လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, November 24, 2013

**ခင်မောင်တိုး အသုံးအဆောင်များကိုရောင်း၍ ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအတွက် လှူဒါန်းမည်**

Photo: **ခင်မောင်တိုး အသုံးအဆောင်များကိုရောင်း၍ ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအတွက် လှူဒါန်းမည်**
Sunday, November 24, 2013

အစိုးရနှင့်ကေအိုင်အေတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် မန်စီမြို့အနီးနမ့်လင်းပါရွာမှ စစ်ဘေးရှောင် ပြည်သူများအတွက် ကွယ်လွန်သူ တေးရေး၊ တေးဆို ခင်မောင်တိုး၏ အသုံးအဆောင်ပစ္စည်းများကို ရောင်းချ၍ ရန်ပုံငွေရှာဖွေသွားမည်ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ သိရသည်။

အဆိုပါ ရန်ပုံငွေပွဲကို နိုဝင်ဘာလ ၂၉ ရက်နေ့ ရွှေရှမ်းကန်စားသောက်ဆိုင်၌ ညနေ ၄ နာရီမှ ၆ နာရီအထိ ကျင်းပ သွားမည် ဖြစ်ပြီး Wheel Band နှင့်အတူ အဆိုတော် ခိုင်ထူး၊ ရင်ဂို၊ ဂျေမောင်မောင်၊ ကိုနေ၀င်း၊ ကိုရဲလွင်၊ ရိမ်းမိုး၊ ကော်နီ အစရှိသူတို့က သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရှိရသည်။

"မန်ဝိုင်းကြီးကမ့်မှာရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကိုခင်မောင်တိုးရဲ့မိန်းမနဲ့ ကျွန်တော်တို့ တိုင်ပင်ပြီး သူ့ရဲ့တစ်နှစ်ပြည့်မှာ ဒီရန်ပုံငွေပွဲလေးလုပ်တာပါ" ဟု အဖြူရောင်တွဲ လက်များအဖွဲ့မှ ကိုဘိုဘိုက ပြောသည်။

ကချင်ပြည်နယ် မန်စီမြို့ နမ့်လင်းပါရွာ၌ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ နှစ်ထောင်ခန့်မှာ မန်ဝိုင်းကြီး ဒုက္ခသည်စခန်းသို့ သွားရောက်ခိုလှုံနေရပြီး ယခုအခါ မန်ဝိုင်းကြီးဒေသရှိ ဒုက္ခသည်စခန်း ၂ ခု၌ လာ ရောက်ခိုလှုံသူ စုစုပေါင်းငါးထောင်ဝန်းကျင်ခန့်ရှိနေသည်ဟု သိရှိရသည်။

တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေးရှောင်သူများသည် အ၀တ်အစားနှင့်အစားအသောက်များ လိုအပ်နေ ကြောင်း အဆိုပါဒုက္ခသည်စခန်းမှ သိရသည်။

"မိဘနဲ့ကွဲပြီး ကလေးတွေပဲ ရောက်လာတာတွေလည်း ရှိတယ်။ အားလုံးက အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာ ကြတာ။ အ၀တ်အစားနဲ့ စားစရာတွေလိုအပ်နေပြီး နောက်ဆက်တွဲအနေနဲ့ ဆေးဝါးတွေပါ လိုအပ်လိမ့်မယ်" ဟု မန်ဝိုင်းကြီးဒေသ စစ်ဘေးရှောင် စခန်းသို့ သွားရောက်ကူညီပေးနေသူ တစ်ဦးကပြောသည်။

အစိုရတပ်များနှင့်ကေအိုင်အေတို့ နိုဝင်ဘာလဆန်းပိုင်းက ငြိမ်းချမ်းရေးဆွေး နွေးပွဲများပြုလုပ်ခဲ့ပြီး နှစ်ပတ်အတွင်း အဆိုပါ ဒေသ၌ တိုက်ပွဲများထပ်မံဖြစ်ပွားကာ ဗန်းမော်နှင့် မန်ဝိုင်းကြီးဒေသရှိ ဒုက္ခသည်စခန်းများသို့ စစ်ဘေးရှောင် နေရခြင်း ဖြစ်သည်။

