(၁) အအေးမိချောင်းဆိုး သက်သာ ဆေးများ
ဈေးကွက်တွင်းအလွယ်တကူရရှိနိုင်သည့် အဖျားကျဆေး၊ ချောင်း ဆိုးပျောက် ဆေးရည်များသည် တစ် နှစ်အောက်ကလေးငယ်များ သုံးစွဲရန် မသင့်တော်ပေ။ ကလေးငယ်အတွက် သတ်မှတ်ထားသော ဆေးပမာဏ ကျော်လွန်သွားလျှင် ကလေးနှလုံး ခုန်မြန်ခြင်း၊ တက်ခြင်း၊ သေဆုံးခြင်း အထိဖြစ်နိုင်သည်။
(၂) ပါရာစီတမော
ကလေးဆေးရည်အချို့တွင် ပါရာစီတမောပါဝင်တတ်သည်။ ကလေးငယ်အနေနှင့် အဖျားကျဆေး သောက်နေရပါက အပိုထပ်ဆောင်းသောက်သည့်ဆေးများတွင် ပါရာစီ တမောပါမပါ ကြည့်ရှုပါ။ ပါရာစီတမောပမာဏလွန်ကဲပါက အသည်းထိခိုက်တတ်သည်။
(၃) လူကြီးသောက်ဆေးများ
ကလေးငယ်ကို လူကြီးသောက် ဆေးများခွဲခြမ်း၍မတိုက်ပါနှင့်။ လူကြီးဆေးနှင့် ကလေးဆေးသည် ပြင်းအားကွာဟမှုကြီးမားသည်။ ဆေးအညွှန်း၌ ကလေးတိုက်နိုင် သည့် ပမာဏတိတိကျကျ ဖော်ပြ မထားပါက ဆေးလုံးကို ခြမ်း၍သော် လည်းကောင်း၊ ဆေးရည် လျှော့၍ သော်လည်းကောင်း မတိုက်ပါနှင့်။
(၄) အအန်ပျောက်ဆေးများ
ကလေးငယ်များအန်သည့် အခါ အအန်ပျောက်ဆေးများ မိမိ ဘာသာမတိုက်ပါနှင့်။ အချို့အအန် ပျောက်ဆေးများသည် occulogyris crisis ဟုခေါ်သော အခြေအနေ တစ်ခုဖြစ်စေပြီး ကလေးငယ်များကို ပျော့ခွေသွားစေသည်။ ကလေးငယ် များတွင် အန်ခြင်းသည် ရံဖန်ရံခါခဏ တာမျှသာဖြစ်ပြီး ဆေးမလိုဘဲ သက်သာလာတတ်သည်။ ကလေး ငယ်မကြာခဏ အန်နေပါကဆရာ ၀န်ထံပြသတိုင်ပင်ပါ။
(၅) အိပ်ဆေးများ
Banadryl ကဲ့သို့ ငြိမ်ဆေး၊ အိပ်ဆေးများကို ခရီးဝေးသွားသည့် ကလေးငယ်များ ငြိမ်သက်တိတ် ဆိတ်စေရန် တိုက်ကျွေးလေ့ရှိကြသည်။ သို့သော် ထိုဆေးများသည် ကလေးငယ်များအား အမှန်တကယ် အိပ်ပျော်စေခြင်းမရှိဘဲ ဘေးထွက်ဆိုးကျိုးများသာ ခံစားရစေသည်။
သီဟ
Ref:Health Central
By Health Updates Journal
Please Visit >> www.newmyanmarpyi.blogspot.com

No comments:
Post a Comment