လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, November 5, 2013

ကမ္ဘာ့အဆိပ်ပြင်း ပင့်ကူများကို ကုန်တိုက်ပေါ်မှ ငှက်ပျောသီးများတွင် တွေ့ရှိရ

Photo: ကမ္ဘာ့အဆိပ်ပြင်း ပင့်ကူများကို ကုန်တိုက်ပေါ်မှ ငှက်ပျောသီးများတွင် တွေ့ရှိရ
Tuesday, November 5, 2013

ကမ္ဘာ့အဆိပ်အပြင်းဆုံး သော ပင့်ကူများကို ယူကေရှိ စူပါမားကက်တစ်ခုမှ ဝယ်ယူလာ သော ငှက်ပျောသီးများပေါ်တွင် သွားလာနေသည်ကို တွေ့ရ ကြောင်း သတင်းများအရသိရ သည်။ နေရာအတည်တကျမနေ ဘဲ လှည့်လည်သွားလာနေတတ် သော ဘရာဇီးမျိုးစိတ်ပင့်ကူများ ကို အမေရိကန်အလယ်ပိုင်းနှင့်
တောင်ပိုင်းနှင့် ပုန်းခိုနေနိုင်ရန် ငှက်ပျောပင်များတွင်လည်း နေ ထိုင်ကြောင်းသိရပြီး တခြားသော နေရာများတွင်လည်း တွေ့ရတတ် သည်။

လန်ဒန်ရှိအိမ်တစ်အိမ် တွင် ငှက်ပျောသီး၏ အသားပေါ် တွင် သေဆုံးနေသော ဘရာဇီး မျိုးစိတ် နယ်လှည့်ပင့်ကူ ဒါဇင် ပေါင်းများစွာကို တွေ့ရှိခဲ့ရ ကြောင်းသိရသည်။ ''အစကတော့ ပုံဖော်ထားတာလို့ထင်ပေမယ့် အနီးကပ်ကြည့်တော့မှ ကြောက် စရာပင့်ကူတွေပဲဆိုတာတွေ့ရ တယ်။ သူတို့တွေက စားပွဲပေါ် မှာ အကောင်ပေါက်နေပြီး ကျွန် မအိမ်ရဲ့ကော်ဇောမှာ ပြေးလွှား နေကြတယ်'' ဟု ကွန်ဆီတေလာ က ပြောခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိသော တေလာသည် Sainsbury စူပါမားကက်ဆိုင်ခွဲ မှ သစ်သီးများဝယ်ယူခဲ့ပြီး သူမ ကို အဆိုပါ အဖြစ်အပျက်ကြောင့် နစ်နာကြေးပေါင် ၁၀ တန် ပြေ စာကို ပေးခဲ့သည်။ ပင့်ကူများ သည် သူမနှင့်မိသားစုတို့ကို အ န္တရာယ်ပေးနိုင်ကြောင်းကို တိရ စ္ဆာန်ထိန်းသိမ်းရေးကုမ္ပဏီသို့ ဓာတ်ပုံပို့ချိန်မှသာ သိခဲ့ခြင်းဖြစ် သည်ဟု သူမက ပြောခဲ့သည်။

Yangon Media Group
ကမ္ဘာ့အဆိပ်အပြင်းဆုံး သော ပင့်ကူများကို ယူကေရှိ စူပါမားကက်တစ်ခုမှ ဝယ်ယူလာ သော ငှက်ပျောသီးများပေါ်တွင် သွားလာနေသည်ကို တွေ့ရ ကြောင်း သတင်းများအရသိရ သည်။ နေရာအတည်တကျမနေ ဘဲ လှည့်လည်သွားလာနေတတ် သော ဘရာဇီးမျိုးစိတ်ပင့်ကူများ ကို အမေရိကန်အလယ်ပိုင်းနှင့်တောင်ပိုင်းနှင့် ပုန်းခိုနေနိုင်ရန် ငှက်ပျောပင်များတွင်လည်း နေ ထိုင်ကြောင်းသိရပြီး တခြားသော နေရာများတွင်လည်း တွေ့ရတတ် သည်။
လန်ဒန်ရှိအိမ်တစ်အိမ် တွင် ငှက်ပျောသီး၏ အသားပေါ် တွင် သေဆုံးနေသော ဘရာဇီး မျိုးစိတ် နယ်လှည့်ပင့်ကူ ဒါဇင် ပေါင်းများစွာကို တွေ့ရှိခဲ့ရ ကြောင်းသိရသည်။ ''အစကတော့ ပုံဖော်ထားတာလို့ထင်ပေမယ့် အနီးကပ်ကြည့်တော့မှ ကြောက် စရာပင့်ကူတွေပဲဆိုတာတွေ့ရ တယ်။ သူတို့တွေက စားပွဲပေါ် မှာ အကောင်ပေါက်နေပြီး ကျွန် မအိမ်ရဲ့ကော်ဇောမှာ ပြေးလွှား နေကြတယ်'' ဟု ကွန်ဆီတေလာ က ပြောခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိသော တေလာသည် Sainsbury စူပါမားကက်ဆိုင်ခွဲ မှ သစ်သီးများဝယ်ယူခဲ့ပြီး သူမ ကို အဆိုပါ အဖြစ်အပျက်ကြောင့် နစ်နာကြေးပေါင် ၁၀ တန် ပြေ စာကို ပေးခဲ့သည်။ ပင့်ကူများ သည် သူမနှင့်မိသားစုတို့ကို အ န္တရာယ်ပေးနိုင်ကြောင်းကို တိရ စ္ဆာန်ထိန်းသိမ်းရေးကုမ္ပဏီသို့ ဓာတ်ပုံပို့ချိန်မှသာ သိခဲ့ခြင်းဖြစ် သည်ဟု သူမက ပြောခဲ့သည်။

Yangon Media Group

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..