နီပေါ နိုင်ငံတွင် ယခင်ဝန်ကြီးချုပ်ဟောင်း ပွတ်ရှ်ပါကမ်မဲလ်ဒါမက်လ်က ကြာ
သပတေးနေ့ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိနေခြင်းကြောင့်
ရွေးကောက်ပွဲကိုရပ်ရန် တောင်း ဆိုလိုက်ကြောင်း
သိရသည်။Maovst အပါတီခေါင်းဆောင် ပရာချမ်ဒါဟု လူသိများသော ပွတ်ရှ်ပါက
မဲပုံးများသည် မဲရေ တွက်သည့်နေရာသို့ သယ်ဆောင် နေစဉ်အတွင်း
ဖောက်ဖြဲခံခဲ့ရသည် ဟု ဆိုသည်။
ဝန်ကြီးချုပ်ဟောင်း ပရာချမ်ဒါ(ပွတ်ရှ်ပါ)က သတင်း စာရှင်းလင်းပွဲပြုလုပ်ရာတွင် မဲ ဆန္ဒထည့်ဝင်သော ပြည်သူများ ၏ဆန္ဒကို လေးစားသော်လည်း မဲမသမာကြံစည်မှုကို လက်မခံနိုင် ကြောင်း ပြောကြားခဲ့သည်။
ကြာသပတေးနေ့တွင် ပြု လုပ်ခဲ့သောရွေးကောက်ပွဲတွင် ၂၀၀၈ခုနှစ်ထက် ဆန္ဒမဲထည့်ဝင် သူ အရေအတွက်မှာ ပိုမိုများပြားခဲ့ သည်ဟု သိရသည်။ သို့သော် ၂၀၀၆ခုနှစ်တွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ပြည်တွင်းစစ်ပွဲ များအဆုံးသတ်ပြီးနောက် ဒုတိယ အကြိမ်ကျင်းပသော ယခုရွေး ကောက်ပွဲတွင် ယင်းဝန်ကြီးဟောင်း ပရာချမ်ဒါက ရွေးကောက်ပွဲကို ရပ်တန့်ရန်တောင်းဆိုခဲ့ပြီး နိုင်ငံ တွင်း အနည်းငယ်မတည်ငြိမ်ဖြစ် လာခဲ့သည်ဟု သိရသည်။
ရွေးကောက်ပွဲဆန့်ကျင်သူ တချို့သည် ယာဉ်များကို မီးရှို့ ခြင်း၊ လက်လုပ်ဗုံးများ လူစုံရာ ဖောက်ခွဲခြင်းများ ပြုလုပ်ခြင်း ကြောင့် တစ်ဦးသေဆုံးကာ ၃၇၀ ဖမ်းခံထားရသည်ဟု သိရသည်။ လက်ရှိရွေးကောက်ပွဲအကြိုရလဒ် အရ ဝန်ကြီးချုပ်ဟောင်းပရာချမ် ဒါ၏ပါတီမှာ ရွေးကောက်ပွဲနေ ရာ၁၅၉နေရာတွင် ၆ရာခိုင်နှုန်း သာရရှိထားပြီး အရေးနိမ့်နေသည် ဟု သိရသည်။
Ref AFP
Yangon Media Group

No comments:
Post a Comment