန်ထိ မမေ့ဘဲ အားပေးနေတဲ့ ပရိသတ်တွေ ကိုမော့စ်ရဲ့ ပြဇာတ်တွေကို ကြိုက်နှစ်သက်တဲ့ သူတွေ အတွက် ကိုယ်မော့စ် ကခဲ့တဲ့ ပြဇာတ် ၇ခု၊ ၈ခု လောက်ထိ ကျွန်တော်တို့ ကပြဖျော်ဖြေ ကြမှာပါ။ ဒီပွဲ တစ်ခုလုံးကိုလဲ ကိုမော့စ်ရဲ့ ပုံရိပ်တွေနဲ့ပဲ ပြုလုပ်ထားမှာပါ" ဟု လူရွှင်တော်အသင်း (ရန်ကုန်)၏ ဥက္ကဋ္ဌ ကိုခင်လှိုင်က ပြောသည်။ 

ဦးမော့စ်အလွမ်းပြေ ဟာသပဒေသာ ကပွဲ၏ အဝင်အဝတွင် အကယ်ဒမီ မော့စ်၏ လူရွှင်တော်ဝတ်စုံဖြင့် အကယ်ဒမီဆု ကိုင်ထားသည့် ပုံကို ထားရှိမည်ဖြစ်ပြီး LEDဖြင့် မော့စ်၏ ဇာတ်လမ်းတိုများကို ပြသသွားမည်ဖြစ်သည်။ 

ထို့အပြင် ပဒေသာကပွဲ၌ အကယ်ဒမီမော့စ်၏ ပုံတူရွေးပွဲကို ပြုလုပ်မည်ဖြစ်ပြီး မော့စ်နှင့် တူသည့်သူများကို ပထမ၊ ဒုတိယ၊ တတိယရွေးချယ်ကာ ဆုချီးမြှင့်မည်ဟုလည်း ဆိုသည်။ 

ပဒေသာကပွဲ လက်မှတ်များအနေဖြင့် ကျပ် ငါးထောင်၊ ခုနှစ်ထောင်၊ တစ်သောင်း သတ်မှတ်ထားသည်။ 

အကယ်ဒမီ မော့စ်သည် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်တွင် အသည်းရောဂါဖြင့် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ SSCဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် မော့စ်သည် အသက် ၅၉နှစ်ရှိပြီဖြစ်သည်။ 

ဓာတ်ပုံအညွှန်း>>>> ၂၀၁၁ခုနှစ်အတွက် အကောင်းဆုံး အကယ်ဒမီ ဇတ်ပို့ဆု ရယူခဲ့သော အကယ်ဒမီမော့စ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်)

Mizzima - News in Burmese

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..