မြန်မာ ဖူဆယ်အသင်းသည် ဆီးဂိမ်းပြိုင် ပွဲတွင် ဖိုင်နယ်သို့ တက်ရောက်
နိုင်ရန်မျှော်လင့်ထားသော်လည်း အုပ်စုမဲခွဲပွဲတွင် အသင်းငယ်များ
နှင့်ကျရောက်နိုင်ရန် မျှော်လင့် လျက်ရှိကြောင်း
သိရသည်။ မြန်မာဖူဆယ်အသင်းသည် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင် ပွဲတွင်
အောင်မြင်မှုမရရှိခဲ့ဘဲ အုပ် စုအဆင့်မှ ထွက်ခွာခဲ့ရပြီး ဆီး
ဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုများ ရရှိရန် မျှော်လင့်နေခြင်းဖြစ်သည်။
ဖူဆယ်အမျိုးသားအသင်း၏ အ တွင်းရေးမှူး ဦးအောင်မော်သိန်း က ''ကျွန်တော်တို့အနေနဲ့ ဆီး ဂိမ်းမှာ ဖိုင်နယ်တက်ရောက်နိုင် ဖို့ မျှော်လင့်ထားပါတယ်။ အပွင့် လင်းဆုံးပြောရရင် ဖိုင်နယ်တက် ရောက်နိုင်ဖို့ အုပ်စုမဲခွဲပွဲမှာ လာ အိုတို့ ဖိလစ်ပိုင်တို့နဲ့အတူကျဖို့ မျှော်လင့်ပါတယ်။ သုံးသင်းအုပ် စုထဲကျရောက်ရင် ကျွန်တော်တို့ အတွက် အုပ်စုတက်ဖို့ အခြေအ နေပို ကောင်းပါတယ်။ အုပ်စုထဲ မှာ အသင်းကြီးတွေပါဝင်လာ ခဲ့မယ်ဆိုရင် ကျွန်တော်တို့အ တွက် ပိုခက်ခဲနိုင်ပြီး ပိုကြိုးစား ရမှာပါ''ဟု ပြောသည်။
မြန်မာဖူဆယ်အသင်းသည် နိုဝင်ဘာ ၅ ရက်တွင် နေပြည် တော်သို့သွားရောက်ပြီး စခန်း ဝင် လေ့ကျင့်မှုများပြုလုပ်မည် ဖြစ်ပြီး လိုအပ်နေသော ကြံ့ခိုင် ရေးနည်းပြနေရာတွင် နေပြည် တော်ကစားသမားဟောင်း ဂျိုန သန်အား ခေါ်ယူထားကြောင်း သိရသည်။
Yangon Media Group

No comments:
Post a Comment