လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, October 26, 2013

ပါကစ္စတန် နိုင်ငံ၌ မိန်းကလေး မွေးဖွားသည့် ဇနီးသည်အား ခင်ပွန်းက အက်ဆစ်တိုက်၍ အပြစ်ပေး

Photo: ပါကစ္စတန် နိုင်ငံ၌ မိန်းကလေး မွေးဖွားသည့် ဇနီးသည်အား ခင်ပွန်းက အက်ဆစ်တိုက်၍ အပြစ်ပေး 
Friday, October 25, 2013

ပါကစ္စတန်နိုင်ငံ ရှီကူပူရာ ခရိုင်တွင် အမျိုးသား တစ်ဦးသည် မိန်းကလေး မွေးဖွားခဲ့သည့် ၄င်း၏ ဇနီးဖြစ်သူအား အပြစ်ပေးသည့် အနေဖြင့် အက်ဆစ်ရည် အတင်းအဓမ္မ တိုက်ခဲ့ကြောင်း ပုဂ္ဂလိကပိုင် TV channel တစ်ခုက ယခုသီတင်းပတ် အစောပိုင်းက ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ အမျိုးသားသည် ၄င်း၏ သမီးငယ်အား လုံးဝကြည့်ရှုခြင်း မရှိသည့်အပြင် ၄င်း၏ ဇနီးအား အပြစ်ပေးသည့် အနေဖြင့် အက်ဆစ်ရည် တိုက်ကျွေးရာတွင် ၄င်း၏ မိသားစု ဝင်များကလည်း ဝင်ရောက် အားပေးကူညီ ခဲ့ကြောင်းနှင့် အိမ်နီးချင်းများက အဆိုပါ အမျိုး သမီးကို ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ယခုအခါ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိပြီး ၄င်း၏ ခင်ပွန်းနှင့် မိသားစု ဝင်များအား တာဝန်ရှိသူများက ထိန်းသိမ်းထားကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..