လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, October 5, 2013

သာစေချင်သည် တို့တိုင်းပြည်

Photo: သာစေချင်သည် တို့တိုင်းပြည်

Written by ရဲမြတ်နောင် 

ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာ သစ်တောသစ်ပင်ကို ချစ်ခင်တဲ့ လူမျိုးတွေပါ။ ခြောက်ဆယ်ကျော်၊ ခုနစ်ဆယ် အရွယ်ရှိတဲ့ သူတိုင်းသင်ဖူး မှတ်ဖူး ကြပါလိမ့်မယ်။ မူလတန်းစာသင်သား ငယ်ရွယ်စဉ်ဘ၀က အိမ်ခြံဝမှာ သစ်ပင်စိုက်နေတဲ့ အဘိုးအိုနဲ့ မြင်းစီးလာတဲ့ မင်းသားတစ်ပါး အကြောင်းပါ။ အဘိုးအိုရဲ့ ခြံဝင်းအပြင်က မင်းသားက မေးပါတယ်။ ''အဘိုး အဘိုး ခုစိုက်တဲ့အပင် ကြီးလာပြီး အသီးသီးချိန်ကျရင် ဒီအသီးကို အဘိုးစားရပါ့ မလား'' တဲ့၊ ဒီတော့ အဘိုးအိုက ''အသင်မင်းသား ဒီအပင်ရဲ့ အသီးကို အဘိုးမစားရပေမယ့် သားသမီးမြေးမြစ်များ စားသုံးနိုင်တယ်'' လို့ ဖြေလိုက်ပါတယ်။ ဖတ်ဖူးသူများ ရှိပါလိမ့်မယ်။ ခုရေးပြခဲ့တာ ဖတ်စာပါအတိုင်း တိတိကျကျ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အနှစ်သာရက သစ်ပင်သစ်တောတွေ ထိန်းသိမ်းချစ်ခင်တဲ့ စိတ်ဓာတ်ကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေး လိုက်တာပါပဲ။ ဒီလိုပျိုးထောင် ပေးလိုက်တဲ့ အဘိုးအဘွား တွေကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ် လောက်က ညို့ညို့မှိုင်းတဲ့ တောင်တွေ၊ မြမြစိမ်းတဲ့ချောင်းတွေ မြန်မာပြည်တစ်ဝန်း မြို့ရွာတွေမှာ အပန်းဖြေစရာ၊ နားခိုရာနေရာတွေ ဖြစ်ခဲ့ကြတယ်။ တောင်ငူ စစ်တောင်းမြစ်ဘေးက ဇာတိရွာလေးလိုပေါ့။ မိဘစီးပွားရေးအရ ရန်ကုန်ပြောင်းရွှေ့ ခဲ့ပေမယ့် တစ်နှစ်တစ်ခေါက် နွေကျောင်းပိတ်ရက်တွေမှာ ရောက်ဖြစ်ခဲ့ပါတယ်။ ဒီရွာကလေးမှာ စစ်တောင်းမြစ်ထဲ ရေပြိုင်ပြိုင်ကူး၊ သရက်၊ ပိန္နဲ၊ ထန်းသီး၊ ထန်းမြစ်တွေ လှိုင်လှိုင် စားခဲ့ရတယ်။ ဒီအချိန်အခါက စစ်တောင်းမြစ်ဟာ ကမ်းကခဲတစ်ပစ်ထက် ပိုမကူးရဲဘူး။ ရေနက်တယ်။ မိုးတွင်းကမ်းက နှစ်လံသုံးလံဆို အရပ်မမီဘူး။ တစ်နှစ်ပတ်လုံး ဟိုဘက်ကမ်းကို လှေ(ကူးတို့)နဲ့ ကူးကြရတယ်။ ဒီအချိန်က ကျွန်းသစ်တွေ ရေမျောလာရင် ကလေးတွေ ကြည့်ပြီးအရမ်း ပျော်ကြရတယ်။

ငါး၊ ပုစွန်ကလည်း စားရသေးတယ်။ ငါးဖားဆိုတဲ့ ၀ါဝါအပျောက် အမည်းကလေးတွေပါတဲ့ ငါးဆိုသရက်သီးစိမ်းနဲ့ ချက်ရင် ရန်ကုန်ဘဲကင်ကို ဘယ်မက်ပါ့မလဲ။ မှိုင်းမှိုင်းမြ အရှေ့ရိုးမ တောင်တန်း၊ အုန်း၊ သရက်၊ မရမ်း၊ မာလကာ၊ ပိန္နဲတွေ စားမကုန်အောင် ပေါတဲ့ ဇာတိရွာလေးပါ။ အထက်တန်းအောင်ပြီး တက္ကသိုလ်ပညာကို သစ်တောအဓိကနဲ့ ပညာဆက်သင် ခဲ့တာလည်း ဇာတိမြေရဲ့ အရိပ်အာဝါသ လွှမ်းမိုးမှုကြောင့်ပါပဲ။ တက္ကသိုလ်ဝင်းက သစ်ပုပ်ပင်ရိပ်ထိုင်ပြီး ဘွဲ့နှင်းသဘင်ခန်းမ ငေးမောတွေးတောရတာ။ စာကြည့်တိုက်ဘေးက ကံ့ကော်ပင်ပျိုတောမှာ နားနေအပန်းဖြေခဲ့ ရတာတွေဟာ ဘ၀ရဲ့ အင်အားတွေ ဖြစ်ခဲ့ရပါတယ်။

