လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, November 17, 2013

ဖုန်းထဲက သီချင်းသံကို နှစ် ဆ ကျယ်လာစေမယ့် Sensor music player (for andriod)

Android ဖုန်းတွေမှာ သီချင်းဖွင့်နားထောင်လို့ အသံတိုးနေတယ်ဆိုရင် Sensor Music Player လေးကိုသုံးကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ ရိုးရိုး Player နဲ့ ဖွင့်တာထက် အသံနှစ်ဆ ပိုကျယ်တဲ့အပြင်သီချင်းဖွင့်ထားတဲ့အချိန် နောက်တစ်ပုဒ်ကျော်ချင်ရင် ခလုတ်တွေ လိုက်နှိပ်စရာမလိုပဲ ဖုန်း Screen ပေါ်ကို လက်ကလေးဝှေ့လိုက်တာနဲ့ ပြောင်းတာ၊ ဖုန်းကို ဘောင်းဘီ အိတ်ထဲ ထည့်ထားရင်းပုတ်လိုက် တာနဲ့ပြောင်းတာ၊ စားပွဲပေါ် တင်ထားရင်း တစ်ချက်ထုလိုက်တာနဲ့ နောက်တစ်ပုဒ် ပြောင်းတာတွေပါ ပါဝင်ပါတယ်။


Player ကို ဖွင့်ပြီးတော့ LIBRARY ကို နှိပ်ကာ ကိုယ် နားထောင်ချင်တာကို ရွေးဖွင့်နိုင်ပါတယ်။


အသံ ၂ ဆ ကျယ်ဖို့ကတော့ အပေါ်ဆုံးက ပုံလေးရဲ့ ညာဘက်အစွန်က ဝိုင်းပြထားတာလေးကို နှိပ်ပြီး
အပေါ်ကို ဆွဲတင်လိုက်ရုံပါပဲ။ သီချင်းကို နားထောင်ကြည့်ပြီး အဆင်ပြေသလို ရွှေ့လိုက်ပေါ့နော်..။



သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူသွားနိုင်ပါတယ်.....။

အားလုံအဆင်ပြေပါစေ ..။
ဇော်မင်းသန်း..။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..