လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, October 24, 2013

ရထား သန့်စင်ခန်းတွင် မွေးဖွားခဲ့ပြီး ရထားလမ်းပေါ်သို့ ပြုတ်ကျခဲ့သည့် ကလေးငယ် ကံကောင်း ထောက်မစွာ အသက်ရှင်

Photo: ရထား သန့်စင်ခန်းတွင် မွေးဖွားခဲ့ပြီး ရထားလမ်းပေါ်သို့ ပြုတ်ကျခဲ့သည့် ကလေးငယ် ကံကောင်း ထောက်မစွာ အသက်ရှင်
Thursday, October 24, 2013

အိန္ဒိယ နိုင်ငံ နာဒီယာ ခရိုင် ပါလာရှီ ရထား ဘူတာရုံ အနီးတွင် အောက်တိုဘာ ၂၂ရက် ည ၆နာရီခွဲ ဝန်းကျင်က လာဂိုလာ ခရီးသည်တင် ရထားတစ်စင်းပေါ်တွင် လိုက်ပါလာသည့် ကိုယ်ဝန်ဆောင် မိခင်တစ်ဦးသည် ရထားသွားနေစဉ်သန့်စင်ခန်း အသုံးပြုနေရင်း ကလေး မီးဖွားခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါ မွေးကာစ ကလေးငယ်မှာ မီးရထား သန့်စင်ခန်း အပေါက်မှ ရထားလမ်း ပေါ်သို့ ပြုတ်ကျသွားခဲ့ သော်လည်း ကံကောင်းထောက်မစွာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ အသက်ရှင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

အာဖရိုဇာ ဘီဘီအမည်ရှိ အမျိုးသမီး တစ်ဦးသည် သူမ၏ သမီးဖြစ်သူ ကိုယ်ဝန်ဆောင် မိခင် ရီဟာနီ ဘီဘီနှင့် ယင်းခရီးသည်တင် ရထားပေါ်တွင် စီးနင်းလိုက်ပါ ခဲ့ကြောင်း၊ ရီဟာနီသည် ၎င်း၏ ကလေးငယ် ပျက်ကျပြီးနောက် သန့်စင်ခန်း အတွင်း ငိုနေစဉ် မိခင် ဖြစ်သူက ငိုသံကြား၍ သန့်စင်ခန်းသို့ အမြန်သွားခဲ့ရာ အကြောင်းစုံကို သိရှိခဲ့သည်။ ယင်းနောက် အာဖရိုဇာသည် ခရီးသွားများကို ဖြစ်စဉ်အား ပြောပြ၍ အကူအညီ တောင်းခဲ့သည်။

ခရီးသည်များက ရထားကို ရပ်ခိုင်း ခဲ့ပြီး မွေးကင်းစကလေးကို ကယ်တင်ကာ မိခင်နှင့် ကလေးဖြစ်သူ နှစ်ဦးစလုံးကို ပါလာရှီ ဘူတာရုံရှိ ရှေးဦး ပြုစုရေးနှင့် ကုသရေးဌာနသို့ ပို့ဆောင် ခဲ့ကြောင်း၊ ယခုအခါ မိခင်နှင့် ကလေးနှစ်ဦး စလုံးမှာ ကျန်းမာလျက် ရှိပြီး အံ့သြစရာ ကောင်းစွာဖြင့် ကလေးငယ်မှာ ထိခိုက်ဒဏ်ရာ ရရှိမှု တစ်စုံတစ်ရာ မရှိကြောင်း သိရ သည်။ 

မြ၀တီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..