လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, September 19, 2013

iPad ကို လက်နက်စနစ် ထောက်ကူကိရိယာအဖြစ် ဆီးရီးယားသူပုန်များ အသုံးပြု

Photo: iPad ကို လက်နက်စနစ် ထောက်ကူကိရိယာအဖြစ် ဆီးရီးယားသူပုန်များ အသုံးပြု
Thursday, September 19, 2013

ဒမတ်စကက် မြို့တော်အနီးရှိ ဂျော်ဘာအရပ်တွင် သမ္မတ ဘာရှာအာဆက်ဒ်၏ တပ်ဖွဲ့များကို တွန်းလှန် တိုက်ခိုက်နေသည့် သူပုန်တပ်ဖွဲ့ တစ်ခုဖြစ်သော အန်ဆာဒီမက်ခ်ျတို့က iPadကို လက်နက်ချိန်ညှိသော ရေဒါစနစ်အသွင် တီထွင် အသုံးပြုနေခြင်း ဖြစ်သည်။

Apple ကုမ္ပဏီကထုတ်လုပ်သော Tabletကွန်ပျူတာ iPadများကို ဖျော်ဖြေရေးအတွက်၊ အလုပ်အတွက် စသည်ဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနှင့် အသုံးပြုကြသည်မှာ မဆန်းချေ။ သို့သော်လည်း ဆီးရီးယား အစိုးရကို တော်လှန်နေသော သူပုန်တပ်ဖွဲ့ အချို့ကမူ iPadကို လက်နက်ကဏ္ဍတွင်ပါ အသုံးပြုနေသည်မှာ အံ့ဩစရာ ဖြစ်လာခဲ့သည်။ ဒမတ်စကက် မြို့တော်အနီးရှိ ဂျော်ဘာအရပ်တွင် သမ္မတ ဘာရှာအာဆက်ဒ်၏ တပ်ဖွဲ့များကို တွန်းလှန် တိုက်ခိုက်နေသည့် သူပုန်တပ်ဖွဲ့ တစ်ခုဖြစ်သော အန်ဆာဒီမက်ခ်ျတို့က iPadကို လက်နက်ချိန်ညှိသော ရေဒါစနစ်အသွင် တီထွင် အသုံးပြုနေခြင်း ဖြစ်သည်။ လက်လုပ် မော်တာအမြောက်များကို ပစ်ခတ်ရာတွင် ပစ်မှတ်ချိန်ရွယ်မည့် စနစ်တစ်ခု လိုအပ်နေရာ ယင်းကို iPadဖြင့် သူပုန်များက ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာ လလယ်က ဒမတ်စကက် ဆင်ခြေဖုံးရှိ ဂျော်ဘာသို့ မော်တာဖြင့် လှမ်း၍ပစ်ခတ်ရာတွင် သူပုန်များက iPadကို အသုံးပြု ချိန်တွယ်ကြသည်ကို တွေ့ရှိရသည်။