မြစ်မခ
အစိုးရနှင့်ကေအိုင်အေတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် မန်စီမြို့အနီးနမ့်လင်းပါရွာမှ စစ်ဘေးရှောင် ပြည်သူများအတွက် ကွယ်လွန်သူ တေးရေး၊ တေးဆို ခင်မောင်တိုး၏ အသုံးအဆောင်ပစ္စည်းများကို ရောင်းချ၍ ရန်ပုံငွေရှာဖွေသွားမည်ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ သိရသည်။အဆိုပါ ရန်ပုံငွေပွဲကို နိုဝင်ဘာလ ၂၉ ရက်နေ့ ရွှေရှမ်းကန်စားသောက်ဆိုင်၌ ညနေ ၄ နာရီမှ ၆ နာရီအထိ ကျင်းပ သွားမည် ဖြစ်ပြီး Wheel Band နှင့်အတူ အဆိုတော် ခိုင်ထူး၊ ရင်ဂို၊ ဂျေမောင်မောင်၊ ကိုနေ၀င်း၊ ကိုရဲလွင်၊ ရိမ်းမိုး၊ ကော်နီ အစရှိသူတို့က သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရှိရသည်။
"မန်ဝိုင်းကြီးကမ့်မှာရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကိုခင်မောင်တိုးရဲ့မိန်းမနဲ့ ကျွန်တော်တို့ တိုင်ပင်ပြီး သူ့ရဲ့တစ်နှစ်ပြည့်မှာ ဒီရန်ပုံငွေပွဲလေးလုပ်တာပါ" ဟု အဖြူရောင်တွဲ လက်များအဖွဲ့မှ ကိုဘိုဘိုက ပြောသည်။

ကချင်ပြည်နယ် မန်စီမြို့ နမ့်လင်းပါရွာ၌ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ နှစ်ထောင်ခန့်မှာ မန်ဝိုင်းကြီး ဒုက္ခသည်စခန်းသို့ သွားရောက်ခိုလှုံနေရပြီး ယခုအခါ မန်ဝိုင်းကြီးဒေသရှိ ဒုက္ခသည်စခန်း ၂ ခု၌ လာ ရောက်ခိုလှုံသူ စုစုပေါင်းငါးထောင်ဝန်းကျင်ခန့်ရှိနေသည်ဟု သိရှိရသည်။

တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေးရှောင်သူများသည် အ၀တ်အစားနှင့်အစားအသောက်များ လိုအပ်နေ ကြောင်း အဆိုပါဒုက္ခသည်စခန်းမှ သိရသည်။

"မိဘနဲ့ကွဲပြီး ကလေးတွေပဲ ရောက်လာတာတွေလည်း ရှိတယ်။ အားလုံးက အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာ ကြတာ။ အ၀တ်အစားနဲ့ စားစရာတွေလိုအပ်နေပြီး နောက်ဆက်တွဲအနေနဲ့ ဆေးဝါးတွေပါ လိုအပ်လိမ့်မယ်" ဟု မန်ဝိုင်းကြီးဒေသ စစ်ဘေးရှောင် စခန်းသို့ သွားရောက်ကူညီပေးနေသူ တစ်ဦးကပြောသည်။

အစိုရတပ်များနှင့်ကေအိုင်အေတို့ နိုဝင်ဘာလဆန်းပိုင်းက ငြိမ်းချမ်းရေးဆွေး နွေးပွဲများပြုလုပ်ခဲ့ပြီး နှစ်ပတ်အတွင်း အဆိုပါ ဒေသ၌ တိုက်ပွဲများထပ်မံဖြစ်ပွားကာ ဗန်းမော်နှင့် မန်ဝိုင်းကြီးဒေသရှိ ဒုက္ခသည်စခန်းများသို့ စစ်ဘေးရှောင် နေရခြင်း ဖြစ်သည်။

မြစ်မခ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..