လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, September 25, 2013

ပါကစ္စတန်ငလျင်ကြောင့် ၄၆ ဦးသေ၊ ပင်လယ်မှာ ကျွန်းတစ်ကျွန်းပေါ်လာ

Photo: ပါကစ္စတန်ငလျင်ကြောင့် ၄၆ ဦးသေ၊ ပင်လယ်မှာ ကျွန်းတစ်ကျွန်းပေါ်လာ
Wednesday, September 25, 2013

ပါကစ္စတန်နိုင်ငံ အနောက်ပိုင်း ဒေသမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်တဲ့အတွက် အနည်းဆုံး လူ ၄၆ ယောက်သေဆုံးပြီး ငလျင်ကြောင့် ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ပင်လယ်ပြင်မှာ ကျွန်းသစ် တစ်ကျွန်း ပေါ်ထွက်လာခဲ့ပါတယ်။

အဲ့ဒါ့အပြင် လူပေါင်း ရာနဲ့ချီ ဒဏ်ရာရရှိပြီး ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသမှာ အိမ်ခြေပေါင်း ၃၀ % ပျက်စီးကုန်တယ်လို့ သိရပါတယ်။ ဒ

ဒိထက်မက သေကြေ ပျက်စီးမှုတွေ များပြားနိုင်ကြောင်းလည်း ပြောပါတယ်။

ပါကစ္စတန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ဒဏ်ကို ငလျင်ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ နေရာနဲ့ ကီလိုမီတာ ရာနဲ့ချီဝေးကွာတဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အထိ ခံစားခဲ့တဲ့အပြင် ဒူဘိုင်းမြို့အထိ ခံစားခဲ့ရပါတယ်။

အမေရိကန် ဘူမိဗေဒပညာရှင်တွေရဲ့ တိုင်းထွာချက်အရ ပြင်းအား ၇.၈ အင်အားရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာဖြစ်ပြီး ငလျင်လှုပ်ခတ်ခဲ့တဲ့ Baluchistan ပြည်နယ်ဟာ ငလျင်တွေ မကြာခဏ လှုပ်ခတ်လေ့ရှိရာ ဒေသဖြစ်ပြီး အီရန်နိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်ရာ နေရာ ဖြစ်ပါတယ်။

ခုလောလော အဲဒီဒေသမှာ အရေးပေါ်အခြေအနေအဖြစ် တပ်လှန့်ထားပြီး သေဆုံး ပျက်စီးမှုတွေ များပြားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ငလျင်ကြီးရဲ့ အင်အား ပြင်းထန်လွန်းတဲ့အတွက် ပင်လယ်ကြမ်းပြင် မြင့်တက်လာပြီး ကျွန်းငယ် တစ်ကျွန်း ပေါ်ထွက်လာတယ်လို့ ဆိုပါတယ်။

ရုပ်မြင်သံကြားမှာ ပြသချက်အရ ပင်လယ်ပြင်မှာ မြင့်တက်နေတဲ့ ကျွန်းငယ်သစ် တစ်ကျွန်း အာရေးဘီးယား ပင်လယ်ပြင်မှာ ပေါ်ထွက်လာတာကို ပြသထားပါတယ်။

ဒုက္ခရောက်နေသူတွေကို ကူညီကယ်ဆယ်ဖို့ စစ်သား အယောက် ၂၀ အပြင် ကျန်းမာရေးအဖွဲ့တွေကိုလည်း စေလွှတ်ထားပြီ ဖြစ်ပါတယ်။

ABC Radio Australia

ငလျင်ကြီးရဲ့ အင်အား ပြင်းထန်လွန်းတဲ့အတွက် ပင်လယ်ကြမ်းပြင် မြင့်တက်လာပြီး ကျွန်းငယ်သစ် တစ်ကျွန်း ပေါ်ထွက်လာပါတယ်။ (Credit: Audience submitted) 

http://www.myanmaronlinenews.net/2013/09/blog-post_24.html
ပါကစ္စတန်နိုင်ငံ အနောက်ပိုင်း ဒေသမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်တဲ့အတွက် အနည်းဆုံး လူ ၄၆ ယောက်သေဆုံးပြီး ငလျင်ကြောင့် ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ပင်လယ်ပြင်မှာ ကျွန်းသစ် တစ်ကျွန်း ပေါ်ထွက်လာခဲ့ပါတယ်။
အဲ့ဒါ့အပြင် လူပေါင်း ရာနဲ့ချီ ဒဏ်ရာရရှိပြီး ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသမှာ အိမ်ခြေပေါင်း ၃၀ % ပျက်စီးကုန်တယ်လို့ သိရပါတယ်။ ဒဒိထက်မက သေကြေ ပျက်စီးမှုတွေ များပြားနိုင်ကြောင်းလည်း ပြောပါတယ်။

ပါကစ္စတန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ဒဏ်ကို ငလျင်ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ နေရာနဲ့ ကီလိုမီတာ ရာနဲ့ချီဝေးကွာတဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အထိ ခံစားခဲ့တဲ့အပြင် ဒူဘိုင်းမြို့အထိ ခံစားခဲ့ရပါတယ်။

အမေရိကန် ဘူမိဗေဒပညာရှင်တွေရဲ့ တိုင်းထွာချက်အရ ပြင်းအား ၇.၈ အင်အားရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာဖြစ်ပြီး ငလျင်လှုပ်ခတ်ခဲ့တဲ့ Baluchistan ပြည်နယ်ဟာ ငလျင်တွေ မကြာခဏ လှုပ်ခတ်လေ့ရှိရာ ဒေသဖြစ်ပြီး အီရန်နိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်ရာ နေရာ ဖြစ်ပါတယ်။

ခုလောလော အဲဒီဒေသမှာ အရေးပေါ်အခြေအနေအဖြစ် တပ်လှန့်ထားပြီး သေဆုံး ပျက်စီးမှုတွေ များပြားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ငလျင်ကြီးရဲ့ အင်အား ပြင်းထန်လွန်းတဲ့အတွက် ပင်လယ်ကြမ်းပြင် မြင့်တက်လာပြီး ကျွန်းငယ် တစ်ကျွန်း ပေါ်ထွက်လာတယ်လို့ ဆိုပါတယ်။

ရုပ်မြင်သံကြားမှာ ပြသချက်အရ ပင်လယ်ပြင်မှာ မြင့်တက်နေတဲ့ ကျွန်းငယ်သစ် တစ်ကျွန်း အာရေးဘီးယား ပင်လယ်ပြင်မှာ ပေါ်ထွက်လာတာကို ပြသထားပါတယ်။

ဒုက္ခရောက်နေသူတွေကို ကူညီကယ်ဆယ်ဖို့ စစ်သား အယောက် ၂၀ အပြင် ကျန်းမာရေးအဖွဲ့တွေကိုလည်း စေလွှတ်ထားပြီ ဖြစ်ပါတယ်။

ABC Radio Australia

ငလျင်ကြီးရဲ့ အင်အား ပြင်းထန်လွန်းတဲ့အတွက် ပင်လယ်ကြမ်းပြင် မြင့်တက်လာပြီး ကျွန်းငယ်သစ် တစ်ကျွန်း ပေါ်ထွက်လာပါတယ်။ (Credit: Audience submitted)

http://www.myanmaronlinenews.net/2013/09/blog-post_24.html

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..