လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, September 26, 2013

မိတ္ထီလာကိစ္စတွင် လုပ်ကြံပြောဆိုခဲ့သော ကင်တားနား ရာထူးမှ ရပ်နား


ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့် အရေးဆိုင် ရာ အစီရင်ခံစာတင် သွင်းသူ ကင်တားနားအား ရာ ထူးသက်တမ်းကို ထပ်မံတိုးပေး တော့မည်မဟုတ်ဘဲ ရပ်ဆိုင်းတော့ မည်ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၂၄ရက်ကပြု လုပ်ခဲ့သော ကုလသမဂ္ဂလူ့အ ခွင့်အရေးဆိုင်ရာ အစည်းအဝေး တစ်ခုတွင် ယင်းသို့ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။ ''သူ့ကို ကုလသမဂ္ဂရဲ့ မြန် မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူအဖြစ် တာဝန်သက်တမ်း ကို ထပ်မံတိုး မပေးတော့တာလို့ သိရပါတယ်။ သူ့နေရာမှာ အသစ်တစ်ဦး ခန့်ထားရမှာဖြစ် ပါတယ်''ဟု နိုင်ငံ တော်သမ္မတ ရုံးမှ တာဝန်ရှိသူတစ်ဦးက အ တည်ပြုပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအင် အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင် ဆွေက
''အရင် စစ်အစိုးရလက် ထက်ကတည်းက သူလာခဲ့တယ်။ အကျဉ်းထောင်တွေ ထဲဝင်ကြည့် တယ်။ တွေ့တယ်၊ ဆုံတယ်၊ ပြန် သွားတယ် စတာတွေလုပ်ခဲ့တယ်။ ဒါပေမဲ့ သူလုပ်ကိုင်တာတွေနဲ့ ပတ်သက်လို့ စစ်အစိုးရက အရေးတယူလုပ်ခဲ့တာ မရှိဘူး။ ကင်တား နားကြောင့်လဲ ကျွန်တော်တို့ ထောင်ထဲက လွတ်ခဲ့တာမဟုတ်ပါဘူး။ အခုချိန်ကျတော့ လူ့အဖွဲ့ အစည်းဟာ ပွင့်လင်းလာပြီဆို တဲ့အချိန်မှာ ကင်တားနားအနေ နဲ့တော့ မြန်မာနိုင်ငံ နောက်ဆုံး ခရီးစဉ်မှာ ဘုန်းတော် ကြီးတွေကို မရိုမသေလုပ်တယ်၊ ဘက်လိုက် မှုတွေရှိတယ်ဆိုပြီးတော့ သူ့ကို ပြောဆိုကြတာတွေရှိတော့ ကုလ သမဂ္ဂအနေနဲ့ စဉ်းစားမယ်ထင်တယ်။ နောက် သူ့ရဲ့သက်တမ်းကုန်တာလဲ ဖြစ်နိုင်ပါတယ်'' ဟု ပြောသည်။ ကင်တားနားသည် မြန်မာ နိုင်ငံ၏နောက်ဆုံးဆယ်ရက်ကြာ ခရီးစဉ်အတွင်း ဩဂုတ်လအ တွင်းက မိတ္ထီလာမြို့သို့ရောက်ရှိ စဉ် ဒေသခံများက သူ၏လမ်း ကြောင်းအား ပိတ်ဆို့ကာ ယင်း လိုက်ပါစီးနင်းလာသောကားအား ဝိုင်းဝန်းထုနှက်ခဲ့ကြကြောင်း ဩဂုတ်၂၁ရက်တွင် ရန်ကုန်လေဆိပ် ၌ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင်ပြောကြားခဲ့ပြီး ယင်းပြောကြားချက်အား ပြန်ကြားရေးဝန် ကြီးဌာနဒုတိယဝန်ကြီးဦးရဲထွဋ် က ယင်း၏ပြောကြားချက်သည် မှန်ကန်မှုမရှိကြောင်းနှင့် ပြည် သူများက ယင်းအား အေးချမ်း စွာဆန္ဒပြရန်ရောက်ရှိနေခြင်း သာဖြစ်ကြောင်း၊ ယင်းလိုက်ပါစီး နင်းလာသော ကားအား ပြည်သူ များက ဝိုင်းဝန်းကန်ကျောက်သည် ဆိုသည်မှာမဟုတ်မှန်ကြောင်း ပြန် လည်ရှင်းလင်း ခဲ့သည်။ မိတ္ထီလာကိစ္စရပ်များကို လုပ်ကြံပြောဆိုခဲ့သော ကင်တားနားမှာ ရာထူးမှ ရပ်နားသွားခဲ့သလို ကင်တားနားဘက်မှ ဘက်လိုက်ပြောဆိုခဲ့သော မိတ္ထီလာလွှတ်တော်အမတ်ဦးဝင်းထိန်မှာလည်း မိတ္ထီလာပြည်သူများမှ လွှတ်တော်အမတ်အဖြစ်မှရုတ်သိမ်းရေးအတွက် တိုင်ကြားခဲ့ကြောင်းသိရသည်။

YMG

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..