ဂျပန်မှ ဟချိကို ဆိုတဲ့ ခွေးလိမ္မာလေးဟာ သူ့သခင်အလုပ်သွားအလုပ်ပြန်ကို ဘူတာရုံမှာ နေ့စဉ်အသွားအပြန်အမြဲသွားကြိုလေ့ရှိပါတယ်။ တစ်နေ့မှာ သူ့ရဲ့သခင်ဟာ မမျှော်လင့်ပဲ လမ်းမှာသေဆုံးသွားပါတယ်။ ပြန်မလာနိုင်တော့ပါဘူး။
ဒါပေမယ့် ဟချိကိုကတော့ သူစောင့်နေကျ ဘူတာရုံလေးမှာပဲ သူ့သခင်ပြန်အလာကို ၉ နှစ်တိတိစောင့်မျှော်နေခဲ့ပါတယ်။ အခြားသူများသတိထားမိပြီး ဘယ်သူခေါ်ခေါ် ဒီဘူတာရုံကိုပဲ ပြန်လာပြီး သူ့သခင်ကို စောင့်မြဲစောင့်နေခဲ့ပါတယ်။
သူ့သခင်ကိုစောင့်နေရင်း အသက်တဖြေးဖြေးကြီးရင့်လာပြီး အဲဒီဘူတာရုံလေးမှာ သေဆုံးခဲ့ပါတယ်။ အဲဒီမြို့မှ မြို့ပိုင်များအပါအ၀င် လူအများကို သစ္စာရှိသော ဟချိကိုရဲ့ရုပ်အလောင်းကို အဲဒီဘူတာရုံဘေးနားမှာပဲ တခမ်းတနားဖြင့် မြုပ်နှံပေးခဲ့ကြပါတယ်။
အခုထိ ဟချိကိုရဲ့သူ့သခင်အပေါ် ကျေးဇူးစောင့်သိပြီး သစ္စာရှိပုံကို ဂျပန်နိုင်ငံမှ ပြဌာန်းစာအုပ်အများအပြားမှာ ထည့်သွင်းဖော်ပြပြီး ဂုဏ်ပြုပေးလျှက်ရှိနေပါတယ်။
ဒီပုံကတော့ ဟချိကိုရဲ့ နောက်ဆုံးဓါတ်ပုံပဲဖြစ်ပါတယ်။
Credit to Original Post (Unknown)
Ken Ken

No comments:
Post a Comment