လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, November 7, 2013

ရောဂါများအတွက် အသီးအရွက်များနဲ့ ဖြေရှင်းမည်

Photo: ရောဂါများအတွက် အသီးအရွက်များနဲ့ ဖြေရှင်းမည်
Wednesday, November 6, 2013

ဖရဲသီးသည် အသားအရည်ကို လှပစေနိုင်

လတ်ဆတ်သည့် ဖရဲသီး တစ်လုံးကို ယူ၍ အပေါက် ဖောက်ပြီး ထိုအပေါက် ထဲသို့ ဆန်လက် (၃)ဆုပ်၊ မြေဖြူ လက်တစ်ဆုပ်၊ ပရုတ် အနည်းငယ် သံပုရာ (၂) ဇွန်း ထည့်ပါ။ တစ်ပတ်ခန့် ထားပြီး အရိပ် အောက်တွင် အခြောက်ခံ အမှုန့်ပြုပါ။ ဆေးမှုန့်၊ လက်ဖက်ရည် (၁) ဇွန်းကို နွားနို့အနည်းငယ်ရောပြီး အသားအရည် လိမ်းဆေး တစ်လက်အဖြစ် အသုံးပြုနိုင် ပါသည်။

နနွင်းကိုသောက်သင့်

နှလုံးသွေးကြော ရော၈ါခံစား နေရသူများ၊ ဆေးလိပ် သောက်သုံးသူများ၊ ကိုလက်စထရောများ သူများ နနွင်းကို သောက်သုံး သင့်ပါသည်။ နနွင်းတွင် ကာကူမင် (crcumin) ခေါ် ပစ္စည်းတစ်မျိုး ပါဝင်ပြီး ထိုပစ္စည်းမှာ ရောဂါ တိုက်ဖျက်နိုင်သည့် ပစ္စည်းဖြစ်ပါသည်။

သွေးတိုးနှင့် ကြက်သွန်နီ

ကြက်သွန်နီ သတ္တုရည် လက်ဖက် ရည်ဇွန်း တစ်ဇွန်း၊ ပျားရည်လက်ဖက်ရည် ဇွန်း တစ်ဇွန်း ကို ရောစပ် သောက်သုံးပေးပါက သွေးတိုးကျစေသည်။ ကြက်သွန်နီသတ္တုရည်၊ ပျားရည်၊ ချင်းသတ္တုရည် သုံးမျိုးကို ဆတူရော သောက်ပေးပါက သွေးဖိအားတိုးခြင်းနှင့် ကိုလက်စထရောပမာဏကို လျော့ကျစေ နိုင်သည်။

အစာအိမ်အတွက် စမုန်နက်

အစာအိမ်ရောဂါများတွင် စမုန်နက် အမှုန့်ကို ၆ ဂရမ်မှ ၁၀၈ ဂရမ်ထိ အစာစားပြီးနောက် ကျွေးပေးပါက အူ လမ်းကြောင်းကို သန့်ရှင်းစေပြီး အစာ မကြေခြင်းကို ပျောက်ကင်းစေသည်။

ကြက်ဆူနှင့် ဓမ္မတာ

ဓမ္မတာချုပ်၍ ဆင်းရန်ခက်ခဲသော ဓမ္မတာတွင် ကြက်ဆူပင်အရွက်ကို ဆီးခုံ၌ ကပ်ပေးပါက ဓမ္မတာကို ဆင်းစေ သည်။

သန်းထူသူများအတွက် ဗာဒံဆန်

ဗာဒံဆန်(၁၀)ခုခန့်ကြိတ်ပြီးသံပုရာရည်(၂)ဇွန်းခန့်ရောစပ်ပြီးဦးရေ ပြားကိုလိမ်းကျံပေးက သန်းများကို သေ စေနိုင်သည်။

မြ၀တီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..