လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, November 5, 2013

မိန်းကလေးများ အရက်သောက်ပြီးလျင် မတော်တရော်များလုပ်တက်

Photo: မိန်းကလေးများ အရက်သောက်ပြီးလျင် မတော်တရော်များလုပ်တက်
Tuesday, November 5, 2013

ကိုရီးယားမှာ အရက်သောက်တာက သူတို့ဆီမှာ ရာသီဥတုကလည်း
အေးတယ်။ ယဉ်ကျေးမှုအရလည်း လက်ခံတယ်။ မြန်မာပြည်မှာက မတူဘူးလေ။ ဟိုး ပုဂံခေတ်ကစပြီး ဒီနေ့အထိ အရက်ဆိုတာ မိန်းမသား နဲ့မဆိုင်ဘူးလို့ နေထိုင် သတ်မှတ်ခဲ့ကြတာပဲ။ ဒါပေမဲ့ အခုတော့ Supermarket တွေမှာ အရက် ပုလင်းကို ပေါ်ပေါ်ထင်ထင် ၀ယ်နေတဲ့ မိန်းကလေးတွေ၊ ``ညကျရင် ဆုံရအောင်၊ ဒီမှာ ပုလင်း ၀ယ်ထားပြီးပြီ´´လို့ လက်ကိုင်ဖုန်းလေးနဲ့ လှမ်းပြောတာကို ကြားလိုက်ရသေးတယ်။ ``မိန်းကလေးလည်း အတူတူ ပဲ၊ အရက်သောက်တော့ ဘာဖြစ်သေး
လဲ´´ဆိုတဲ့ ပုံစံအနေအထားနဲ့ပေါ့။

ဘီယာဆိုင်တွေမှာ အုပ်စုဖွဲ့ပြီး ပေါ်ပေါ်ထင်ထင်ထိုင်ကြတာတွေကို လည်း တွေ့နေရတယ်။ အရက်ဆိုတာ မူးအောင်သောက်မိရင် အသိ
စိတ်ဓာတ်မလွတ်ပါဘူးလို့ ဆိုဦးတော့ အင်မတန်ကို ရဲတင်းသွားပါပြီ။ ဒါကို ရဲဆေးလို့တောင် ပြောကြ တယ်မဟုတ်လား။ သိပ်ရဲတင်းသွားတော့ သာမန်အချိန်မှာ မလုပ်ရဲတာတွေ ကိုတောင် လုပ်ရဲသွား တတ်တယ်လေ။ ပြီးခဲ့တဲ့ သင်္ကြန်မှာ မဏ္ဍပ်စင်ပေါ် တက်ပြီး ပေါ်ပေါ်ရော်ရော်ဖြစ်နေ တဲ့ မိန်း ကလေးတွေ တွေ့နေရပြီလေ။ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်အောင် မူးနေတဲ့ မိန်းကလေး တစ်ယောက်မှာ လူမှုရေးအန္တရာယ်တွေ ၀ိုင်းနေပါပြီ။ သိက္ခာလည်း အများကြီး ကျနေ ပါပြီ။ မြန်မာ မိန်း ကလေးတွေ ပညာနဲ့ သတိနဲ့ ဆင်ခြင်ကြစေချင်တယ်။

Eternal Light Magazine

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..