တက္ကသိုလ် ပညာပြီးတော့ သစ်လုပ်ငန်းမှာ တာဝန်ထမ်းရတယ်။ တာဝန်က သစ်တောက ခွင့်ပြုတဲ့ ကျွန်းသစ်မာတွေ ထုတ်ပေးခြင်းပါပဲ။ စနစ်တကျ သစ်ထုတ်ခြင်းဆိုတာ နားလည်လွယ်အောင် တတ်သိသမျှ ရှင်းပြရရင် ငွေအရင်းအနှီးတစ်ခု ဘဏ်မှာအပ်ပြီး အဲဒီအရင်းအနှီးရတဲ့ ဘဏ်တိုးကို ထုတ်ယူသုံးစွဲခြင်း လိုပါပဲ။ တိုင်းခရိုင်အလိုက် သစ်တော သယံဇာတတွေကို ချောင်း၊ မြောင်း တောတောင် အနေအထားအလိုက် ကြိုးဝိုင်း၊ သစ်ကွက်တွေ ဖွဲ့စည်းထားပါတယ်။ ကြိုးဝိုင်းသစ်ကွက်တွေကို သစ်တောဥပဒေနဲ့ ကာကွယ်ထားပြီး ကြိုးဝိုင်း၊ သစ်ကွက်တွေရဲ့ ကျွန်းသစ်မာ နှစ်စဉ်တောထွက်ကို "Annual Yield" တွက်ချက်ထားပါတယ်။ ခုတ်ပတ် (Rotation) ကို နှစ် ၃၀ သတ်မှတ်ထားပါတယ်။ သတ်မှတ်လုံးပတ်က ကျွန်း ၇ ပေ-၆ ပေပါ ကြိုးဝိုင်းသစ်ကွက် တစ်ခုဟာ ၇ ပေ- ၆ ပေ ကျွန်းတွေ ထုတ်ယူပြီးခဲ့တာ နှစ် ၃၀ ပြည့်ပြီးပြီဆိုရင် နောက်တစ်ကြိမ် ၀င်ရောက်ခုတ်လှဲ ထုတ်ယူနိုင်ပါတယ်။ ဒီလိုထုတ်ယူနိုင်အောင် သစ်တော၊ သစ်လုပ်ငန်း ညှိနှိုင်းဆောင်ရွက် ရပါတယ်။ ဒီလိုဆောင်ရွက် နိုင်အောင်လည်း သစ်တော၊ သစ်လုပ်ငန်းတွေထံမှာ working plan ဆိုတဲ့ စီမံကိန်းတွေ ရှိပါတယ်။ ဒီစီမံကိန်းအရ သစ်တောက ထုတ်ယူမယ့် ကျွန်းတွေကို သင်းသတ်ပေးပါတယ်။ သစ်တော သင်းသတ်တဲ့အပင် (ကျွန်း)ကိုသာ သစ်ထုတ်ရေးက ထုတ်ယူရပါတယ်။ ထုတ်ယူတဲ့ ကျွန်း၊ ခုတ်လှဲပြီး ကျန်နေတဲ့ ကျွန်းငုတ်၊ အနာအဆာပါပြီး ထုတ်ယူရန် မသင့်တဲ့ အပိုင်းအစကအစ တာဝန်ခံ အရာရှိတံဆိပ်တွေ ဌာနစည်းကမ်းနဲ့အညီ ရိုက်နှိပ်မှတ်တမ်းတင် ကြရပါတယ်။ သစ်ထုတ်လုပ်ငန်းပြီးရင် ထုတ်ပြီးအကွက်ကို သစ်တောပြန်အပ် ရပါတယ်။ သစ်တောစစ်ဆေး၊ စစ်ဆေးပြီးကြောင်း တံဆိပ်ရိုက်ပြီး သစ်ကွက်ကို ကွင်းပိတ်ပါတယ်။ နောက်နှစ်သုံးဆယ်ကျော်မှ သစ်ကွက်ကို သစ်ပြန်ထုတ်ရပါတယ်။ စနစ်ကျတဲ့ သစ်ထုတ်ခြင်းပါ။

ဒီလိုသစ်ထုတ်ရာက ကျွန်းလုံးပတ် ကန့်သတ်ချက် ၇ ပေ-၆ ပေကို ၆ ပေ- ၆ပေ လျော့ချ ထုတ်ယူစေပါတယ်။ နောက်နိုင်ငံခြားငွေ လိုအပ်ချက်အရ ကျွန်းသစ်မာတန်တွေ သတ်မှတ်ထုတ်ယူခဲ့တယ်။ အဲဒီအချိန်ကစပြီး သစ်တောတွေ ဖျက်ဆီးခံရဖို့ လမ်းတွေပေါက်ပြီး လူတွေရောက်လာ အိမ်ရာတွေ၊ တောင်ယာတွေ ဖြစ်လာတော့တာပါပဲ။ ကျွန်းပင်ကို မူလစနစ်က ရေမျောထုတ်ယူတာပါ။ ၇ ပေ- ၆ ပေ ကျွန်းပင်များ သင်းသတ်ပြီး ခြောက်မှ လှဲထုတ်ယူရပါတယ်။ ခုတ်လှဲပိုင်းဖြတ်မှုက သစ်တောဌာနက သတ်မှတ်ထားတဲ့ ခုတ်လှဲပိုင်းဖြတ် နည်းစနစ် (logging Rule) အတိုင်း ဆောင်ရွက်ရပါတယ်။ ပိုင်းဖြတ်ပြီး ကျွန်းသစ်တွေကို သစ်မျောချောင်းမှာ ဆင်နဲ့ရေချ စီထားပြီး ချောင်းရေနဲ့ မျောထွက်စေပါတယ်။ မြစ်မရောက်ခင် ကြိုးတန်းဆယ်ယူ ဖောင်ဖွဲ့ပို့ပါတယ်။ အချိန်ကြာပေမယ့် သစ်ထွက်ဖို့ ငွေကုန်ကြေးကျ သက်သာတယ်။ အဓိကယန္တရားနဲ့ လမ်းဖောက်၊ သစ်တင် သစ်တိုက်ထုတ်ခြင်းထက် တောပျက်စီးမှု သက်သာတယ်။ ကျွန်းသစ်ကို မင်းပိုင်စိုးပိုင် (Royal Tree)သစ်မှတ်ထားတဲ့ အတွက် ခိုးယူသူ မရှိခဲ့ဘူး။ ဥပဒေပုဒ်မ ၆(၁)နဲ့ ကာကွယ်ထားပါတယ်။

နောက် FE လိုအပ်ချက်အရ ကျွန်းပေါက်ဈေးနဲ့ တန်တွက်ပြီးခုတ်၊ ထုတ်၊ ထွက် နှစ်ချင်းပေါက် သစ်ထွက်အောင် လမ်းတွေဖောက်၊ ကားတွေ၊ သစ်တင်စက်တွေနဲ့ ယန္တရား သစ်ထုတ်ခြင်း ဖြစ်လာခဲ့တယ်။ သစ်မျော ဖောင်ဖွဲ့ခြင်း၊ ပျောက်ဆုံးသွားပြီးနောက် တောတွေထဲမှာ သစ်တိုက်လမ်းတွေ ဖြစ်ပေါ်လာတာနဲ့အမျှ လူတွေရောက်လာ၊ အိမ်ခြေရွာခြေတွေ ဖြစ်ပေါ်ခဲ့တယ်။ ကြိုးဝိုင်းသစ်ကွက်တွေထဲ ကျွန်း၊ ပျဉ်းကတိုး၊ သစ်ရာ၊ အင်ကြင်း၊ ပိတောက် တဖြည်းဖြည်း လျော့နည်းပျောက်ကွယ်လု ဖြစ်ခဲ့ရတယ်။ ယနေ့ထိလည်း တ၀ုန်းဝုန်းအလှဲခံ၊ တတိတိ အဖြတ်ခံရဆဲပါပဲ။

