လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, September 21, 2013

လာရှိုးမှာ တရုတ်တွေ သောင်းကျန်းနေပြီ.

Photo: လာရှိုးမှာ တရုတ်တွေ သောင်းကျန်းနေပြီ.

ရှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် ယနေ့မနက်ပိုင်း2:30ခန့်က မဟာဗောဓါရုံကျောင်းတိုက်မှဦးသုဇာတနှင့်ဦးအောင်ဖြိုးတို့ဆိုင်ကယ်စီး
ပြီး မန်ဆူနှီးဘုရားပွဲမှ ကျောင်းတိုက်တို့ပြန်လာရာ တရုပ်လူငယ်ခြောက်ယောက်မှ နောက်မှဆိုင်ကယ်နှစ်စီးနင့်လိုက်လာပြီးဓါးများ
ဖြင့် ဝိုင်းခုတ်ရာဦးသုဇာတမှာ ခေါင်းတွင်ဓါးခုတ်ခံရသဖြင့် (၁၃)ချက်ချုပ်ရပြီးဦးအောင်ဖြိုးမှာ ဦးခေါင်းတလျှာက်ဓါးဒါဏ်ရာများကြောင့် ခွဲစိတ်ခန်းဝင်နေရပါသည်။ နှစ်ဦးလုံးမှာအသက်အန္တရယ်စိုးရိမ်စရာ မရှိကြောင်းသတင်းရရှိပါသည်။ 
အခြားဆက်စပ်သတင်းတစ်ခုမှာလည်း ယနေ့ နံနက်(၂း၀၀)ရီ အချိန်ခန့်က လူငယ်နှစ်ဦး ဗိုက်ဆာ၍ မုန့်ထွက်စားရာ တရုတ်လူငယ်နှစ်ဦးမှ ဓါးဖြင့်ဝိုင်းခုတ်သဖြင့် တစ်ဦးမှာထွက်ပြေးလွတ်မြောက်၍ ကျန်တစ်ဦးမှာ ဒါဏ်ရာများဖြင့် အမှတ်(၁) ရဲစခန်းအတွင်း ထွက်ပြေးဝင်ရောက်လာသဖြင့် တာဝန်ကျ ရဲဝန်ထမ်းများမှ ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း ရဲနှင့်နီးစပ်သော သတင်းရပ်ကွက်မှ သိရှိရပါသည်။

Min Nyoont

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..