လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, November 4, 2013

ဖိုးချစ်က မိမိမွေးရပ်မြေတွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိနိုင်ရန် ကြိုးပမ်း


ဇာတ်မင်းသားဖိုးချစ်သည် ၎င်း၏ မွေးရပ်မြေဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးသွန်းရုပ်တုထားရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖိုးချစ်ကမဇ္ဈိမသို့ ပြောကြားလိုက်သည်။
ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော လူငယ်များပေါ်ထွက်ရန်နှင့် တိုင်းပြည်အပေါ် အသက်ပေးပြီး စွန့်လွှတ်ခဲ့ သည့် ပုဂ်္ဂိုလ်များကို ဂုဏ်ပြုရန် ရည်ရွယ်ချက်ဖြင့် ထားရှိရန်ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်သည်။ ၎င်းရုပ်တုမှာ အရွယ်အစားအားဖြင့် ခြောက်ပေမှ ကိုးပေအထိရှိ မည်ဖြစ်သည်။
ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်းကြေး သွန်းရုပ်တု ထုလုပ်ခြင်းနှင့်ပတ်သက်ပြီး ဖိုးချစ်က “ဗိုလ်ချုပ်အောင် ဆန်းက လေးစားပြီး အတုယူဖို့ကောင်းတဲ့ ရာဇ၀င် ရှိတယ်။ ရိုးရိုးကုတ်ကုတ်နဲ့ ကြိုးစားတတ် တဲ့

ဗိုလ်ချုပ် ရဲ့စိတ်ဓာတ်ကို နောင်လာကြ မယ့်မျိုးဆက်သစ်တွေက မှတ်မှတ်ရရနဲ့ စိတ်ထဲမှာရှိနေစေချင်တာပါ။ ကျွန် တော် တို့တွေ ကိုယ့်မြေပေါ်မှာ ထည်ထည်ဝါ၀ါ နေထိုင်ရအောင်လို့ လုပ်ဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်ကို မမေ့ ဖို့အတွက် ကျွန်တော့် အနေနဲ့ ကြေးရုပ်ကိုထားဖို့ ကြိုးစားတာ ပါ။ တချို့သောနယ်မြို့တွေမှာ ဗိုလ်ချုပ်ရဲ့ရုပ်တုတွေကို တွေ့ရတော့ ကျွန်တော် တို့မြို့မှာလည်း ထားချင်လို့ပါ။ လက်ရှိတော့ ဗိုလ်ချုပ်မြင်းစီးနေ တဲ့ဟန်ကို ထုလုပ်ဖို့ ရည်ရွယ်ပြီး ကြေးပိဿာချိန် ဘယ်လောက်ကုန်မလဲဆိုတာတွေကို ပညာရှင်တွေနဲ့ တွက်ချက်နေပါတယ်။ ထုလုပ်မယ့် ဆရာကြီးတွေနဲ့လည်း ပြောဆိုဆွေးနွေးနေပါတယ်” ဟုဆိုသည်။

ယင်းဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ဘလူ မြို့၊ ပန်းခြံရှေ့ရှိ လမ်းဆုံတွင် ထားရှိမည်ဖြစ်ပြီး ယခုအခါတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း၊ ခွင့်ပြုချက်ရရှိပါက ၂၀၁၄ ခုနှစ်အတွင်း အပြီး လုပ်ဆောင်မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..