လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, November 30, 2013

သက်တော် ၁၀၄ နှစ် ဆရာတော်ကြီးဦးသြဘာသ၏ ဆင်ဖြူတော်ကျောင်းတိုက်သို့ သာသနာပြုမြွေကြီးရောက်ရှိနေ

Photo: သက်တော် ၁၀၄ နှစ် ဆရာတော်ကြီးဦးသြဘာသ၏ ဆင်ဖြူတော်ကျောင်းတိုက်သို့ သာသနာပြုမြွေကြီးရောက်ရှိနေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘီးလင်းတန်းရပ်ကွက်၊ ပေါက်ကုန်း၊ ဆင်ဖြူတော် ဘုန်းတော် ကြီး ကျောင်း တိုက်(သက်တော်ရှည်)၊ သက်တော် (၁၀၄)နှစ်ရှိ ဆရာတော်ကြီး ဘဒ္ဒန္တသြဘာသ၏ ကျောင်းတိုက်တော်ကြီးသို့ ၂၁-၁၁-၂၀၁၃နေ့ ညနေ (၆း၁၅)နာရီခန့်က လုံးပတ်(၁၀)လက်မ၊ အရှည် (၈)ပေရှိ စပါးကြီး မြွေမကြီးတစ်ကောင် မထင်မှတ်ဘဲ ရောက်ရှိ လာခဲ့သည်။

သမိုင်းဖြစ်စဉ်မှာ ယခုပေါက်ကုန်း၊ ဆင်ဖြူတော် ဘုန်းတော်ကြီး ကျောင်းတိုက်ကြီး၏ လက်ရှိဆရာတော် သက်တော်(၁၀၄)နှစ်ရှိ ဆရာတော် ဘဒ္ဒန္တသြဘာသနှင့် အတူ ရန်ကုန်တိုင်း ဒေသကြီးရှိ အာလိန် ငါးဆင့် ဆေးဝင်္ကပါ ဆရာတော် ဦးသူရိယ၏ အောင်မြေကျောင်း တိုက်တစ်ခုဖြစ်ခဲ့ပါသည်။ ၎င်း ကျောင်းတိုက် တော်ကြီးအား သက်တော်ရှည် မေတ္တာဝါဒီ ဆရာတော် ဘုရားကြီးနှင့်အတူ ဆေးဝင်္ကပါ ဆရာတော် ဘုရားကြီးတို့ (၂)ပါးက ပေါက်ကုန်း၊ ဆင်ဖြူတော်ကျောင်း တိုက်အား တည်ထောင်တော် မူခဲ့သည်။

၂၁-၁၁-၂၀၁၃နေ့ ညနေ ၆း၁၅ နာရီခန့်တွင် နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် နတ်လမ်းပေါ်၌ သာသနာပြု စပါးကြီးမြွေကြီး ကို ကျောင်းသားများ တွေ့ရှိ၍ အုတ်အော်သောင်းတင်း အသံများကို ကြားသောအခါ ကိုရွှေကျီးသည် အိမ်မှကျောင်းဝင်း အတွင်းသို့ လာစဉ်တွေ့ရှိပြီး ၎င်းကိုယ်တိုင် ဦးခေါင်းပိုင်းမှ ကိုင်ပြီး အခြားလူ ၃ ဦးဖြင့် မြွေကြီးအား မယကာ ကျောင်းတော် ကြီး၏အောက်ဘက်၌ ထိန်းသိမ်း စောင့်ရှောက်ထားပြီး သက်တော် ရှည်ဆရာတော် ဘုရားကြီးက ၎င်းသည် သာသနာပြုရန် လာတာဖြစ်တယ်။ မသတ်ရန်နှင့် မြွေကြီးအား ယခု ကျောင်း ထိုင်ဆရာတော်က မေတ္တာသုတ်၊ ပဋ္ဌာန်းဒေသနာ တော်များကို နံနက်၊ ညနေ ရွတ် ဖတ်ပူဇော်သည့်အခါ နာယူမှုပြု လုပ်ပါသည်။ ၎င်းသာသနာပြု စပါးကြီး မြွေမကြီးအား အထူးအဆန်း သဖွယ် မြို့ပေါ်နှင့် မြို့နီးချုပ်စပ်မှ လာရောက်ကြည့်ရှုသူများ နေ့ည (၁၀၀၀)ကျော်ခန့်ဖြင့် စည်ကား လျက်ရှိပါသည်။

http://myawadynews.blogspot.com/2013/11/blog-post_416.html

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..