လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, October 22, 2013

ရန်ကုန် - ဘန်ကောက် ကားဖြင့် တိုက်ရိုက် သွားနိုင် ပြီ


ရန် ကုန် - ထားဝယ် - ကန်ချနာဘူရီ မြို့ ( ထိုင်း နိုင်ငံ ) သို့ ကားဖြင့် သွား ရောက် လည်ပတ် နိုင်ပြီ ဖြစ်ကြောင်း Dawei Beauty Travels & Tours ခရီးသွား လုပ်ငန်း မှ သိရ သည်။ ထိုင်း နိုင်ငံ နှင့် မြန်မာ နိုင်ငံ ကြား နယ်စပ် ဂိတ် လေးခု တွင် တစ်ခု အပါ အဝင် ဖြစ်သည့် ထီးခီးနယ် စပ် မှ နိုင်ငံခြား သား ခရီးသည် များ ကို ခရီးသည် တင် ကား ဖြင့် ဝင် ထွက်ခွင့် ပေးခဲ့ပြီး တစ်လ အကြာ တွင် အဆိုပါ အလည် အပတ် ခရီး စဉ် အား စတင် ခဲ့ ခြင်းဖြစ် ကြောင်း အဆိုပါ ခရီး သွား လုပ်ငန်း ၏ ဒုတိယ ဥက္ကဋ္ဌ ဦးညီညီနိုင် က ပြောသည်။
Dawei Beauty Travels & Tours ခရီးသွား လုပ်ငန်း ဒု - ဥက္ကဋ္ဌ ဦးညီညီနိုင် က ''အခု ထားဝယ် ဘက် ကလဲ ငြိမ်းချမ်း နေပြီ။ သွား ရေးလာ ရေး ကလဲ အရင် လို သိပ် မခက်ခဲ တဲ့ အတွက်

ခရီး သွား လုပ် ငန်း လုပ်ဖို့ စတင် တာပါ။ လူတိုင်း က ပုဂံ ဆိုတာ သိပေမယ့် ပင်လယ် အလှ အပတွေ ဝန်းရံ ထားတဲ့ ထား ဝယ် ကို သိပ်မသိ ကြဘူး။ အခု ထီးခီး နယ်စပ် ကနေ ကန်ချနာ ဘူရီ အထိ အလွယ် တကူ ကားနဲ့ သွား နိုင်တဲ့ အတွက် ခရီးသွား လုပ်ငန်း လုပ်ဖို့ ဆုံးဖြတ် လိုက်တာ''ဟု ဆို သည်။

ယင်းက ဆက်လက် ပြောဆို ရာ တွင် လက်ရှိ အချိန် တွင် ထီးခီး နယ်စပ် ဂိတ် တစ်ခု တည်းသာ ဖွင့် ပေး ထားခြင်း ကြောင့် ကန်ချနာ ဘူရီ ကို သာ ပို့ဆောင် ခြင်း ဖြစ်ပြီး နောက်ပိုင်း တွင် ကော့သောင်း၊ မြဝတီ၊ တာချီလိတ် ဂိတ် များ ဖွင့် လှစ် ပါက ခရီးစဉ် များ တိုးချဲ့ သွား မည် ဖြစ်ကြောင်း၊ ယခု အချိန် တွင် ကန်ချနာ ဘူရီ သို့ ပထမ အကြိမ် ခရီး သွား ၅၄ ဦး အား စေလွှတ် ထားပြီး ဖြစ်သည် ဟု ဆိုသည်။

ရန်ကုန် - ထားဝယ် - ကန်ချ နာဘူရီ ခရီးစဉ် ဝန်ဆောင် ခ အ နေဖြင့် ရန်ကုန် မှ ကျပ်၂၅၉၀၀၀ ဖြစ် ပြီး ထားဝယ် မှ ကျပ် ၁၅၉၀၀၀ သတ်မှတ် ထားကာ ကားစီး ရန် အဆင် မပြေ သော ခရီးသွား များ အတွက် လေယာဉ် ဖြင့် ထားဝယ် သို့ ပိုဆောင် ပြီး ယင်းမှ တစ်ဆင့် ကန်ချနာ ဘူရီ သို့ လည်ပတ် ဗီဇာ ပြုလုပ် ၍ ထိုင်း ခရီးသွား ကုမ္ပဏီ မှ အထင် ကရ နေရာ များ အား လိုက် ပါ ပို့ဆောင် ပေးမည် ဖြစ်ကြောင်း သိရ သည်။

ထိုင်း နိုင်ငံ မှ တစ်ဆင့် မြန်မာ နိုင်ငံ အတွင်း ဝင်ရောက် လာမည့် နိုင်ငံခြား ခရီးသွား များ အတွက် ထိုင်း နိုင်ငံ ခရီးသွား လုပ်ငန်း များ နှင့် တိုက်ရိုက် ချိတ်ဆက် ၍ ဆောင် ရွက် သွားရန် စီစဉ် နေပြီး ပတ်စ်ပို့ ကိုင်ဆောင် ထားသူ များ မှာ ဘန် ကောက် အထိ ဆက်လက် လည် ပတ် နိုင်မည် ဖြစ်ပြီး ဘန်ကောက် ခရီးစဉ် ကို သွားလို ပါက ခရီးစ ရိတ် အနည်းငယ် ကွာခြား နိုင် ကြောင်း သိရသည်။

အဆိုပါ ကန်ချနာ ဘူရီ ခရီး စဉ် ၏ ဒုတိယ အသုတ် အနေဖြင့် လာမည့် နိုဝင်ဘာ ၁၆ ရက် တွင် ထပ်မံ စီစဉ် ထားသည် ဟု သိရ သည်။ လက်ရှိ အ ချိန် အထိ ထိုင်း နိုင်ငံ ကန်ချနာ ဘူရီ ခရီးစဉ် အား ဝန်ဆောင် မှု ပေးသည့် ကုမ္ပဏီ အ နေဖြင့် တစ်ခု တည်း သာရှိ နေပြီး နောင် ထားဝယ် စီးပွားရေး ဇုန်များ ဖြစ်ပေါ် လာပါက ပိုမို ပေါများ လာ နိုင်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..