လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, October 4, 2013

ကလေးစစ်သားသုံးတဲ့ နိုင်ငံတွေကို အမေရိကန်က ပိတ်ဆို့မှု လုပ်ဖို့ရှိ

Photo: ကလေးစစ်သားသုံးတဲ့ နိုင်ငံတွေကို အမေရိကန်က ပိတ်ဆို့မှု လုပ်ဖို့ရှိ
Friday, October 4, 2013

ပဋိပက္ခအတွင်း ကလေးစစ်သားအသုံးပြုမှုကြောင့် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံ ၅နိုင်ငံကို  အမေရိကန်နိုင်ငံက စစ်ရေးထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်သွားမယ့် နိုင်ငံ ၅နိုင်ငံဟာ Central African Republic၊ Rwanda၊ Sudan၊ Syria နဲ့ မြန်မာနိုင်ငံတို့ ပါဝင်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ရည်ရွယ်ချက်က ကလေးစစ်သားအသုံးပြုတဲ့နိုင်ငံတွေ၊ ကလေးတွေကို စစ်တပ်ထဲသွင့်းတဲ့နိုင်ငံတွေကို သေချာဆန်းစစ်ပြီး ရပ်တန့်နိုင်အောင် ပြုလုပ်သွားဖို့ဖြစ်တယ်လို့ အမေရိကန် ကပြောပါတယ်။

ကလေးတွေကို စစ်တပ်ထဲသွင်းပြီး ကလေးစစ်သားအသုံးပြုတဲ့ တခြားနိုင်ငံ သုံးနိုင်ငံဖြစ်တဲ့ Chad, South Sudan နဲ့ Yemen နိုင်ငံ တို့ကိုတော့ ချွင်းချက်အနေနဲ့ ပိတ်ပင်မှုမခံရဘူးလို့ အမည်မဖော်လိုတဲ့ အမေရိကန် နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ Congo နဲ့ Somalia နိုင်ငံတွေကိုတော့ တချို့တ၀က်ကို ဖြေလျော့ပေးလိုက်ပေမယ့် တချို့ကိုတော့ ပိတ်ဆို့မှု ထားရှိနေတုန်းပဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အမေရိကန်နိုင်ငံက အခုလို စစ်ရေး ဒဏ်ခတ်ပိတ်ဆို့မယ့်နိုင်ငံတွေအပေါ်မှာ ကူညီထောက်ပံ့မှုတွေ ဘယ်လောက်ထိလျော့ချသွားမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ABC Radio Australia

Congo နိုင်ငံက ကလေးစစ်သားတစ်ဦး (Credit: Reuters) 

http://www.myanmaronlinenews.net/2013/10/blog-post_6328.html

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..