လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, September 23, 2013

ဆေးဖက်ဝင် ကြက်ဆူ အိမ်တိုင်း လူတိုင်း စိုက်ပျိုးထားသင့်

Photo: ဆေးဖက်ဝင် ကြက်ဆူ အိမ်တိုင်း လူတိုင်း စိုက်ပျိုးထားသင့်

ကြက်ဆူပင်သည် မြန်မာနိုင်ငံ တစ်ဝန်းလုံး တိုင်းဒေသကြီး နှင့် ပြည်နယ် များအတွင်း အလိုအလျှောက် အလေ့ကျ ပေါက်ရောက်ပြီး နေရာဒေသ အသီးသီးတွင် အကြမ်းခံ ရှင်သန်သော ဆေးဖက်ဝင် တန်ဖိုးရှိလှသည်။

ကြက်ဆူပင်ကို အယဉ် နှင့် အရိုင်း ဟူ၍ အပင်မျိုး ၂ မျိုးသာ ရှိပြီး အယဉ်မှာ အစိမ်းရောင် ပင်စည် ၊ အရွက် ၊ အသီး ဖြစ်ပြီး ၊ အရိုင်းမှာ ပင်စည် ၊ အရွက် ၊ အသီးတို့ အနီရင့် ရောများရှိသည်။ ကြက်ဆူပင်တွင် အသီးနုစ အချိန် ခူးဆွတ်၍ သင့်တင့်ရုံ စားသုံး ပေးရုံဖြင့် ၀မ်းခိုင်သူ ၊ ၀မ်းချုပ်သူ များ ၀မ်းမီးကို မှန်စေကာ ၊ သွေးစုနာ ဖြစ်ပေါ်ပါက အရွက်နုကို မီးအုံ၍ ပွတ်ခြေလျက် အုံပေးခြင်းဖြင့် အနာနုပါက ပျောက်ကင်း သွားမည် ဖြစ်ပြီး အနာရင့်ပါက ပြည်စုပေါက်ကာ အမြစ်ပါ မကျန် ကျွတ်ထွက် ပျောက်ကင်း နိုင်သည်။

တစ်နည်းသုံးရန်မှာ ညောင်းညာ ကိုက်ခဲခြင်း များအတွက် အရွက်ကို မီးအုံ ပွတ်ချေကာ ကပ်ထားခြင်းဖြင့် သက်သာ ပျောက်ကင်း နိုင်ပြီး အခြား ရောဂါများ အတွက် ဉာဏ်မီသလို အသုံးပြု နိုင်ကာ မည်သည့် ကြက်ဆူပင် မျိုးမဆို အိမ်တိုင်း လူတိုင်း စိုက်ပျိုး ထားသင့်ကြောင်း တင်ပြ လိုက်ရပါသည်။

ကိုမေတ္တာ (မန်း)
ကြက်ဆူပင်သည် မြန်မာနိုင်ငံ တစ်ဝန်းလုံး တိုင်းဒေသကြီး နှင့် ပြည်နယ် များအတွင်း အလိုအလျှောက် အလေ့ကျ ပေါက်ရောက်ပြီး နေရာဒေသ အသီးသီးတွင် အကြမ်းခံ ရှင်သန်သော ဆေးဖက်ဝင် တန်ဖိုးရှိလှသည်။ကြက်ဆူပင်ကို အယဉ် နှင့် အရိုင်း ဟူ၍ အပင်မျိုး ၂ မျိုးသာ ရှိပြီး အယဉ်မှာ အစိမ်းရောင် ပင်စည် ၊ အရွက် ၊ အသီး ဖြစ်ပြီး ၊ အရိုင်းမှာ ပင်စည် ၊ အရွက် ၊ အသီးတို့ အနီရင့် ရောများရှိသည်။ ကြက်ဆူပင်တွင် အသီးနုစ အချိန် ခူးဆွတ်၍ သင့်တင့်ရုံ စားသုံး ပေးရုံဖြင့် ၀မ်းခိုင်သူ ၊ ၀မ်းချုပ်သူ များ ၀မ်းမီးကို မှန်စေကာ ၊ သွေးစုနာ ဖြစ်ပေါ်ပါက အရွက်နုကို မီးအုံ၍ ပွတ်ခြေလျက် အုံပေးခြင်းဖြင့် အနာနုပါက ပျောက်ကင်း သွားမည် ဖြစ်ပြီး အနာရင့်ပါက ပြည်စုပေါက်ကာ အမြစ်ပါ မကျန် ကျွတ်ထွက် ပျောက်ကင်း နိုင်သည်။

တစ်နည်းသုံးရန်မှာ ညောင်းညာ ကိုက်ခဲခြင်း များအတွက် အရွက်ကို မီးအုံ ပွတ်ချေကာ ကပ်ထားခြင်းဖြင့် သက်သာ ပျောက်ကင်း နိုင်ပြီး အခြား ရောဂါများ အတွက် ဉာဏ်မီသလို အသုံးပြု နိုင်ကာ မည်သည့် ကြက်ဆူပင် မျိုးမဆို အိမ်တိုင်း လူတိုင်း စိုက်ပျိုး ထားသင့်ကြောင်း တင်ပြ လိုက်ရပါသည်။

ကိုမေတ္တာ (မန်း)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..