သစ်ပင်တွေ သာမက သစ်လုပ်ငန်း တောရိုင်းဆင်တွေပါ လည်ပင်းဖြတ်ခံရတဲ့ သတင်းတွေ၊ ဆင်နဲ့ရင်းနှီးအောင် လုပ်ကိုင်ခဲ့တဲ့ သူတွေကို တုန်လှုပ်စေပါတယ်။ သဘာဝ သယံဇာတ (Natural Resources) သာမက (Live Stock) သက်ရှိသယံဇာတတွေပါ ဆုံးရှုံးမှုတွေကို လျစ်လျူမရှု သင့်ပါဘူး။ မြို့ရွာဖွံ့ဖြိုး တိုးတက်ခြင်းနဲ့ သစ်တောရှင်သန်မှုဟာ ပြောင်းပြန်အချိုးပါပဲ။ လမ်းတွေဖောက်၊ လယ်ယာအိမ်ခြေတွေ တိုးတက်လာတာနဲ့အမျှ သစ်တောတွေနဲ့ မှီခိုသားရဲ တိရစ္ဆာန်တွေ လျော့နည်းသွားမှာပါ။ အချိုးမျှတစွာ စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။ သတ္တုတူးဖော်ရေးဆိုရင် ပိုပြီးမြေဆီမြေလွှာ ပိုပျက်စီးစေပါတယ်။ သစ်တောနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အထူးသဖြင့် ချောင်းများမှာ ရွှေကျင်တဲ့ လုပ်ငန်းတွေ ခွင့်မပြုသင့်ပါဘူး။ မြစ်ချောင်းတွေကောပြီး ရေကြီးတဲ့ဒဏ်ကို တွေ့ကြုံရမှာ ဖြစ်ပါတယ်။ ဒီနေ့ အနယ်နယ် အရပ်ရပ် ရေကြီးနေတာတွေ ထောက်ထားပြီး ဆင်ခြင်ရမှာပါ။

ဆင်ခြင်ထောက်ထား စရာတွေအတွက် ရေသံသရာကို တင်ပြပါရစေ။ ပင်လယ်ပြင်က အချိန်မှန် တိုက်ခတ်လာတဲ့ Monsoon ခေါ် မုတ်သုံလေဟာ မြန်မာပြည်မှာ အချိန်မှန် တိုက်ခတ်ပြီး မိုးရွာစေပါတယ်။ မိုးပေါ်က ကျလာတဲ့ မိုးစက်မိုးပေါက်တွေကို တောတောင် သစ်ပင်တွေကတစ်ဆင့် မြေဆီ၊ မြေလွှာနဲ့ မြစ်ချောင်း အင်းအိုင်တွေထဲ စီးဝင်စေပါတယ်။ တချို့မြေအောက်ရေ အဖြစ်နှင့် မြေကြီးထဲ စီးဝင်ကြပြီး မြစ်ကြီးမြစ်ငယ်တွေက ပင်လယ်ထဲ စီးဝင်ကြပါတယ်။ အ၀ီစိတွင်း ရေတွင်းတွေ ရေထွက်၊ ရေရခြင်းဟာ မြေအောက်ရေကြော ကြောင့်ပါ။ မိုးရေစက်တွေ မြေကြီးမြေသားပေါ် ကြားခံသစ်ပင်တော တောင်မရှိဘဲ တိုက်ရိုက်ကျရင် မြေသားကို တူးသလိုဖြစ်ပြီး မြေစာတွေမိုးနဲ့မျောပါ။ ချောင်းမြောင်းတွေကောမယ်။ မြစ်တွေ ကောမယ်ဆိုရင် အထက်ပါအတိုင်း ရေကြီးမှုကို ခံစားတွေ့ကြုံရမှာပါ။

မိုးရွာစေတာလည်း သစ်တောသစ်ပင် ကြောင့်ပါ။ သစ်ပင်တွေ အမြစ်ကရေနဲ့ ပျော်ဝင်ဓာတ် ပစ္စည်းများကို စုပ်ယူတယ်။ ဓာတ်ပစ္စည်းကို အပင်ကြီးထွားရန် အသုံးပြုတယ်။ ရေကို အရွက်ကတစ်ဆင့် အငွေ့ပြန်စေတယ်။ ဒါကြောင့် ပူတဲ့ရာသီဥတုကို အေးမြစေပြီး ရေငွေ့ပါတဲ့ မုတ်သုံလေကိုလည်း မိုးရွာစေခြင်း ဖြစ်ပါတယ်။

သစ်ပင်သစ်တော အရေးပါပုံကို ဒေါက်တာစန်းဝင်း၊ သစ်တောတက္ကသိုလ်ကလည်း စားသုံးသီးနှံတွေနဲ့ သစ်ပင်၊ သစ်တော ရောနှောစိုက်ပျိုး နိုင်ပုံကို စက်တင်ဘာ ၁၀ ရက်ထုတ် မြန်မာ့အလင်းမှာ ''သားစဉ်မြေးဆက် ထည့်တွက်ချက်'' ဆောင်းပါးနဲ့ ရေးသားတင်ပြ ခဲ့ပါတယ်။ စိန်ရွှေထက် တန်ဖိုးကြီးတယ် လို့လည်း သတ်မှတ်နိုင်ပါတယ်။ ''ဘဘ'' ဆိုတဲ့ စေတနာရှင် တစ်ဦးကလဲ သစ်တွေ ခုတ်၊ တောထဲကုန်ရင် ''နောင်နှစ်ပေါင်း ငါးဆယ်လောက်မှာ မြစ်ကြီးတွေလဲ ခြောက်ခန်းကုန်မယ်။ ဒါမှမဟုတ် မိုးတွင်းမှာ တအားစီးပြီး နွေမှာ ခြောက်ခန်း လျော့နည်းတာတွေ ဖြစ်နိုင်တယ်''။ တော်လောက်ပါပြီ။ နောင်လာနောက်သားတွေ ငဲ့ညှာပြီး သစ်တွေမခုတ် ကြပါနဲ့တော့လို့ တောင်းပန်ထားတာကို စက်တင်ဘာ ၁၀ ရက်ထုတ် ပြည်သူ့ခေတ် အတွေးဆောင်းပါး စာမျက်နှာ ၂၅ မှာ ဖတ်မိပါတယ်။

