လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, September 2, 2013

အုတ်ကြားမြက်ပေါက်ရုပ်ရှင်က အမှတ်တရ အကြီးကြီးဖြစ်လာဖို့ ထွန်းထွန်းမျှော်လင့်ထား

Photo: အုတ်ကြားမြက်ပေါက်ရုပ်ရှင်က အမှတ်တရ အကြီးကြီးဖြစ်လာဖို့ ထွန်းထွန်းမျှော်လင့်ထား
Monday, September 2, 2013

မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပမယ့် ဆီးဂိမ်းပွဲတော်ကြီး လှုံ့ဆော်ရေး အတွက်ရည်ရွယ်ပြီး ထွန်းထွန်းက Road to Sea Game ဆိုတဲ့ ပရိုဂရမ်ကို ရန်ကုန်၊ နေပြည်ေ တာ်၊ မန္တလေး၊ ငွေ ဆောင်တို့ကို ကိုယ်တိုင်ခရီး ထွက်ပြီးတော့ တိုက်ရိုက်ပုံစံမျိုး ဆီးဂိမ်းနဲ့ပတ်သက်လို့ ရိုက်ကူးထား တာရှိတယ်လို့ ပြောပါတယ်။

“အဲဒီ ၄ နေရာကို ကိုယ်တိုင် ခရီးထွက် သွားရောက်ပြီးတော့ တိုက်ရိုက် သဘောမျိုး ရှင်းပြတဲ့ပုံစံမျိုးနဲ့ ရိုက်ထားတာပါ။ ကျွန်တော်တို့လည်း အမှားနည်းအောင် ကြိုးစား ပြီး လုပ် ထားပါတယ်” လို့ ထွန်းထွန်းက ဆီးဂိမ်းလှုံ့ဆော်ရေးနဲ့ ပတ်သက်ပြီး လှုပ်ရှား ဆောင်ရွက် ပေးဖြစ် တာတချို့ကို ပြောပြပါတယ်။ တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ် တဲ့ ‘စူပါစတား’ အမ်တီဗီကိုတော့ဘယ်တော့ ပရိသတ် တွေရှေ့ ရောက် လာနိုင်မလဲဆိုတာကို ကြိုမပြော တော့တာက ကြိုပြောရင် နှစ်ချီကြာ သွားတတ်တဲ့ အတွက်ကြို မပြောချင်တော့ပေမယ့်လည်း မကြာ တော့ ပါဘူးလို့ ထွန်းထွန်းက ပြောပါတယ်။

“အမ်တီဗီကို ကျွန်တော်ကိုယ် တိုင်လုပ်နေရင် တအားကြာနိုင်တဲ့အတွက် ကျွန်တော် ဒါရိုက်တာ တွေ၊ သရုပ်ဆောင်တွေ အကုန်လုံးကို ခင်မင်ရာ၊ ခင်မင်ကြောင်းတွေ အများကြီးရှိတဲ့အတွက် ကျွန်တော် သူတို့ကို အကူအညီတောင်းပါမယ်။ အကူအညီ တောင်းပြီးတော့ ကျွန်တော်က ရိုက်ကူးရေးဘက်က တာဝန် ယူပြီး တော့ သူတို့လုပ် ချင်တာလေး တွေကို ပံ့ပိုးလုပ်သွားဖို့ ရှိပါတယ်” လို့ ထွန်းထွန်းကပြောပါတယ်။

ထွန်းထွန်းက ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလလောက်မှာ ရုပ်ရှင် ဇာတ်ကားကြီးနဲ့ ဗီဒီယိုဇာတ်ကားတွေ ပြန်ရိုက်ကူး ဖြစ်လာတာ ကြောင့် နေတိုး၊ နေမင်း တို့နဲ့အတူ ရိုက်ခဲ့တဲ့ ‘အုတ် ကြားမြက် ပေါက်’ ရုပ်ရှင်ဇာတ်ကားကြီးက ထွန်းထွန်းအတွက် အမှတ်တရ အဖြစ် ရှိမလားဆိုတော့..

“ကျွန်တော် မရိုက်ဖြစ်ခဲ့တာ ၄ နှစ်ရှိနေပါပြီ။ အမှတ်တရအဖြစ် ရှိလာဖို့လည်း အများကြီးရှိပါတယ်။ ကျွန်တော် လုပ်ပိုင်ခွင့်ရတဲ့ အခန်း ကဏ္ဍကနေ ပံ့ပိုးပေးကြတဲ့ သရုပ် ဆောင်တွေရော၊ ဒါရိုက်တာတွေရော၊ထုတ်လုပ်ရေး ကအစ အကုန်လုံး ကို ကျွန်တော် အကောင်းဆုံးပြန်ပြီးတော့ သရုပ် ဆောင် ရင်းနဲ့ ကူညီသရုပ် ဆောင်ထားခဲ့ပါတယ်။ ဒါပေမဲ့ကား တစ် ကားလုံးကောင်း ဖို့အတွက်အား ထည့်ပြီး ပိုလုပ် ဖြစ်ပါတယ်။ အဲဒီ ကားကလည်း တစ်ချိန်ကျ ရင် ကျွန်တော့် အတွက် အမှတ်တရ ဖြစ် လာမယ့်ကား တစ် ကားလို့ မျှော် လင့်ပါတယ်။အခု ၂ဝ၁၃မှာ ရိုက်ထားတာဆိုတော့ ပရိသတ်တွေ ၂ဝ၁၅ လောက်မှ ကြည့်ရလိမ့်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ရုပ်ရှင်ကားတစ်ကား တန်းစီရတယ်ဆိုတာ ကြာတယ်ပြောတယ်။ ကျန်တာတော့ သေချာမသိဘူး” လို့ ထွန်းထွန်း က ပြောပါတယ်။

ထက်လူလူ
Popular Journal

http://www.myanmaronlinenews.net/2013/09/blog-post_183.html

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..