အတွင်းအံ့ဘွယ်(9)ပါး...
(1)ရွှေထီးတော်ကြီးအား သံကိုင်း သံကြိုး
တို့ဖြင့်မချည်မဆိုင်းတည်ခြင်း။
(2)ရွှေလောင် စက္ကူကိုကြာလံဖျားမှလွှင့်ချ
လျင်အပြင်သို့မလွင့်ခြင်း။
(3)စေတီတော်၏အရိပ်သည်တံတိုင်းအပြင်
သို့မထွက်(အကြောင်းရှိမှထွက်တော်မူခြင်း)။
(4)ဘုရားဖူးများရာထောင်သောင်းဝင်သည့်တိုင်
ပြည့်ကျပ်မနေခြင်း။
(5)ပထမသပိတ်ကြီးတွင်ဆွမ်းဦးကပ်သူ
အမြဲရှိနေခြင်း။
(6)စေတီတော်ကြီး၏တစ်ဘက်မှစည်တီး
လျင်ကျန်တစ်ဘက်မှမကြားရခြင်း။
(7)အဝေးမှဖူးမျှော်လျင်ကုန်းမြင့်၌တည်ထားသည်ဟု
ဖူးတွေ့ထင်ရခြင်း။
(8)မိုးမည်မျှရွာသည်ဖြစ်စေ ရေမတင်ခြင်း။
(9)12လရာသီလုံးအဖူးအပွင့်တို့ဖြင့်တင့်တယ်သောခရေပင်ရှိခြင်း။
အပြင် အံ့ဘွယ်(9)ပါး...
(1)ရေအလျင်စီးရာ၌ဆင်တော်ဝပ်ရာသဲသောင်ပြင်ပေါ်လာခြင်း။
(2)သဲသောင်ကိုကြာရှည်တည်တံ့စေရန်နဂါးကျစ်၍သဲကျောက်ဖြစ်လာခြင်း။
(3)စေတီတော်ကိုဦးခိုက်ပြီးမှဧရာဝတီမြစ်ရေစီးဆင်းရခြင်း။
(4)မဟာရံတံတိုင်းရှစ်ပယ်မျှကျယ်ဝန်းခြင်း။
(5)တူရွင်းတောင်မှကျောက်အုတ်များကိုလက်ဆင့်ကမ်းသယ်ယူခြင်း။
(6)မန်ကျည်းပင်များနေ့ချင်းပေါက်၍အရိပ်ခိုရလောက်အောင်ကြီးထွားလာခြင်း။
(7)စေတီတော်ကြီးပြီးလျှင်မန်ကျည်းပင်များပျောက်ကွယ်ခြင်း။
(8)သိကြားမင်းကိုယ်တိုင်တူးခဲ့သောမှန်တွင်းရေပြင်၌စေတီ၏အရိပ်ပေါ်ခြင်း။
(9)အဝေးမှကြည့်လျှင်ကုန်းပေါ်တွင်တည်ထားသည်ဟုထင်ရ၍အနီးရောက်မှမြေညီတွင်
တည်ထားသည်ဟုတွေ့မြင်ရခြင်း။
post by နှင်းဆီဖူးလေးများ-Love BUDS
post by နှင်းဆီဖူးလေးများ-Love BUDS

No comments:
Post a Comment