ဒီစေတနာတွေဟာ နိဒါန်းမှာ ရေးသားတင်ပြခဲ့တဲ့ အဘိုးအိုရဲ့ စေတနာလိုပါ။ သစ်ပင်၊ သစ်တော ဖြစ်ပေါ်တိုးတက်စေတဲ့ ဆောင်ရွက်ချက်ဟာ ကိုယ်ကျိုးမဖက်တဲ့ ဆောင်ရွက်ချက်ပါ။ သစ်ပင်၊ သစ်တော ပျက်စီးစေမယ့် လုပ်ငန်းမျိုးဆိုလည်း EIA တွက်ချက် ဆောင်ရွက်သင့်ပါတယ်။ ဒီလိုတွက်ချက် ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းမျိုးကို ဖွဲ့စည်းတာဝန် ပေးသင့်ပါတယ်။ နိုင်ငံခြားမှာ Green Peace လို အဖွဲ့မျိုးပါ သစ်တော၊ သစ်လုပ်ငန်း၊ စိုက်ပျိုးရေး အစရှိသည့် ဌာနဆိုင်ရာတွေ ပါဝင်သင့်ပါသည်။

အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါတယ်။ အထူးသဖြင့် ယခုနှစ် ရေရှားပါးမှုတွေ ရာသီဥတု ပူပြင်းမှု သတင်းတွေ၊ မိုးရာသီ မြစ်ရေကြီးမှု အခြေအနေတွေဟာ သစ်တောသစ်ပင်တွေ ပျက်စီးခြင်းရဲ့ အကျိုးဆက်တွေပါပဲ။ ဒုက္ခပင်လယ်ဝေတဲ့ ဆင်းရဲသားပြည်သူ အကျိုးကို ငဲ့ညှာပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမည့် လုပ်ငန်းတွေ ရပ်တန့် လျော့ပါးစေ သင့်ပါတယ်။ စနစ်တကျ EIA တွက်ချက် ဆောင်ရွက်သင့်ပါတယ်။ ချောင်းများ၊ မြစ်ဖျားခံရာ၊ မိုးရေစတင်၊ စုစည်းစီးဆင်းရာ ရေဝေရေလဲ (Catchment Area) ဒေသများမှာ လုံလောက်တဲ့ Forestcover တည်ဆောက် ကာကွယ်ပေးရပါမယ်။

ရေမြေတောတောင်တွေရဲ့ ပျက်စီးမှု တန်ဖိုးကို ငွေကြေးတန်ဖိုးနဲ့ လက်လှမ်းမီသမျှ တိုင်းတာပြရမယ်ဆိုရင် မန္တလေးနဲ့ စစ်ကိုင်းကြား ဧရာဝတီမြစ်ကြောင်း တစ်လျှောက် သဲသောင်ဖယ်ရှားရန် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ ကုန်ကျမယ့် သတင်းကို ၁၈-၉-၂၀၁၃ ရက်ထုတ် Daily Eleven စာမျက်နှာ ၁၆ မှာ ဓာတ်ပုံနဲ့တကွ ဖတ်လိုက်မိပါတယ်။ ဒေါ်လာ ၁ ဒသမ ၈ ဘီလျံဟာ မြန်မာငွေ မြန်မာဂဏန်းနဲ့ဆိုရင် (၁၈,၀၀၀,၀၀၀,၀၀၀) ကို (၉၀၀/၁၀၀၀)ကျပ် တစ်ဒေါ်လာ တန်ဖိုးနဲ့ မြှောက်ရတဲ့ ကိန်းဂဏန်းပါ။ အဲဒီတန်ဖိုးဟာ မန္တလေးနဲ့ စစ်ကိုင်းကြားပဲ ရှိပါသေးတယ်။

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ဆိုရင် ....၊ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရော ....၊ စစ်တောင်း/သံလွင်မြစ်ကြောင်း တွေလဲ မကောဘူးလား ....

ကျွန်တော်တို့ နိုင်ငံရဲ့ သဘာဝသယံဇာတ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို မြစ်ချောင်းတိမ်ကောမှုနဲ့ပင် တွက်ဆလို့ မရနိုင်အောင် တန်ဖိုးကြီးမား လွန်းလှနေပါပြီ။

၃၀-၉-၂၀၁၃ ရက်ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၇၊ ဓာတ်အားရရှိရေး နည်းမျိုးစုံဖြင့် စီစဉ်ဆောင်ရွက်ပေးမည် ခေါင်းစဉ်ပါ သတင်းထဲမှာ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ရှင်းလင်းပြောကြား ရာမှာလည်း ''ရေအားလျှပ်စစ် စက်ရုံများမှ ဓာတ်အားထုတ်လုပ်၍ မရတော့သည့် အဆင့်အထိ ရေများကျဆင်း ခဲ့သဖြင့် Gas များ တောင်းခံပြီး သဘာဝဓာတ်ငွေ့သုံး စက်များ စွမ်းရည်ပြည့် လည်ပေးခဲ့ရကြောင်း'' သတင်းမီဒီယာ တွေ့ဆုံပွဲမှာ ရှင်းလင်းပြောကြား ခဲ့ပါတယ်။ ဒါတွေဟာ အထင်ကရ သစ်တောဆုံးရှုံးမှု တန်ဖိုးတွေပါ။ အညာဒေသတွေမှာ သောက်ရေခက်ခဲတာတွေ၊ မှီခိုအားထားစရာ ရေတွင်းရေကန် ခြောက်ခန်းတာတွေ၊ ရေကြီးမှုဒဏ်ကြောင့် အသက်အိုးအိမ် ဆုံးရှုံးမှုတွေ၊ တောတွင်းအစာ ရေစာရှားပါးမှုကြောင့် ဆင်၊ ကျား၊ ကျားသစ် သားရဲ တိရစ္ဆာန် ဆုံးရှုံးမှုတွေ၊ ခြောက်သွေ့ ပူပြင်းမှု မီးလောင်မှုဒဏ်တွေ အစရှိတဲ့ ပျက်စီးဆုံးရှုံးမှုတွေ တွက်ဆမှန်းမျှော်လို့ မနိုင်အောင် တန်ဖိုးကြီးမား များပြားပါကြောင်း အထက်နိဒါန်းပါ အဘိုးအိုရဲ့ စေတနာမျိုးနဲ့ တိုင်းသူပြည်သူ အကျိုးကျေးဇူး အလို့ငှာ အစိုးရနှင့်ပြည်သူ၊ ပြည်သူနှင့်အစိုးရ သူ့တာ ကိုယ့်တာ သစ်တော လုံခြုံစွာ ထိန်းသိမ်းနိုင်ရေး ဆရာဇော်ဂျီ၏ ကဗျာကောက်နှုတ်ချက်ဖြင့် တင်ပြနိဂုံးချုပ် အပ်ပါသည်။

တို့ပြည်ထောင်စု

.........................

.........................

.........................

.........................

