လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, November 5, 2013

Google က ဝန်းထမ်းကို တစ်သက်စာ ထောက်ပံ့

Photo: Google က ဝန်းထမ်းကို တစ်သက်စာ ထောက်ပံ့
Tuesday, November 5, 2013

ပုံမှာ မြင်တွေ့နေရတာ စားသောက်ဆိုင် မဟုတ်ပါဘူး။ Google ရုံး အဆောက်အအုံအတွင်းမှာ ရှိတဲ့ အခမဲ့ ကြိုက်သလောက် စားသောက်နိုင်သော ဘား ဖြစ်ပါတယ်။

Google ဟာ ဝန်ထမ်းများအပေါ် အကောင်းဆုံး ထောက်ပံ့မှုပေးတဲ့ ကုမ္မဏီအဖြစ် စံချိန်တင်ထား ပါတယ်။ အကယ်၍ Google က ဝန်ထမ်း တစ်ယောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ရင် ယင်း ဝန်ထမ်းရဲ့  ကျန်ရှိသူ မိသားစု ဇနီး (မှီခိုနေရသူ) ကို ဝန်ထမ်းရဲ့ လစာ တစ်ဝက်အား ၁၀ နှစ်တိတိပေးပြီး သားသမီး ရှိရင် အသက် ၁၉ နှစ်အရွယ် အထိ ကျောင်း တက်ဖို့အတွက် ထောက်ပံ့ငွေကြေး နှစ်စဉ် ပေးအပ် ပါတယ်။ ပြီးတော့ ထူးချွန်ရင် ထူးချွန်တဲ့အလျောက် မြေတောင်မြောက်ပေးပြီး လိုအပ်ရင် Google မှာ အလုပ်သွင်းပေးကြောင်း ဆိုပါတယ်။

ဒါကြောင့်မို့ Google ဟာ ကမ္ဘာပေါ်မှာ ဝန်ထမ်းထောက်ပံ့မှု အကောင်းဆုံး ကုမ္မဏီ တစ်ခုအဖြစ် မှတ်တမ်းတင် ထားကြောင်း သိရပါတယ်။
.
Ref: ubefacts
အောင်ခမ်း ( smart.com.mm )

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..