လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, January 1, 2014

အင်္ဂလိပ် ရက်စွဲများလွှမ်းမိုးခြင်း၏ သာသနာအပေါ် ထိခိုက်မှု့များ

Photo: အင်္ဂလိပ် ရက်စွဲများလွှမ်းမိုးခြင်း၏ သာသနာအပေါ် ထိခိုက်မှု့များ
Wednesday, January 1, 2014

သီရိလင်္ကာနိုင် ငံ***

သီရိလင်္ကာသို့ သာသနာရောက်ခဲ့သည်မှာ (၂၃၆)ခုနှစ် နယုန်လပြည့်နေ့ဖြစ်သည်။

ယနေ့ထိ ဗုဒ္ဓဘာသာ ထွန်းကားလျက်ရှိသော သီရိလင်္ကာ နိုင်ငံ၌သီရိလင်္ကာရက်စွဲပျောက်နေသည်
ဂဏန်းစာလုံးပါ ပျောက်နေပြီဖြစ်၍ အင်္ဂလိပ်ဂဏန်း စာလုံးကို သာ သုံးစွဲရေးသားနေကြရသည်။

****ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံ ၌ ကိုယ်ပိုင်ရက်စွဲရှိသည်။
ထိုင်းနိုင်ငံသုံး သက္ကရာဇ်မှာ သာသနာ သက္ကရာဇ် ပင်ဖြစ်သည်။

ကွာခြားချက်မှာ ထိုင်းနိုင်ငံ သုံးရက်စွဲများ ၌ လဆန်းပက္ခ လဆုတ်ပက္ခ
မထားပဲ အင်္ဂလိပ်ရက်အတိုင်း ၁ ရက်မှ ၃၁ ရက် ထားခြင်းဖြစ်သည်။

သာသနာတော်အတွက် အရေးကြီးသော လဆန်းပက္ခ လဆုတ် ပက္ခ
များ မရှိဖြစ်နေသည်။

လများမှာလည်း
မုက္ကရာခုမ်၊ ကုမ္ဘာစသည့် (၁၂)လအမည်များ ရှိနေသည်။

သာသနာနှစ်ကို ထိုင်းခုနှစ်အဖြစ် ယူထားသော်လည်း ခုနှစ် အသစ်ပြောင်းရာ၌ သာသနာနှစ် ပြောင်းမြဲဖြစ်သည့် ကဆုန်လပြည့်ကျော် ၁ရက်နေ့မှာ မပြောင်းဘဲ အင်္ဂလိပ်ခုနှစ် အသစ်ပြောင်းသည့် ဇန်နဝါရီ ၁ ရက်နေ့၌ ပြောင်းထားသည်ကို တွေ့ရ၏

အစိုးရက ပြက္ခဒိန်၌ တလ လေးသီတင်း
သင်္ကေတပြု ၍ ဖာထေးထားလေ၏။
အင်္ဂလိပ်ရက်စွဲများ၏ ၀ါးမျိုမှု့များကို
ခံထားရလေသည်။

***မြန်မာနိုင် ငံ

မြန်မာနိင်ငံ၌ မြန်မာရက်စွဲ မပျောက်သေးပါ ဟူ၍ ဆိုနိုင်ရုံမျှသာ
ရှိပါသည်။
မြန်မာရက်စွဲကို မသိကြ ။
သုံးပါက တောကျ၏ ။
ခေတ်မမီ
ဟု မှတ်ထင်ကြ၏။

မြန်မာ သက္ကရာဇ်သည် သာသနာခုနှစ် မှလာ၏။

မြန်မာလ များမှာ ဘာသာရေး
ပွဲတော်များ ရှေးအစဉ်အလာ ယဉ်ကျေးမှု့ ပွဲများ ဖြင့်ပြည့်နေ၏

ဘာသာယဉ်ကျေးမှု့ နှင့် စပ်ဆက်နေလေ၏

မြန်မာရက်များသည်
ပက္ခ များဖြင့် ဖွဲ့စည်းထားလေသည်။ လဆန်းပက္ခ တွင် ၁၅ရက်
အမြဲ ရှိရ၏ ။
လဆုတ် ပက္ခတွင် ၁၄ ရက်တလှည့် ၁၅ရက် တလှည့်
ရှိရလေသည်။

ထိုသို့ ၂ ပက္ခ ရှိသဖြင့် ရဟန်းတော်များ ဥပုသ်ပြုနိုင်ကြ လေသည်။

*အင်္ဂလိပ်ရက်များတွင် ထိုသို့ ပက္ခများမရှိ။

ထို့ပြင် ရဟန်းတော်များ
ဝါဆိုရက်မှာ
ဝါဆိုလပြည့်ကျော် ၁ ရက် (သို့) ၀ါခေါင်လပြည့်ကျော် ၁ရက်ဖြစ်၏

*အင်္ဂလိပ် ရက်စွဲများ ၌ ၀ါဆို ၀ါခေါင် မရှိ

ထို့ပြင် ဝါတွင်း ကာလ ၌
ဥပုသ်သေး ဥပုသ် ကြီး ရက်များ
(လဆန်း ၈ ရက် လပြည့် လကွယ် စသည်)၌ ၈ ပါးသီလ
စသည် ဆောက်တည်ကြ၏

*အင်္ဂလိပ် ရက်စွဲများ၌ ဥပုသ် သေး ဥပုသ်ကြီး ရက်များ
(လဆန်း ၈ ရက်လပြည့် လကွယ်နေ့ စသည် ) မရှိ။

ထို့ကြောင့် ……………
အင်္ဂလိပ် ရက်စွဲလွှမ်းမိုး၍
မြန်မာရက်စွဲ ပျောက်သည်
ရှိသော် ဘာသာ ယဉ်ကျေးမှု့အရ ဆုံးရှုံးမှု့ များစွာ ရှိလာနိုင်ပေသည်။

ထို့ကြောင့် မြန်မာရက်စွဲကို ထိန်းသိမ်းကြ၍ မြန်မာ ရက်စွဲ မပျောက်
ကွယ်ရေးကို
အလေးထားဆောင်ရွက်သင့်သည်။

Ref.ကထိကရဟန်းရေး စာစောင်တခုမှ။
*ငြိမ်းလဲ့။
Today Myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..