ဇွန်လအတွင်းကလည်း အာဆက်ဒ်၏ တပ်သားအချို့သည် iPadရှိ မြေပုံစနစ်များကို အသုံးပြုကာ ပစ်မှတ်ရှာဖွေမှုများ ပြုလုပ်ခဲ့ဖူးသည်။ အန်ဆာဒီမက်ခ်ျ သူပုန်အဖွဲ့များ ရိုက်ကူးထားသည့် မှတ်တမ်းဗီဒီယို တစ်ခုတွင်မူ တပ်ဖွဲ့ဝင်များက မော်တာအနီးတွင် iPadကို ထားရှိကာ သတ်မှတ်ထားသည့် ပစ်ကွင်းနေရာများကို ဆွေးနွေး ရွေးချယ်နေကြောင်း တွေ့ရှိရသည်။ ကာလရှည်ကြာစွာ တိုက်ခိုက်နေသော ဆီးရီးယား ပြည်တွင်းစစ် အတွင်းတွင် သူပုန်တို့သည် ရရာပစ္စည်းများကို လက်နက်အဖြစ် ဖန်တီးခဲ့ကြသည်။ ၎င်းတို့၏ လက်ရာများအနက် အိမ်လုပ် သံချပ်ကားများ၊ စက်သေနတ်များအပြင် ဒုံးကျည်ပစ်စင်များပင် ပါဝင်သည်။ သူပုန်များသည် ပုလင်းလွတ်များထဲတွင် ဓာတ်ဆီနှင့် အခြားမီးလောင်ပေါက်ကွဲတတ်သော အရည်များ ထည့်ထားသည့် မိုလိုတော့ဗ် အိမ်လုပ်ဗုံးများကိုလည်း အသုံးပြုခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network
ဒမတ်စကက် မြို့တော်အနီးရှိ ဂျော်ဘာအရပ်တွင် သမ္မတ ဘာရှာအာဆက်ဒ်၏ တပ်ဖွဲ့များကို တွန်းလှန် တိုက်ခိုက်နေသည့် သူပုန်တပ်ဖွဲ့ တစ်ခုဖြစ်သော အန်ဆာဒီမက်ခ်ျတို့က iPadကို လက်နက်ချိန်ညှိသော ရေဒါစနစ်အသွင် တီထွင် အသုံးပြုနေခြင်း ဖြစ်သည်။
Apple ကုမ္ပဏီကထုတ်လုပ်သော Tabletကွန်ပျူတာ iPadများကို ဖျော်ဖြေရေးအတွက်၊ အလုပ်အတွက် စသည်ဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနှင့် အသုံးပြုကြသည်မှာ မဆန်းချေ။ သို့သော်လည်း ဆီးရီးယား အစိုးရကို တော်လှန်နေသော သူပုန်တပ်ဖွဲ့ အချို့ကမူ iPadကို လက်နက်ကဏ္ဍတွင်ပါ အသုံးပြုနေသည်မှာ အံ့ဩစရာ ဖြစ်လာခဲ့သည်။ ဒမတ်စကက် မြို့တော်အနီးရှိ ဂျော်ဘာအရပ်တွင်

သမ္မတ ဘာရှာအာဆက်ဒ်၏ တပ်ဖွဲ့များကို တွန်းလှန် တိုက်ခိုက်နေသည့် သူပုန်တပ်ဖွဲ့ တစ်ခုဖြစ်သော အန်ဆာဒီမက်ခ်ျတို့က iPadကို လက်နက်ချိန်ညှိသော ရေဒါစနစ်အသွင် တီထွင် အသုံးပြုနေခြင်း ဖြစ်သည်။ လက်လုပ် မော်တာအမြောက်များကို ပစ်ခတ်ရာတွင် ပစ်မှတ်ချိန်ရွယ်မည့် စနစ်တစ်ခု လိုအပ်နေရာ ယင်းကို iPadဖြင့် သူပုန်များက ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာ လလယ်က ဒမတ်စကက် ဆင်ခြေဖုံးရှိ ဂျော်ဘာသို့ မော်တာဖြင့် လှမ်း၍ပစ်ခတ်ရာတွင် သူပုန်များက iPadကို အသုံးပြု ချိန်တွယ်ကြသည်ကို တွေ့ရှိရသည်။

ဇွန်လအတွင်းကလည်း အာဆက်ဒ်၏ တပ်သားအချို့သည် iPadရှိ မြေပုံစနစ်များကို အသုံးပြုကာ ပစ်မှတ်ရှာဖွေမှုများ ပြုလုပ်ခဲ့ဖူးသည်။ အန်ဆာဒီမက်ခ်ျ သူပုန်အဖွဲ့များ ရိုက်ကူးထားသည့် မှတ်တမ်းဗီဒီယို တစ်ခုတွင်မူ တပ်ဖွဲ့ဝင်များက မော်တာအနီးတွင် iPadကို ထားရှိကာ သတ်မှတ်ထားသည့် ပစ်ကွင်းနေရာများကို ဆွေးနွေး ရွေးချယ်နေကြောင်း တွေ့ရှိရသည်။ ကာလရှည်ကြာစွာ တိုက်ခိုက်နေသော ဆီးရီးယား ပြည်တွင်းစစ် အတွင်းတွင် သူပုန်တို့သည် ရရာပစ္စည်းများကို လက်နက်အဖြစ် ဖန်တီးခဲ့ကြသည်။ ၎င်းတို့၏ လက်ရာများအနက် အိမ်လုပ် သံချပ်ကားများ၊ စက်သေနတ်များအပြင် ဒုံးကျည်ပစ်စင်များပင် ပါဝင်သည်။ သူပုန်များသည် ပုလင်းလွတ်များထဲတွင် ဓာတ်ဆီနှင့် အခြားမီးလောင်ပေါက်ကွဲတတ်သော အရည်များ ထည့်ထားသည့် မိုလိုတော့ဗ် အိမ်လုပ်ဗုံးများကိုလည်း အသုံးပြုခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..