လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, October 30, 2013

Huawei ဖုန်းကုမ္ပဏီကို သြစီ ဝင်ခွင့်မပေးတဲ့အပေါ် တရုတ်ဒေါသထွက်

Photo: Huawei ဖုန်းကုမ္ပဏီကို သြစီ ဝင်ခွင့်မပေးတဲ့အပေါ် တရုတ်ဒေါသထွက်
Wednesday, October 30, 2013

တရုတ်နိုင်ငံပိုင် Huawei တယ်လီဖုန်းကုမ္ပဏီကို သြစတြေးလျအစိုးရက သြစတြေးလျနိုင်ငံမှာ ဝင်ခွင့်မပေးတဲ့အပေါ် တရုတ်အစိုးရက ဝေဖန်မှု လုပ်လိုက်ပါတယ်။

သြစတြေးလျနိုင်ငံမှာ အင်တာနက် မြန်နှုန်း ဒိထက်မက မြန်ဆန်ဖို့အတွက် အစိုးရက ကြိုးစားနေပြီး အဲဒီအတွက် နိုင်ငံတကာက ကုမ္ပဏီကြီးတွေကို ဝင်ခွင့် ပေးထားပေမယ့် တရုတ်ပိုင် ကုမ္ပဏီကို ဝင်ခွင့် ပိတ်ပင် ထားတာဖြစ်ပါတယ်။

ယခင် လေဘာ အစိုးရ ခေတ်တုန်းကလည်း တရုတ်တယ်လီဖုန်း ကုမ္ပဏီကို သြစတြေးလျနိုင်ငံထဲ ဝင်ခွင့်ပေးရင် သြစတြေးလျရဲ့ လုံခြုံရေးအတွက် စိတ်မချရဘူးဆိုပြီး ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

အခု တက်လာတဲ့ လစ်ဘရယ် အစိုးရကပါ ထပ်မံ ဝင်ခွင့်ပိတ်လိုက်တဲ့အတွက် တရုတ်အစိုးရက အမျက်ဒေါသ ထွက်နေပါတယ်။

သြစတြေးလျအစိုးရအနေနဲ့ နိုင်ငံတကာ ကုမ္ပဏီကို ဝင်ခွင့်ပေးထားသလို တရုတ်ကုမ္ပဏီကိုလည်း စီးပွားရေး ပြိုင်ဆိုင်ခွင့် ပေးသင့်တဲ့အကြောင်း နိုင်ငံရဲ့ လုံခြုံရေးကို အကြောင်းပြပြီး နှစ်နိုင်ငံကြား ကုန်သွယ်စီးပွားရေးကို ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်သင့်ဘူးလို့ တရုတ်အစိုးရက ပြောလိုက်ပါတယ်။

အမေရိကန်ကလည်း အလားတူ သူတို့နိုင်ငံရဲ့ လုံခြုံရေးအတွက် တရုတ်နိုင်ငံပိုင် Huawei ဖုန်း ကုမ္ပဏီကို နိုင်ငံတွင်းမှာ လုပ်ငန်းလုပ်ခွင့် ပိတ်ပင်ထားပါတယ်။

Huawei ဖုန်းကုမ္ပဏီကို အသုံးချပြီး တရုတ်အစိုးရအနေနဲ့ ဖုန်းခိုးနားထောင်တာတွေ၊ ထောက်လှမ်းမှုတွေ လုပ်မှာကို စိုးရိမ်နေကြတာဖြစ်ပေမယ့် Huawei ကုမ္ပဏီကတော့ ဒီလို လုံခြုံရေးချိုးဖောက်မှုမျိုး တခါမှ မလုပ်ဖူးတဲ့အကြောင်း တုန့်ပြန်ထားပါတယ်။

မကြာခင်မှာ သြစတြေးလျနဲ့ တရုတ်နိုင်ငံတို့ ကုန်သွယ်ရေးကိစ္စ ဆွေးနွေးဖို့ရှိပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ဆွေးနွေးမယ်ဆိုတဲ့အပေါ် စိတ်ဝင်စားနေကြပါတယ်။

ABC Radio Australia

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..