လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, October 28, 2013

ရေတွင်းထဲ ၁၅ရက်ကြာ ပြန်မတက်နိုင်သူ တရုတ်အမျိုးသမီး အသက်ရှင် လျက် လွတ်မြောက်လာ

Photo: ရေတွင်းထဲ ၁၅ရက်ကြာ ပြန်မတက်နိုင်သူ တရုတ်အမျိုးသမီး အသက်ရှင် လျက် လွတ်မြောက်လာ

တရုတ်နိုင်ငံအလယ်ပိုင်းတွင် ရေတွင်းဟောင်းတစ်ခု အတွင်း၌ ၁၅ရက်ကြာပြန် မတက်နိုင်ဘဲ နေထိုင်ခဲ့ရသူ အမျိုးသမီးတစ်ဦးသည် အသက်ရှင်လျက်လွတ်မြောက် လာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။

စက်တင်ဘာ ၁ရက်က ဟီနန်ပြည်နယ် ဇောင်ဖန်း ကျေးရွာ၌ အသက်(၃၈)နှစ်ရှိ စုကျီကွေ့သည် လူသူလေး ပါး အသုံးပြုခြင်းမရှိတော့သည့် ၁၂ပေနက်သော ရေ တွင်းဟောင်းအတွင်းသို့ လိမ့်ကျ ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။

၎င်းသည် ပြောင်းဖူးများကို အစိမ်းလိုက်စား၍ ရေတွင်းထဲသို့ကျလာသော မိုးရေများခံသောက်ကာ အသက်ဆက်ခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာက ထပ်မံ ဖော်ပြသည်။ တနင်္လာနေ့ညနေပိုင်း တွင် မီးသတ် သမားများက ၎င်းကိုကယ်တင်ခဲ့ပြီး ယခုအခါ ဆေးကုသမှုခံယူလျက် ရှိသည်ဟု သတင်းများကဖော်ပြသည်။

ပြောင်းဖူးပင်များက ဝိုင်းရံပေါက်နေသဖြင့် ရေတွင်းကို ရုတ်တရက်မမြင်နိုင်ကြောင်း၊ ရေတွင်းနံရံ များမှာလည်း ချောနေသဖြင့် တွယ်တက်ရန်ခက်ခဲကြောင်း သတင်းက ဆိုသည်။ သူသည် ပြောင်း ဖူးခင်းအတွင်း ဆေးဖက်ဝင်သည့် အပင်များကိုလိုက်ရှာစဉ် ရေတွင်းဟောင်းထဲသို့ ကျသွား ခြင်း ဖြစ်သည်ဟု ဟီနန်ပြည်နယ်သတင်းစာ ဒါဟီးက ဖော်ပြသည်။

ယင်းသို့ကျသည့်အခါ ပြောင်းဖူးပင်များကို လှမ်းဆွဲ နိုင်ခဲ့သော်လည်း ယင်းအပင်များပါ သူနှင့် အတူ ရေတွင်း ထဲသို့ ကျခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ စက်တင်ဘာ ၁၆ရက် တွင် ရွာသားတစ်ဦးက ပြောင်းဖူး ချိုးလာစဉ် ရေတွင်းထဲမှ ငိုသံကြားသဖြင့် မီးသတ်အဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ဒါဟီးသတင်းစာက ရေးသားသည်။
တရုတ်နိုင်ငံအလယ်ပိုင်းတွင် ရေတွင်းဟောင်းတစ်ခု အတွင်း၌ ၁၅ရက်ကြာပြန် မတက်နိုင်ဘဲ နေထိုင်ခဲ့ရသူ အမျိုးသမီးတစ်ဦးသည် အသက်ရှင်လျက်လွတ်မြောက် လာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။
စက်တင်ဘာ ၁ရက်က ဟီနန်ပြည်နယ် ဇောင်ဖန်း ကျေးရွာ၌ အသက်(၃၈)နှစ်ရှိ စုကျီကွေ့သည် လူသူလေး ပါး အသုံးပြုခြင်းမရှိတော့သည့် ၁၂ပေနက်သော ရေ တွင်းဟောင်းအတွင်းသို့ လိမ့်ကျ ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။၎င်းသည် ပြောင်းဖူးများကို အစိမ်းလိုက်စား၍ ရေတွင်းထဲသို့ကျလာသော မိုးရေများခံသောက်ကာ အသက်ဆက်ခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာက ထပ်မံ ဖော်ပြသည်။ တနင်္လာနေ့ညနေပိုင်း တွင် မီးသတ် သမားများက ၎င်းကိုကယ်တင်ခဲ့ပြီး ယခုအခါ ဆေးကုသမှုခံယူလျက် ရှိသည်ဟု သတင်းများကဖော်ပြသည်။

ပြောင်းဖူးပင်များက ဝိုင်းရံပေါက်နေသဖြင့် ရေတွင်းကို ရုတ်တရက်မမြင်နိုင်ကြောင်း၊ ရေတွင်းနံရံ များမှာလည်း ချောနေသဖြင့် တွယ်တက်ရန်ခက်ခဲကြောင်း သတင်းက ဆိုသည်။ သူသည် ပြောင်း ဖူးခင်းအတွင်း ဆေးဖက်ဝင်သည့် အပင်များကိုလိုက်ရှာစဉ် ရေတွင်းဟောင်းထဲသို့ ကျသွား ခြင်း ဖြစ်သည်ဟု ဟီနန်ပြည်နယ်သတင်းစာ ဒါဟီးက ဖော်ပြသည်။

ယင်းသို့ကျသည့်အခါ ပြောင်းဖူးပင်များကို လှမ်းဆွဲ နိုင်ခဲ့သော်လည်း ယင်းအပင်များပါ သူနှင့် အတူ ရေတွင်း ထဲသို့ ကျခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။ စက်တင်ဘာ ၁၆ရက် တွင် ရွာသားတစ်ဦးက ပြောင်းဖူး ချိုးလာစဉ် ရေတွင်းထဲမှ ငိုသံကြားသဖြင့် မီးသတ်အဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ဒါဟီးသတင်းစာက ရေးသားသည်။
MWD

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..