လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, October 20, 2013

ဟီလာရီ ကလင်တန်၏ကားအား ချလတ်ဖြတ်သွားသည့် ဗြိတိန်ရဲ

Photo: ဟီလာရီ ကလင်တန်၏ကားအား ချလတ်ဖြတ်သွားသည့် ဗြိတိန်ရဲ
Sunday, October 20, 2013

ဒါမှ မထူးဆန်းရင်တော့ ဘာကို ထူးဆန်းတယ် ပြောရမလဲ မသိတော့ပါဘူး။ ဟီလာရီ ကလင်တန်ဆိုတာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း လည်းဖြစ်၊ သမ္မတကတော်လည်းဖြစ်၊ ၂၀၁၈ ခုနှစ်အတွက် အမေရိကန် သမ္မတလောင်းလျာလည်း ဖြစ်လာဖွယ် ရှိနေသည့် ကမ္ဘာ့ပေါ်တွင် သြဇာအာဏာ အကြီးဆုံး အမျိုးသမီးများထဲ၌ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

မစ္စကလင်တန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လန်ဒန်မြို့သို့ သူမရဲ့ သံတမန်ဆိုင်ရာ စွမ်းဆောင်မှုများကို ဂုဏ်ပြုတဲ့ အခမ်းအနား တစ်ခုကို တက်ရောက်ခဲ့ပါတယ်။ အဲဒီအခါမှာ သူမရဲ့ လုံခြုံရေးများနဲ့ လက်ထောက်များဟာ သူမရဲ့ ဂုဏ်ပုဒ်နဲ့နာမည်ကြောင့် လန်ဒန်မြို့မှာ ယာဉ်ရပ်နားခ ပေးစရာ မလိုဘူးလို့ ထင်သွားပုံ ရပါတယ်။ အဲဒီမှာတင် ပြဿနာက စပါတော့တယ်။

လန်ဒန်ရဲ့ နာမည်ကျော် ရဲအရာရှိ တစ်ဦးဟာ လုံခြုံရေးများရဲ့ ပြောဆိုတားမြစ်မှုကို လစ်လျူရှုပြီး မစ္စကလင်တန်ရဲ့ မာစီဒီးကို ပေါင် ၈၀ တန် ဒဏ်ကြေးပေးဖို့ ချလန်ဖြတ်သွားခဲ့ပါတယ်။ လုံခြုံရေးများက ရဲအရာရှိကို ဓာတ်ပုံရိုက်ကူးပြီး ဖိအားပေးခဲ့ပေမယ့် တုတ်တုတ်တောင် မလှုပ်ခဲ့ပါဘူး။ ရဲအရာရှိဟာ သူအလုပ်သူလုပ်ပြီး တာဝန်ကြေပွန် ခဲ့တာပါလို့ Westminister မြို့နယ် အုပ်ချုပ်ရေးရုံးက ကြေညာချက် ထုတ်ခဲ့ပါတယ်။

ယင်းတို့၏ ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒီ ရဲအရာရှိရဲ့ ဆောင်ရွက်မှုကို မစ္စကလင်တန် အနေနဲ့ နားလည်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူပုဂ္ဂိုလ်မရွေး တန်းတူဆက်ဆံ ကိုင်တွယ်ရပါတယ်။ ကမ္ဘာကျော် ရာထူးတွေ၊ ဂုဏ်ပုဒ်တွေနဲ့ မဆိုင်ပါဘူး။ အလွယ်ဆုံးကတော့ မစ္စကလင်တန်အနေနဲ့ ကျွန်တော်တို့ရဲ့ iPhone app လေးကို download လုပ်ပြီး ကားရပ်နားဖို့ နေရာတွေကို အချိန်နဲ့ တစ်ပြေးညီ ရှာဖွေနိုင်ပါလိမ့်မယ်။” ဟု ဆိုသွားခဲ့သည်။

တစ်ခုစဉ်စားစရာက ဒီလို အခမ်းအနားကို တက်ရောက်လာတဲ့ မစ္စကလင်တန်အတွက် စီစဉ်သူတွေက ကားရပ်ဖို့ နေရာလေးတစ်ခုကို ဘာလို့များ မစီစဉ်ပေး နိုင်ခဲ့သလဲလို့ . . .

Myanmar Consumer Guide

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..