ဖိလစ်ပိုင်နိုင်ငံ ဇမ်ဘိုအန်ဂါ ဆိပ်ကမ်း မြို့တွင် မိုရိုအမျိုးသား လွတ်မြောက်ရေး တပ်ဦး (MNLF)
အဖွဲ့ဝင်များနှင့် အစိုးရ တပ်ဖွဲ့ဝင်များကြား ဖြစ်ပွား ခဲ့သော ခြောက်
ရက်ကြာ ပဋိပက္ခများကြောင့် ၅၆ ဦးထက်မနည်း သေဆုံးခဲ့ သည်ဟု သတင်းဌာန တစ်ခုက
စက်တင် ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့ဝင်များသည် ဒေသခံများအား ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး ကမ်းရိုးတန်း ရွာများကို သိမ်းပိုက်ထားသော (MNLF) အဖွဲ့ဝင်များကို နှိမ်နင်းလျက် ရှိကြောင်း Sky News သတင်းဌာနက ဖော်ပြခဲ့သည်။
(MNLF) အဖွဲ့ဝင် ၂ဝဝ ကျော်ကို ဝန်းရံထားသော အစိုးရ တပ်ဖွဲ့ဝင်များသည် သူပုန်များ သိမ်းပိုက်ထားသော ဒေသများကို တဖြည်းဖြည်း ပြန်လည်သိမ်းပိုက်ခဲ့ပြီး အဆိုပါမြို့ရှိ ဆင်ခြေဖုံး ဒေသများမှ လမ်းများကို ရှင်းလင်းမှု ပြုလုပ်လျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီး မာရိုဆက်စ်က ပြောကြားခဲ့သည်။
ဓားစာခံအချို့သည် သူပုန်များထံမှ လွတ်မြောက်လာခဲ့သော်လည်း ကျန်ရှိနေသေးသော ဓားစာခံ အရေအတွက် ကို အတိအကျ မသိရှိရသေးကြောင်း သတင်းရရှိသည်။
မြ၀တီ

No comments:
Post a Comment