စမ်းရေလျဉ်နှင့်

မြသွင်သစ်တော

အလှနှောသည်

သာမောဖွယ်ပါတကား

ဆရာဇော်ဂျီ

ရွှေကြက်ယက် ဆိပ်ကမ်းအနီး သစ်လုံးတင် ရေယာဉ်များကို စက်တင်ဘာ နောက်ဆုံးအပတ်က တွေ့ရစဉ် (ဓာတ်ပုံ)အောင်သူ

EMG
ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာ သစ်တောသစ်ပင်ကို ချစ်ခင်တဲ့ လူမျိုးတွေပါ။ ခြောက်ဆယ်ကျော်၊ ခုနစ်ဆယ် အရွယ်ရှိတဲ့ သူတိုင်းသင်ဖူး မှတ်ဖူး ကြပါလိမ့်မယ်။ မူလတန်းစာသင်သား ငယ်ရွယ်စဉ်ဘ၀က အိမ်ခြံဝမှာ သစ်ပင်စိုက်နေတဲ့ အဘိုးအိုနဲ့ မြင်းစီးလာတဲ့ မင်းသားတစ်ပါး အကြောင်းပါ။ အဘိုးအိုရဲ့ ခြံဝင်းအပြင်က မင်းသားက မေးပါတယ်။ ''အဘိုး အဘိုး ခုစိုက်တဲ့အပင် ကြီးလာပြီး အသီးသီးချိန်ကျရင် ဒီအသီးကို အဘိုးစားရပါ့ မလား'' တဲ့၊ ဒီတော့ အဘိုးအိုက ''အသင်မင်းသား ဒီအပင်ရဲ့ အသီးကို အဘိုးမစားရပေမယ့် သားသမီးမြေးမြစ်များ စားသုံးနိုင်တယ်'' လို့ ဖြေလိုက်ပါတယ်။ ဖတ်ဖူးသူများ ရှိပါလိမ့်မယ်။ ခုရေးပြခဲ့တာ ဖတ်စာပါအတိုင်း တိတိကျကျ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အနှစ်သာရက သစ်ပင်သစ်တောတွေ ထိန်းသိမ်းချစ်ခင်တဲ့ စိတ်ဓာတ်ကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေး လိုက်တာပါပဲ။ ဒီလိုပျိုးထောင် ပေးလိုက်တဲ့ အဘိုးအဘွား တွေကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ် လောက်က ညို့ညို့မှိုင်းတဲ့ တောင်တွေ၊ မြမြစိမ်းတဲ့ချောင်းတွေ မြန်မာပြည်တစ်ဝန်း မြို့ရွာတွေမှာ အပန်းဖြေစရာ၊ နားခိုရာနေရာတွေ ဖြစ်ခဲ့ကြတယ်။ တောင်ငူ စစ်တောင်းမြစ်ဘေးက ဇာတိရွာလေးလိုပေါ့။ မိဘစီးပွားရေးအရ ရန်ကုန်ပြောင်းရွှေ့ ခဲ့ပေမယ့် တစ်နှစ်တစ်ခေါက် နွေကျောင်းပိတ်ရက်တွေမှာ ရောက်ဖြစ်ခဲ့ပါတယ်။ ဒီရွာကလေးမှာ စစ်တောင်းမြစ်ထဲ ရေပြိုင်ပြိုင်ကူး၊ သရက်၊ ပိန္နဲ၊ ထန်းသီး၊ ထန်းမြစ်တွေ လှိုင်လှိုင် စားခဲ့ရတယ်။ ဒီအချိန်အခါက စစ်တောင်းမြစ်ဟာ ကမ်းကခဲတစ်ပစ်ထက် ပိုမကူးရဲဘူး။ ရေနက်တယ်။ မိုးတွင်းကမ်းက နှစ်လံသုံးလံဆို အရပ်မမီဘူး။ တစ်နှစ်ပတ်လုံး ဟိုဘက်ကမ်းကို လှေ(ကူးတို့)နဲ့ ကူးကြရတယ်။ ဒီအချိန်က ကျွန်းသစ်တွေ ရေမျောလာရင် ကလေးတွေ ကြည့်ပြီးအရမ်း ပျော်ကြရတယ်။

ငါး၊ ပုစွန်ကလည်း စားရသေးတယ်။ ငါးဖားဆိုတဲ့ ၀ါဝါအပျောက် အမည်းကလေးတွေပါတဲ့ ငါးဆိုသရက်သီးစိမ်းနဲ့ ချက်ရင် ရန်ကုန်ဘဲကင်ကို ဘယ်မက်ပါ့မလဲ။ မှိုင်းမှိုင်းမြ အရှေ့ရိုးမ တောင်တန်း၊ အုန်း၊ သရက်၊ မရမ်း၊ မာလကာ၊ ပိန္နဲတွေ စားမကုန်အောင် ပေါတဲ့ ဇာတိရွာလေးပါ။ အထက်တန်းအောင်ပြီး တက္ကသိုလ်ပညာကို သစ်တောအဓိကနဲ့ ပညာဆက်သင် ခဲ့တာလည်း ဇာတိမြေရဲ့ အရိပ်အာဝါသ လွှမ်းမိုးမှုကြောင့်ပါပဲ။ တက္ကသိုလ်ဝင်းက သစ်ပုပ်ပင်ရိပ်ထိုင်ပြီး ဘွဲ့နှင်းသဘင်ခန်းမ ငေးမောတွေးတောရတာ။ စာကြည့်တိုက်ဘေးက ကံ့ကော်ပင်ပျိုတောမှာ နားနေအပန်းဖြေခဲ့ ရတာတွေဟာ ဘ၀ရဲ့ အင်အားတွေ ဖြစ်ခဲ့ရပါတယ်။

