လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, September 17, 2013

ကျိုင်းတုံတွင် ဆိုင်ကယ်စီးဦးထုပ် တစ်ရာကျော် အခမဲ့ဝေ

Photo: ကျိုင်းတုံတွင် ဆိုင်ကယ်စီးဦးထုပ် တစ်ရာကျော် အခမဲ့ဝေ
Tuesday, September 17, 2013

ယာဉ်မတော်တဆမှု များကြောင့် အသက်အန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူ များပြားလာသော ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက စက်တင်ဘာလ ၁၅ ရက်မှ စတင်၍ မြို့ဝင်ထွက်ပေါက်များတွင် ဖြတ်သန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်စီး ဦးထုပ် ဆောင်းမလာသူများကို စစ်ဆေးကာ ဦးထုပ်ပေါင်း ၁၀၀ ကျော်ကို အခမဲ့ဖြန့်ဝေ ပေးနေကြောင်း အဆိုပါ ကော်မတီမှ ဒုတိယရဲမှူး အောင်လွင်က ပြောကြားသည်။

မော်တော်ဆိုင်ကယ် စီးနင်းသူများမှာ အဆိုပါ ဆိုင်ကယ်စီး ဦးထုပ်များ မဆောင်းထားကြသဖြင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားရာတွင် အသက်အန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူ များပြားလာသည့်အတွက် ကော်မတီပိုင် ရန်ပုံငွေဖြင့် ဝယ်ယူသည့် ဦးထုပ် ၅၅ လုံးအပြင် အလှူရှင်နှစ်ဦး လှူဒါန်းသည့် အလုံး ၅၀ ကို အခမဲ့ ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ပြည်သူတွေ အသိထဲမှာ ဆိုင်ကယ်စီးရင် ဦးထုပ် ဆောင်းရမယ်ဆိုတဲ့အသိ ဝင်သွားဖို့ပါပဲ။ ဆိုင်ကယ်စီး ဦးထုပ် မဆောင်းကြလို့ မသေသင့်ဘဲ သေရတဲ့သူတွေ အများကြီး တွေ့နေရတယ်” ဟု ၎င်းကဆိုသည်။

မြို့အဝင်တွင် ယာဉ်ထိန်းရဲများက တားသည့်အတွက် ဖမ်းဆီးခံရပြီဟု ထင်မှတ်လိုက်သော်လည်း ၎င်းရဲများက ဆိုင်ကယ်ဦးထုပ် မဆောင်းပါက အသက်အန္တရာယ် ရှိနိုင်သည်များကို ရှင်းပြကာ ဆိုင်ကယ်ဦးထုပ်များ အခမဲ့ ပေးဝေခဲ့ကြောင်း ကတ်ဖကျေးရွာမှ ၁၉ နှစ်အရွယ် လူငယ်တစ်ဦးက ပြောကြားသည်။

အဆိုပါ ဆိုင်ကယ်စီးဦးထုပ် တစ်လုံးလျှင် ဒေသပေါက်ဈေး ငါးထောင်ကျပ် ရှိကြောင်း ဆိုင်ကယ် အပိုပစ္စည်း အရောင်းဆိုင်များထံမှ သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အမှတ် (၆၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု နယ်မြေအတွင်း ၂၀၁၁ ခုနှစ်၌ ယာဉ်မတော်တဆမှုပေါင်း ၁၅၁ မှုတွင် ၂၄၈ ဦး ဒဏ်ရာရကာ ၇၄ ဦး သေဆုံးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ယာဉ်မတော်တဆမှု ၁၇၇မှု ဖြစ်ပွား၍ ၂၃၇ ဦး ဒဏ်ရာရရှိပြီး ၇၁ ဦး သေဆုံးခဲ့ကာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ယာဉ်မတော်တဆမှု ၁၁၄ မှုတွင် ၂၀၉ ဦးဒဏ်ရာ ရရှိကာ ၄၆ ဦး သေဆုံးကြောင်း ယင်းယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံး၏ စာရင်းအရ သိရသည်။

The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..