လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, September 21, 2013

ဧရာဝတီမြစ် ရေကြီးမှုကြောင့် ဟင်္သာတမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေး စခန်းခြောက်ခုတွင် အိမ်ထောင်စု ၁၅၆ ခုမှ လူဦးရေ ၅၅၀ ခန့် ခိုလှုံနေရ

Photo: ဧရာဝတီမြစ် ရေကြီးမှုကြောင့် ဟင်္သာတမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေး စခန်းခြောက်ခုတွင် အိမ်ထောင်စု ၁၅၆ ခုမှ လူဦးရေ ၅၅၀ ခန့် ခိုလှုံနေရ
Saturday, September 21, 2013 

ဧရာဝတီမြစ် ရေကြီးမှုကြောင့် ဟင်္သာတမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း ခြောက်ခုတွင် အိမ်ထောင်စု ၁၅၆ ခုမှ လူဦးရေ ၅၅၀ ခန့် ခိုလှုံနေရကြောင်း သတင်းရရှိသည်။

ရေကာတာ အပြင်ဘက် မြစ်ရေလွှမ်း ဒေသများဖြစ်သည့် စစ်ကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကမ်းသာယာရွာ၊ ရေလယ်သောင်ရွာ၊ ရေဘိုစုရွာ၊ အောင်ချမ်းသာရွာနှင့် စစ်ကုန်းလေး ကျေးရွာတို့တွင် မြစ်ရေကြီးမှုဒဏ် ခံစားနေရသဖြင့် ကယ်ဆယ်ရေးစခန်း လေးခုတွင် ခိုလှုံနေရကြောင်း သိရသည်။

စစ်ကုန်းကျေးရွာ အုပ်စုတွင် မြစ်ရေကြီးမှုကြောင့် ရေလယ်သောင် ကျောင်းပိတ်ထားရပြီး ကံကြီးဒါယကာကျောင်း၊ မဟာရံတန်ဆောင်း စစ်ကုန်းလေး၊ ရေလယ်သောင် ဘုန်းကြီးကျောင်းနှင့် ရေလယ်သောင်တွဲ အ.မ.က ကျောင်းတို့တွင် ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရှိကာ ခိုလှုံသူ အိမ်ထောင်စု ၉၄ ခုမှ လူဦးရေ ၃၃၂ ဦး ရှိနေကြောင်း သိရသည်။

"ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေကို မြို့နယ်အဖွဲ့အစည်းတွေပါ ကူညီဆောင်ရွက် ပေးနေပါတယ်။ မြစ်ရေက မကျသေးဘဲ ဆက်ပြီးတက်နေတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကို ရွာဆေးခန်းက ဆောင်ရွက်ပေးနေပါတယ်။ မြို့နယ်တာဝန် ရှိသူတွေက ရေဘေးဒုက္ခသည် တွေအတွက် ထောက်ပံ့ပေးထားတာ ရှိထားပေမယ့် ရေရှည်အတွက် ထောက်ပံ့မှုတွေ လိုအပ်လာနိုင်ပါတယ်။ လက်ရှိမှာတော့ အ၀တ်အစား အခက်အခဲ ရှိနေပါတယ်" ဟု စစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

တောင်လုံးစု ကျေးရွာအုပ်စုတွင်လည်း အောက်ရွာလေးကျေးရွာနှင့် ဖောင်ချောင်းကျေးရွာတို့တွင် ရေကြီးမှုဒဏ် ခံနေရသဖြင့် ၀ိဇ္ဇာလင်္ကာရကျောင်းနှင့် ဓမ္မ၀ါဒီတန်ဆောင်းတို့တွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိကာ ခိုလှုံသူ အိမ်ထောင်စု ၆၂ စုမှ လူဦးရေ ၂၁၆ ဦးရှိကြောင်း စက်တင်ဘာ ၂၀ ရက် နံနက် ၉ နာရီထိ ရရှိသော စာရင်းများအရ သိရသည်။

Eleven Media Group

ဟင်္သာတမြို့နယ် စစ်ကုန်းကျေးရွာ ကံကြီးဒါယကာ တန်ဆောင်းအတွင်း ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေး စခန်းတစ်ခု

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..