တက္ကသိုလ် ပညာပြီးတော့ သစ်လုပ်ငန်းမှာ တာဝန်ထမ်းရတယ်။ တာဝန်က သစ်တောက ခွင့်ပြုတဲ့ ကျွန်းသစ်မာတွေ ထုတ်ပေးခြင်းပါပဲ။ စနစ်တကျ သစ်ထုတ်ခြင်းဆိုတာ နားလည်လွယ်အောင် တတ်သိသမျှ ရှင်းပြရရင် ငွေအရင်းအနှီးတစ်ခု ဘဏ်မှာအပ်ပြီး အဲဒီအရင်းအနှီးရတဲ့ ဘဏ်တိုးကို ထုတ်ယူသုံးစွဲခြင်း လိုပါပဲ။ တိုင်းခရိုင်အလိုက် သစ်တော သယံဇာတတွေကို ချောင်း၊ မြောင်း တောတောင် အနေအထားအလိုက် ကြိုးဝိုင်း၊ သစ်ကွက်တွေ ဖွဲ့စည်းထားပါတယ်။ ကြိုးဝိုင်းသစ်ကွက်တွေကို သစ်တောဥပဒေနဲ့ ကာကွယ်ထားပြီး ကြိုးဝိုင်း၊ သစ်ကွက်တွေရဲ့ ကျွန်းသစ်မာ နှစ်စဉ်တောထွက်ကို "Annual Yield" တွက်ချက်ထားပါတယ်။ ခုတ်ပတ် (Rotation) ကို နှစ် ၃၀ သတ်မှတ်ထားပါတယ်။ သတ်မှတ်လုံးပတ်က ကျွန်း ၇ ပေ-၆ ပေပါ ကြိုးဝိုင်းသစ်ကွက် တစ်ခုဟာ ၇ ပေ- ၆ ပေ ကျွန်းတွေ ထုတ်ယူပြီးခဲ့တာ နှစ် ၃၀ ပြည့်ပြီးပြီဆိုရင် နောက်တစ်ကြိမ် ၀င်ရောက်ခုတ်လှဲ ထုတ်ယူနိုင်ပါတယ်။ ဒီလိုထုတ်ယူနိုင်အောင် သစ်တော၊ သစ်လုပ်ငန်း ညှိနှိုင်းဆောင်ရွက် ရပါတယ်။ ဒီလိုဆောင်ရွက် နိုင်အောင်လည်း သစ်တော၊ သစ်လုပ်ငန်းတွေထံမှာ working plan ဆိုတဲ့ စီမံကိန်းတွေ ရှိပါတယ်။ ဒီစီမံကိန်းအရ သစ်တောက ထုတ်ယူမယ့် ကျွန်းတွေကို သင်းသတ်ပေးပါတယ်။ သစ်တော သင်းသတ်တဲ့အပင် (ကျွန်း)ကိုသာ သစ်ထုတ်ရေးက ထုတ်ယူရပါတယ်။ ထုတ်ယူတဲ့ ကျွန်း၊ ခုတ်လှဲပြီး ကျန်နေတဲ့ ကျွန်းငုတ်၊ အနာအဆာပါပြီး ထုတ်ယူရန် မသင့်တဲ့ အပိုင်းအစကအစ တာဝန်ခံ အရာရှိတံဆိပ်တွေ ဌာနစည်းကမ်းနဲ့အညီ ရိုက်နှိပ်မှတ်တမ်းတင် ကြရပါတယ်။ သစ်ထုတ်လုပ်ငန်းပြီးရင် ထုတ်ပြီးအကွက်ကို သစ်တောပြန်အပ် ရပါတယ်။ သစ်တောစစ်ဆေး၊ စစ်ဆေးပြီးကြောင်း တံဆိပ်ရိုက်ပြီး သစ်ကွက်ကို ကွင်းပိတ်ပါတယ်။ နောက်နှစ်သုံးဆယ်ကျော်မှ သစ်ကွက်ကို သစ်ပြန်ထုတ်ရပါတယ်။ စနစ်ကျတဲ့ သစ်ထုတ်ခြင်းပါ။

ဒီလိုသစ်ထုတ်ရာက ကျွန်းလုံးပတ် ကန့်သတ်ချက် ၇ ပေ-၆ ပေကို ၆ ပေ- ၆ပေ လျော့ချ ထုတ်ယူစေပါတယ်။ နောက်နိုင်ငံခြားငွေ လိုအပ်ချက်အရ ကျွန်းသစ်မာတန်တွေ သတ်မှတ်ထုတ်ယူခဲ့တယ်။ အဲဒီအချိန်ကစပြီး သစ်တောတွေ ဖျက်ဆီးခံရဖို့ လမ်းတွေပေါက်ပြီး လူတွေရောက်လာ အိမ်ရာတွေ၊ တောင်ယာတွေ ဖြစ်လာတော့တာပါပဲ။ ကျွန်းပင်ကို မူလစနစ်က ရေမျောထုတ်ယူတာပါ။ ၇ ပေ- ၆ ပေ ကျွန်းပင်များ သင်းသတ်ပြီး ခြောက်မှ လှဲထုတ်ယူရပါတယ်။ ခုတ်လှဲပိုင်းဖြတ်မှုက သစ်တောဌာနက သတ်မှတ်ထားတဲ့ ခုတ်လှဲပိုင်းဖြတ် နည်းစနစ် (logging Rule) အတိုင်း ဆောင်ရွက်ရပါတယ်။ ပိုင်းဖြတ်ပြီး ကျွန်းသစ်တွေကို သစ်မျောချောင်းမှာ ဆင်နဲ့ရေချ စီထားပြီး ချောင်းရေနဲ့ မျောထွက်စေပါတယ်။ မြစ်မရောက်ခင် ကြိုးတန်းဆယ်ယူ ဖောင်ဖွဲ့ပို့ပါတယ်။ အချိန်ကြာပေမယ့် သစ်ထွက်ဖို့ ငွေကုန်ကြေးကျ သက်သာတယ်။ အဓိကယန္တရားနဲ့ လမ်းဖောက်၊ သစ်တင် သစ်တိုက်ထုတ်ခြင်းထက် တောပျက်စီးမှု သက်သာတယ်။ ကျွန်းသစ်ကို မင်းပိုင်စိုးပိုင် (Royal Tree)သစ်မှတ်ထားတဲ့ အတွက် ခိုးယူသူ မရှိခဲ့ဘူး။ ဥပဒေပုဒ်မ ၆(၁)နဲ့ ကာကွယ်ထားပါတယ်။

နောက် FE လိုအပ်ချက်အရ ကျွန်းပေါက်ဈေးနဲ့ တန်တွက်ပြီးခုတ်၊ ထုတ်၊ ထွက် နှစ်ချင်းပေါက် သစ်ထွက်အောင် လမ်းတွေဖောက်၊ ကားတွေ၊ သစ်တင်စက်တွေနဲ့ ယန္တရား သစ်ထုတ်ခြင်း ဖြစ်လာခဲ့တယ်။ သစ်မျော ဖောင်ဖွဲ့ခြင်း၊ ပျောက်ဆုံးသွားပြီးနောက် တောတွေထဲမှာ သစ်တိုက်လမ်းတွေ ဖြစ်ပေါ်လာတာနဲ့အမျှ လူတွေရောက်လာ၊ အိမ်ခြေရွာခြေတွေ ဖြစ်ပေါ်ခဲ့တယ်။ ကြိုးဝိုင်းသစ်ကွက်တွေထဲ ကျွန်း၊ ပျဉ်းကတိုး၊ သစ်ရာ၊ အင်ကြင်း၊ ပိတောက် တဖြည်းဖြည်း လျော့နည်းပျောက်ကွယ်လု ဖြစ်ခဲ့ရတယ်။ ယနေ့ထိလည်း တ၀ုန်းဝုန်းအလှဲခံ၊ တတိတိ အဖြတ်ခံရဆဲပါပဲ။

သစ်ပင်တွေ သာမက သစ်လုပ်ငန်း တောရိုင်းဆင်တွေပါ လည်ပင်းဖြတ်ခံရတဲ့ သတင်းတွေ၊ ဆင်နဲ့ရင်းနှီးအောင် လုပ်ကိုင်ခဲ့တဲ့ သူတွေကို တုန်လှုပ်စေပါတယ်။ သဘာဝ သယံဇာတ (Natural Resources) သာမက (Live Stock) သက်ရှိသယံဇာတတွေပါ ဆုံးရှုံးမှုတွေကို လျစ်လျူမရှု သင့်ပါဘူး။ မြို့ရွာဖွံ့ဖြိုး တိုးတက်ခြင်းနဲ့ သစ်တောရှင်သန်မှုဟာ ပြောင်းပြန်အချိုးပါပဲ။ လမ်းတွေဖောက်၊ လယ်ယာအိမ်ခြေတွေ တိုးတက်လာတာနဲ့အမျှ သစ်တောတွေနဲ့ မှီခိုသားရဲ တိရစ္ဆာန်တွေ လျော့နည်းသွားမှာပါ။ အချိုးမျှတစွာ စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။ သတ္တုတူးဖော်ရေးဆိုရင် ပိုပြီးမြေဆီမြေလွှာ ပိုပျက်စီးစေပါတယ်။ သစ်တောနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အထူးသဖြင့် ချောင်းများမှာ ရွှေကျင်တဲ့ လုပ်ငန်းတွေ ခွင့်မပြုသင့်ပါဘူး။ မြစ်ချောင်းတွေကောပြီး ရေကြီးတဲ့ဒဏ်ကို တွေ့ကြုံရမှာ ဖြစ်ပါတယ်။ ဒီနေ့ အနယ်နယ် အရပ်ရပ် ရေကြီးနေတာတွေ ထောက်ထားပြီး ဆင်ခြင်ရမှာပါ။

ဆင်ခြင်ထောက်ထား စရာတွေအတွက် ရေသံသရာကို တင်ပြပါရစေ။ ပင်လယ်ပြင်က အချိန်မှန် တိုက်ခတ်လာတဲ့ Monsoon ခေါ် မုတ်သုံလေဟာ မြန်မာပြည်မှာ အချိန်မှန် တိုက်ခတ်ပြီး မိုးရွာစေပါတယ်။ မိုးပေါ်က ကျလာတဲ့ မိုးစက်မိုးပေါက်တွေကို တောတောင် သစ်ပင်တွေကတစ်ဆင့် မြေဆီ၊ မြေလွှာနဲ့ မြစ်ချောင်း အင်းအိုင်တွေထဲ စီးဝင်စေပါတယ်။ တချို့မြေအောက်ရေ အဖြစ်နှင့် မြေကြီးထဲ စီးဝင်ကြပြီး မြစ်ကြီးမြစ်ငယ်တွေက ပင်လယ်ထဲ စီးဝင်ကြပါတယ်။ အ၀ီစိတွင်း ရေတွင်းတွေ ရေထွက်၊ ရေရခြင်းဟာ မြေအောက်ရေကြော ကြောင့်ပါ။ မိုးရေစက်တွေ မြေကြီးမြေသားပေါ် ကြားခံသစ်ပင်တော တောင်မရှိဘဲ တိုက်ရိုက်ကျရင် မြေသားကို တူးသလိုဖြစ်ပြီး မြေစာတွေမိုးနဲ့မျောပါ။ ချောင်းမြောင်းတွေကောမယ်။ မြစ်တွေ ကောမယ်ဆိုရင် အထက်ပါအတိုင်း ရေကြီးမှုကို ခံစားတွေ့ကြုံရမှာပါ။

မိုးရွာစေတာလည်း သစ်တောသစ်ပင် ကြောင့်ပါ။ သစ်ပင်တွေ အမြစ်ကရေနဲ့ ပျော်ဝင်ဓာတ် ပစ္စည်းများကို စုပ်ယူတယ်။ ဓာတ်ပစ္စည်းကို အပင်ကြီးထွားရန် အသုံးပြုတယ်။ ရေကို အရွက်ကတစ်ဆင့် အငွေ့ပြန်စေတယ်။ ဒါကြောင့် ပူတဲ့ရာသီဥတုကို အေးမြစေပြီး ရေငွေ့ပါတဲ့ မုတ်သုံလေကိုလည်း မိုးရွာစေခြင်း ဖြစ်ပါတယ်။

သစ်ပင်သစ်တော အရေးပါပုံကို ဒေါက်တာစန်းဝင်း၊ သစ်တောတက္ကသိုလ်ကလည်း စားသုံးသီးနှံတွေနဲ့ သစ်ပင်၊ သစ်တော ရောနှောစိုက်ပျိုး နိုင်ပုံကို စက်တင်ဘာ ၁၀ ရက်ထုတ် မြန်မာ့အလင်းမှာ ''သားစဉ်မြေးဆက် ထည့်တွက်ချက်'' ဆောင်းပါးနဲ့ ရေးသားတင်ပြ ခဲ့ပါတယ်။ စိန်ရွှေထက် တန်ဖိုးကြီးတယ် လို့လည်း သတ်မှတ်နိုင်ပါတယ်။ ''ဘဘ'' ဆိုတဲ့ စေတနာရှင် တစ်ဦးကလဲ သစ်တွေ ခုတ်၊ တောထဲကုန်ရင် ''နောင်နှစ်ပေါင်း ငါးဆယ်လောက်မှာ မြစ်ကြီးတွေလဲ ခြောက်ခန်းကုန်မယ်။ ဒါမှမဟုတ် မိုးတွင်းမှာ တအားစီးပြီး နွေမှာ ခြောက်ခန်း လျော့နည်းတာတွေ ဖြစ်နိုင်တယ်''။ တော်လောက်ပါပြီ။
 နောင်လာနောက်သားတွေ ငဲ့ညှာပြီး သစ်တွေမခုတ် ကြပါနဲ့တော့လို့ တောင်းပန်ထားတာကို စက်တင်ဘာ ၁၀ ရက်ထုတ် ပြည်သူ့ခေတ် အတွေးဆောင်းပါး စာမျက်နှာ ၂၅ မှာ ဖတ်မိပါတယ်။

ဒီစေတနာတွေဟာ နိဒါန်းမှာ ရေးသားတင်ပြခဲ့တဲ့ အဘိုးအိုရဲ့ စေတနာလိုပါ။ သစ်ပင်၊ သစ်တော ဖြစ်ပေါ်တိုးတက်စေတဲ့ ဆောင်ရွက်ချက်ဟာ ကိုယ်ကျိုးမဖက်တဲ့ ဆောင်ရွက်ချက်ပါ။ သစ်ပင်၊ သစ်တော ပျက်စီးစေမယ့် လုပ်ငန်းမျိုးဆိုလည်း EIA တွက်ချက် ဆောင်ရွက်သင့်ပါတယ်။ ဒီလိုတွက်ချက် ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းမျိုးကို ဖွဲ့စည်းတာဝန် ပေးသင့်ပါတယ်။ နိုင်ငံခြားမှာ Green Peace လို အဖွဲ့မျိုးပါ သစ်တော၊ သစ်လုပ်ငန်း၊ စိုက်ပျိုးရေး အစရှိသည့် ဌာနဆိုင်ရာတွေ ပါဝင်သင့်ပါသည်။

အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါတယ်။ အထူးသဖြင့် ယခုနှစ် ရေရှားပါးမှုတွေ ရာသီဥတု ပူပြင်းမှု သတင်းတွေ၊ မိုးရာသီ မြစ်ရေကြီးမှု အခြေအနေတွေဟာ သစ်တောသစ်ပင်တွေ ပျက်စီးခြင်းရဲ့ အကျိုးဆက်တွေပါပဲ။ ဒုက္ခပင်လယ်ဝေတဲ့ ဆင်းရဲသားပြည်သူ အကျိုးကို ငဲ့ညှာပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမည့် လုပ်ငန်းတွေ ရပ်တန့် လျော့ပါးစေ သင့်ပါတယ်။ စနစ်တကျ EIA တွက်ချက် ဆောင်ရွက်သင့်ပါတယ်။ ချောင်းများ၊ မြစ်ဖျားခံရာ၊ မိုးရေစတင်၊ စုစည်းစီးဆင်းရာ ရေဝေရေလဲ (Catchment Area) ဒေသများမှာ လုံလောက်တဲ့ Forestcover တည်ဆောက် ကာကွယ်ပေးရပါမယ်။

ရေမြေတောတောင်တွေရဲ့ ပျက်စီးမှု တန်ဖိုးကို ငွေကြေးတန်ဖိုးနဲ့ လက်လှမ်းမီသမျှ တိုင်းတာပြရမယ်ဆိုရင် မန္တလေးနဲ့ စစ်ကိုင်းကြား ဧရာဝတီမြစ်ကြောင်း တစ်လျှောက် သဲသောင်ဖယ်ရှားရန် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ ကုန်ကျမယ့် သတင်းကို ၁၈-၉-၂၀၁၃ ရက်ထုတ် Daily Eleven စာမျက်နှာ ၁၆ မှာ ဓာတ်ပုံနဲ့တကွ ဖတ်လိုက်မိပါတယ်။ ဒေါ်လာ ၁ ဒသမ ၈ ဘီလျံဟာ မြန်မာငွေ မြန်မာဂဏန်းနဲ့ဆိုရင် (၁၈,၀၀၀,၀၀၀,၀၀၀) ကို (၉၀၀/၁၀၀၀)ကျပ် တစ်ဒေါ်လာ တန်ဖိုးနဲ့ မြှောက်ရတဲ့ ကိန်းဂဏန်းပါ။ အဲဒီတန်ဖိုးဟာ မန္တလေးနဲ့ စစ်ကိုင်းကြားပဲ ရှိပါသေးတယ်။

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ဆိုရင် ....၊ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရော ....၊ စစ်တောင်း/သံလွင်မြစ်ကြောင်း တွေလဲ မကောဘူးလား ....

ကျွန်တော်တို့ နိုင်ငံရဲ့ သဘာဝသယံဇာတ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို မြစ်ချောင်းတိမ်ကောမှုနဲ့ပင် တွက်ဆလို့ မရနိုင်အောင် တန်ဖိုးကြီးမား လွန်းလှနေပါပြီ။

၃၀-၉-၂၀၁၃ ရက်ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၇၊ ဓာတ်အားရရှိရေး နည်းမျိုးစုံဖြင့် စီစဉ်ဆောင်ရွက်ပေးမည် ခေါင်းစဉ်ပါ သတင်းထဲမှာ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ရှင်းလင်းပြောကြား ရာမှာလည်း ''ရေအားလျှပ်စစ် စက်ရုံများမှ ဓာတ်အားထုတ်လုပ်၍ မရတော့သည့် အဆင့်အထိ ရေများကျဆင်း ခဲ့သဖြင့် Gas များ တောင်းခံပြီး သဘာဝဓာတ်ငွေ့သုံး စက်များ စွမ်းရည်ပြည့် လည်ပေးခဲ့ရကြောင်း'' သတင်းမီဒီယာ တွေ့ဆုံပွဲမှာ ရှင်းလင်းပြောကြား ခဲ့ပါတယ်။ ဒါတွေဟာ အထင်ကရ သစ်တောဆုံးရှုံးမှု တန်ဖိုးတွေပါ။ အညာဒေသတွေမှာ သောက်ရေခက်ခဲတာတွေ၊ မှီခိုအားထားစရာ ရေတွင်းရေကန် ခြောက်ခန်းတာတွေ၊ ရေကြီးမှုဒဏ်ကြောင့် အသက်အိုးအိမ် ဆုံးရှုံးမှုတွေ၊ တောတွင်းအစာ ရေစာရှားပါးမှုကြောင့် ဆင်၊ ကျား၊ ကျားသစ် သားရဲ တိရစ္ဆာန် ဆုံးရှုံးမှုတွေ၊ ခြောက်သွေ့ ပူပြင်းမှု မီးလောင်မှုဒဏ်တွေ အစရှိတဲ့ ပျက်စီးဆုံးရှုံးမှုတွေ တွက်ဆမှန်းမျှော်လို့ မနိုင်အောင် တန်ဖိုးကြီးမား များပြားပါကြောင်း အထက်နိဒါန်းပါ အဘိုးအိုရဲ့ စေတနာမျိုးနဲ့ တိုင်းသူပြည်သူ အကျိုးကျေးဇူး အလို့ငှာ အစိုးရနှင့်ပြည်သူ၊ ပြည်သူနှင့်အစိုးရ သူ့တာ ကိုယ့်တာ သစ်တော လုံခြုံစွာ ထိန်းသိမ်းနိုင်ရေး ဆရာဇော်ဂျီ၏ ကဗျာကောက်နှုတ်ချက်ဖြင့် တင်ပြနိဂုံးချုပ် အပ်ပါသည်။

တို့ပြည်ထောင်စု

.........................

.........................

.........................

.........................

စမ်းရေလျဉ်နှင့်

မြသွင်သစ်တော

အလှနှောသည်

သာမောဖွယ်ပါတကား

ဆရာဇော်ဂျီ

ရွှေကြက်ယက် ဆိပ်ကမ်းအနီး သစ်လုံးတင် ရေယာဉ်များကို စက်တင်ဘာ နောက်ဆုံးအပတ်က တွေ့ရစဉ် (ဓာတ်ပုံ)အောင်သူ

EMG

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..